Unicode
မနက် ၇နာရီခွဲ
၈နာရီကျောင်းတက်မှာမို့
အခုအိမ်ကထွက်ရတော့မည်။ပထမဆုံးနေ့မို့ မေမေရော ဖေဖေရောလိုက်ပို့ကြသည်။ အရမ်းမဆော့ဖို့၊ သူငယ်ချင်းရှာဖို့
ကြားနေရတာ အခေါက်ခေါက်အခါခါ။"သိပါပြီ မေမေရာ မကောင်းတဲ့သူတွေဆိုရှောင်ဖို့ အနိုင်ကျင့်ခံရရင် တိုင်ဖို့ ဒါတွေပဲမလား မေမေမနေ့တည်းက တောက်လျှောက်ပြောနေတာ သိပါတယ်"
"အမေကိုလူကြီးပြန်မလုပ်ပါနဲ့ နင်ကအဆော့သန်လို့ သူများဒုက္ခပေးသလိုဖြစ်မှာစိုးလို့
အခုပဲ အသက်က ၁၅ နှစ်ကျော်နေပြီ
အထက်တန်းတောင်တက်ရတော့မယ် ကလေးလို ဆော့လို့ကောင်းတုန်းလေ""ဟုတ်ပါပြီ မပြောတော့ပါဘူး ကျောင်းထဲဝင်တော့မယ် တာ့တာ"
"အေး သွားတော့ သွားတော့ ညနေမေမေတို့
ထပ်လာကြိုမယ်နော်""ဟုတ်"
လက်ပြကာ ကျောင်းထဲသာဝင်လာခဲ့သည်။
အိမ်နဲ့သိပ်မဝေးတာမို့ နောက်နေ့ဆို ကိုယ့်ဟာကိုယ်လာရတော့မည်။ အသက်လည်းကြီးလာပြီ။
ကိုယ့်အားကိုယ်ကိုးတော့တဲ့။ အရမ်းကြီးကြီးတာလည်း မဟုတ်ပဲနဲ့ အခုမှ ဆယ်ကျော်သက်ရဲ့ တစ်ပိုင်းကျိုးကိုဗျာ။အတွေးပေါင်းစုံနဲ့ ဟိုကြည့်ဒီကြည့်လျှောက်လာမိရင်း
ဘုတ်~
"အာ့"
သူများကိုသွားဆောင့်မိတာမို့ ရုတ်တရက်နာသွားသော်လည်း အပြစ်သွားတင်လို့မရ။
တစ်ဖက်က လာမေးသံကြားလိုက်သည်။
"ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား"
"အာ ရပါတယ် ကျွန်တော်ဝင်တိုက်မိတာပဲ
ဘာမှမဖြစ်ပါဘူး အမ်...မင်းရောဘာဖြစ်သွားသေးလဲ""ကျွန်တော်လည်းရပါတယ် နောက်ဆိုရင်တော့ဂရုစိုက်သွားပါ"
"ဟုတ်ကဲ့ ကျေးဇူးပါ"
ပုံစံကြည့်ရတာ အသက်ကရွယ်တူလောက်ပဲနေမည်။ ဘယ်နှတန်းလဲတော့မသိ။
ကိုယ်ကမှားတာမို့ ဒီတိုင်းတောင်းပန်ပြီး
အတွေးဖြတ်ကာ ဆရာမနားနေခန်းသို့သာ
သွားလိုက်သည်။
YOU ARE READING
Away U (Completed)