Ch-4

741 110 18
                                    

Unicode

ယွမ်ရွေ့အား အတန်းပို့ရန်အတွက် ကျောက်ကျန့်ရိ မနက်စော‌စောပင် ရောက်လာခဲ့သည်။သူ အိမ်ထဲတွင် မနက်စာ စားနေသော_ _ကျန့်ချိုးယန်ကို‌ တွေ့လိုက်သောအခါ_ _ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စူးစမ်းလိုက်ပြီးနောက် တစ်ပြိုင်တည်းပင် အကြည့်လွှဲလိုက်ကြသည်။

ထိုသူတွင် လုံလောက်အောင် စိတ်ချနိုင်လောက်သော အသွင်အပြင်ရှိတယ်ဟု ကျန့်ချိုးယန် တွေးလိုက်သည်။

ယွမ်ရွေ့‌အပေါ်တွင် ရှိသော သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေက အလွန် ဆတ်ဆတ်ထိမခံ ဖြစ်နေသည်ဟု နည်းနည်းလေးမှ မထင်ပေ။ချောမောသော အမျိုးသား တစ်ယောက်ကို မြင်တွေ့လိုက်ရတာနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့သော အကျင့်ဆိုး ယွမ်ရွေ့တွင် ရှိသည်။သူသည် အသက်အရွယ် ငယ်ရွယ်သော်လည်း အရင်က သဘောကျဖူးသော လူများစွာ ရှိခဲ့သည်။သူ့တွင် ရှိသော သင့်တော်တဲ့ ချစ်ရေးချစ်ရာ ပါတနာမှာ ကျန့်ချိုးယန် တစ်ဦးတည်းဆိုပေမယ့်ပေါ့။နှစ်ဦးမှာ ယခုအချိန်တွင် တစ်ဦးကို တစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်‌ကျွမ်းဝင်နေကြခဲ့ပြီ။သို့ပေမဲ့ ခပ်ဟော့ဟော့ အမျိုးသားများကို အချိန်မရွေး သဘောကျသွားတတ်သည့် ယွမ်ရွေ့၏ စရိုက်ကြောင့် သူ အလွယ်တကူ စိတ်မချနိုင်ပါပေ။

ဒါ့အပြင် ထိုသူ၏ အနည်းငယ် ထုံထိုင်းမှုကြောင့် လူကောင်းနှင့် လူဆိုးကိုလည်း သေချာ ခွဲခြားနိုင်ခြင်း မရှိခဲ့။ တစ်ယောက်ယောက်က သူ့အား အနည်းငယ်မျှ ဂရုစိုက်ပေးလျှင်တောင် မိနစ်ပိုင်းအတွင်းမှာပဲ လှည့်စားလို့ ရသွားပြီပင်။

ယွမ်ရွေ့ကတော့ ကျန့်ချိုးယန်၏ အတွေးများကို ‌သေချာ သတိမပြုမိပေ။အရင်တစ်ယောက်တုန်းကလို ပထမတွေ့ချိန်တွင် ‌စူးစိုက်ကြည့်မနေသောကြောင့်၊ ယခု လက်ထောက်အသစ်ကို သူအတော်လေး ကျေနပ်တယ် ဆိုတာပြောနိုင်သည်။

သူစိတ်သက်သာစွာ အသက်ရှူထုတ်လိုက်သည်။ဒီအတိုင်းဆို သူအရှက်ရစရာ မလိုတော့ဘဲ၊ သူ့ကို လီလင်လင်ဆီကို ပြန်ပို့စရာ မလိုတော့ဘူး။ဒီတစ်ခါ ပြန်ပို့ဦးမယ်ဆို သူ ကျိန်းသေပါက်ကို အဆူပူခံရတော့မှာ။

Yuan xiansheng zong shi bu kaixin (Myanmar Translation)Where stories live. Discover now