🔥အမုန်း အငြိုး၏ နိဂုံး
or
မောင့်အမျက်တော် 🔥အခန်း (၅)
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
" သမီး ဒါတော့ မဟုတ်သေးဘူးထင်တယ်။တစ်သက်မှာ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲမှာ ဝတ်မယ့် သတို့သမီးဝတ်စုံက အနက်ရောင်တဲ့။
ကိုယ်ဝတ်မယ့် အင်္ကျီအရောင်နဲ့ မင်္ဂလာပွဲနဲ့က
လိုက်ဖက်ရဲ့လားဆိုတာ သမီး စဥ်းစားရော ကြည့်မိရဲ့လား။ဟိုကောင်လေးကရော သမီးအနက်ဝတ်တာကို ဘာမှမပြောဘူးလား။ဒါမှ မဟုတ် သူကိုယ်တိုင်က သမီးကို ဝတ်ခိုင်းတာလား... "မိတ်ကပ်နဲ့ အဝတ်စား ပြင်ဆင်ပြီးသွားတဲ့ နွေ့ပုံစံကို ကြည့်ပြီး မာမီ့မှာ စိတ်ပျက်ခြင်း၊အလိုမကျခြင်းတို့နှင့် နွေ့တစ်ကိုယ်လုံးကို ခေါင်းကနေ၊ခြေ
အထိ မျက်မှောင်ကြုတ်ဖြင့်... ခြုံငုံကြည့်ပြီး မာမီ ကအနည်းငယ် တင်းမာနေတဲ့ လေသံနဲ့မေးသည် ။နွေလည်း ကိုယ်တိုင်က ဘာမှရွေးချယ်ခွင့်မရှိတဲ့
မင်္ဂလာပွဲကို မြန်မြန်ပြီးသွားဖို့သာ စိတ်ကရှိနေ သည်။မဟုတ်ရင် တစ်ခုမဟုတ် တစ်ခုနဲ့ မာမီ့ကို
စိတ်သောက ပေးနေမိမှာ။အခုလည်း နွေ အနက်ရောင်ဝတ်ထားတာကို ကြည့်ပြီး တော်တော်လေးသောက ဖြစ်နေရပြီလေ။ခဏနေ မင်္ဂလာခန်းမထဲ သွားရတော့မှာမို့...
နွေ မာမီ့ လက်ဖဝါးလေး တစ်ဖက်ကိုဆုပ်ကိုင်ပြီး
..." ဒီဝတ်စုံ က နွေ ရွေးချယ်တာပါ။သူက အရာအားလုံးကို နွေ့သဘောဖြစ်စေတဲ့ သူပါ မာမီ "
" သူက သမီးသဘောအတိုင်း ဖြစ်စေတယ်ဆိုတိုင်း၊ဘာလို့ ဝတ်စုံကို အနက်ရောင်ကြီး ရွေးရတာလဲ။မာမီတော့ သမီးပြောတာက်ို မယုံနိုင်ဘူး ဖြစ်နေတယ် "
နွေ့မျက်နှာမှာ သူများမမြင်အောင် ဖုံးကွယ်ထားတဲ့.. ရင်ထဲက မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ခံစားချက်တွေများ ထင်ပေါ်နေသလား မသိ။ သံသယ မျက်လုံးတွေနဲ့ နွေ့ကိုကြည့်ပြီး မာမီ က ပြောလာသည်။
နွေ့ခံစားချက်တွေကို မာမီ့ကို မသိမမြင်စေချင်တာကြောင့်... အပြုံးတစ်ပွင့်ကို ဟန်ဆောင်ပြုံးကာ...