အပိုင်း -၁(Zawgyi)

15.5K 322 0
                                    


1945 ပုသိမ်မြို့
ကျယ်ဝန်းသော ခြံကြီးအတွင်း မောင်းဝင်လာသည့်
Cadillac အဖြူလေးတစ်စီး...

ထိုကားလေးကား သံကြိုးဆူးလိမ်ကာထားသည့် ခြံဝန်းအတွင်းမှ မြေနီအဝင်လမ်းလေးအတိုင်းမောင်းဝင်လာကာ အိမ်အရှေ့တွင်ထိုးရပ်လိုက်သည်။

အနှီခြံဝန်းထဲတွင် ရေနံဝနေသည့် မဲပိန်းနေသော နှစ်ထပ်သွပ်မိုးအိမ်ကြီးက ဟည်းထည်နေအောင် တည်ရှိနေ၏။

ထို့နောက် Cadillac ကားပေါ်မှ သွက်လက်စွာဆင်းလာသည့် လုလင်ပျိုတစ်ဦး

အဆိုပါသူငယ်ကား အသားအနည်းငယ်ညိုစိမ့်ကာ
ထင်းသောမေးရိုး၊ ထူထဲသောမျက်ခုံး၊ စူးရှသောမျက်ဝန်း၊ ပေါ်သောနှာတံ၊ တိကျသောနှုတ်ခမ်းထူတို့ဖြင့် ဖွဲ့စည်းထားသောအသွင်ရှိ၏။

အပ်ချုပ်သမဖြင့်အပ်နှံကာ ချုပ်ထားသော ကော်လံပါအဖြူစွတ်စွတ်ရှပ်လက်ရှည်ကို ကြယ်သီးအပြည့်တပ်ကာ အနက်ရောင်တောင်ရှည်ပုဆိုးတွင် အဖြူကွက်ပါသည့် လုံချည်ဖြင့်ဝတ်ဆင်ထားသော အနှီလူငယ်

ထိုသူကား ယခုနေ့မှ အသစ်ရောက်လာသည့် စက်ရှင်မင်းကြီး ကိုလင်းမောင်

ကိုလင်းမောင်ဟု သုံးရသည်မှာ အကြောင်းရှိ၏။
ဘိလပ်မှ ဘွဲ့ထူးဂုဏ်ထူးများရလာပြီး မင်းကြီးအခေါ်ခံရသည့် အနှီလူငယ်ကား အသက် 30မျှသာ ရှိသေးသည်။

ငယ်ရွယ်သည့်ထိုစက်ရှင်မင်းကြီးကား အခြားဝန်ထောက်မင်း၊ အရေးပိုင်မင်းတို့ကဲ့သို့ ဝံ့ကြွားခြင်းကို အလွန်မုန်းသူဖြစ်ပြီး ပကာသနကို သဘောမကျသူလည်းဟုတ်၏။

အဆိုပါ ကိုလင်းမောင်သည် အခြားအထက်တန်းလွှာများကဲ့သို့ လောင်းကုတ်နှင့် ဘောင်းဘီခေါ် ခေတ်ပေါ်အဝတ်တို့ကို မနှစ်ခြိုက်...

အထက်တန်းလွှာတို့ စီးလေ့ရှိသည့် Bootsခေါ် ဖိနပ်ရှည်မျိုးကိုလည်း သူမစီး...

ပုဆိုးနှင့် ဖျင်အင်္ကျီသာဝတ်ကာ ရွှေကြိုးတပ် ကိုင်းအနက်ပါသည့်မျက်မှန်ကိုတပ်ဆင်ပြီး ခြေညှပ်သားရေဖိနပ်ကိုသာ အစဉ်သဖြင့် သူ စီး၏။

ကိုလင်းမောင်ဆိုသည်ကား အထက်ဖော်ပြပါအတိုင်း ပညာတတ်လူရွယ်ဖြစ်သည့်တိုင် ခေတ်မီသည့် အခြားအထက်တန်းလွှာတို့နှင့် လားလားမှမတူညီသည့် ရိုးရိုးကြီးသာနေတတ်သူပေတည်း...

အမောင် / အမောင်​ ( Completed )Where stories live. Discover now