ရှောင်းကျန့် ပစ္စည်းတွေ သယ်ဖို့ ဟိုကောင်တွေကို တာဝန် ပေးထားပြီး သူကတော့ ရန်လေး နဲ့ လန်ဟွားကို ခေါ်ပြီး အဖွားရဲ့ အိမ်ထဲ ဝင်လာလိုက်တယ်။
'ဟျောင့် ဝမ်ရိပေါ် မင်း တစ်ယောက်ပဲ သယ် လိုက်တော့ .... မင်းပဲ ငါတို့ကို ခေါ်လာတာလေ။'
' ဒါဆို မသယ်ချင် ပြန် .... မပြန်ချင် သယ် ။ ဒါပဲ ... မတားဘူး။'
ရိပေါ် သူ့ကို လာ ဘုတော နေတဲ့ ဟိုကောင်တွေ ကို စကားပြတ် ပြောလိုက်တယ်။ သူလည်း ဒါတွေ လုပ်ရမယ်မှန်း သိရင် လိုက်မလာဘူး။ သူက ပေါင်ပေါင်း နဲ့ ဆက်ဆံရေး တိုးတက်ရာ တိုးတက်ကြောင်း ရမလားဆိုပြီး လိုက်ခဲ့တာ။
ရိပေါ် သူတို့ကို ပစ္စည်းတွေနဲ့ ထားသွားရက်တဲ့ ပေါင်ပေါင်း ကို အခွင့်ရေး ရှိရင် မေးလေး ကိုင်ပြီး မေးကြည့်ချင်ပါသေးတယ်။ ပေါင်ပေါင်းရဲ့ နှလုံးသားက ဘယ်ချိိန်ထိ မာကြောနေအုံးမှာလဲ လို့။
ကျိုးချန် တို့ ၃ ယောက်လည်း ပိုက်ဆံပေးပြီး သယ်ခိုင်းဖို့ လူ ရှာနေပေမယ့် လယ်တောထဲမှာ တစ်ထီး တနန်းတည်း အိမ်လာဆောက်နေတဲ့ ဒီအိမ်ကို ဘယ်သူမှတောင် အလည်လာမယ် မထင်။
ရိပေါ် ခုထိ ဘာပစ္စည်းမှ မကိုင်သေးတဲ့ ဟို၃ကောင်ကြောင့် .....
' ဟျောင့်တွေ မြန်မြန်သယ် မြန်မြန် ပြီးတယ်။ ရပ်နေလည်း မပြီးသွားဘူး။'
ရိပေါ် သူ အရင် ပစ္စည်းတစ်ခုကို သယ် သွားလိုက်တယ်။
ကျိုးချန် တို့လည်း ဟို ဝမ်ကောင်က အိမ်ကြီးရှင်လို လုပ်ပြနေတာကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်လောက်မယ့် ပစ္စည်း ရှာပြီးသယ်သွားလိုက်ကြတယ်။
လေးတဲ့ဟာတွေ ဟို အိမ်ကြီးရှင် သယ်ပါစေ။
~~~~~~~~~~~ရှောင်းကျန့် တို့ အိမ်ထဲ ဝင်သွားတော့ သဲကြီး နဲ့ သဲလေး က အဖွားနဲ့တောင် စကားကောင်းနေပြီကို တွေ့လိုက်တယ်။
' ဟော ..... သားလေးတို့ လာ ကြ ....'
ရှောင်းကျန့် အဖွားခေါ်တော့ ဝင်ထိုင်လိုက်ပြီး ရန်လေးနဲ့ လန်ဟွားကိုပါ ထိုင်ခုံယူပြီး ထိုင်ခိုင်းလိုက်တယ်။
YOU ARE READING
Beautiful Soul ( Completed )
Fantasyလူမြင်တဲ့ အပြင်ပန်း ပုံဏ္ဌာန်ကိုပဲ ဂရုစိုက်ကြတယ်။ ခန္တာကိုယ်အတွက် အဓိက ဖြစ်တဲ့ ဝိဥာဉ် ကရော ..... Credit for cover photo !!!! လူမြင်တဲ့ အပြင်ပန်း ပုံဏ္ဌာန်ကိုပဲ ဂရုစိုက်ကြတယ်။ ခန္တာကိုယ်အတွက် အဓိက ဖြစ်တဲ့ ဝိဥာဉ် ကရော ..... No. 8