တိုက်ခန်းရဲ့ ဓာတ်လှေကားထဲဝင်လာတဲ့သူ့ပုံက အနည်းငယ်တော့ဖရိုဖရဲနိုင်နေသည်။
ပရိသတ်တွေနဲ့တွေ့တာ သူ့အတွက်အထူးအဆန်းမဟုတ်ပေမယ့် - အရင် UNIQ အဖွဲ့ active ဖြစ်တုန်းကလည်း သူဒါမျိုးနည်းနည်းပါးပါးကြုံဖူးပါသည် - အခု Chen Qing Ling က တစ်ဆထက်တစ်ဆတိုးလို့ နာမည်ရလာတဲ့အခါ အိမ်နားလေး ဟိုနားဒီနားဆင်းဝယ်ဖို့တောင် အခက်အခဲဖြစ်လာပြီ၊ ဟိုအရင်ကတည်းက လူစုလူဝေးတွေကို မကြိုက်တတ်တဲ့သူမလို့ ပိုဆိုးပါသည်။ အခုဆို ဗိုက်က သိသာချင်နေပြီမလို့ အပြင်ထွက်ရတာ အတော်အခက်တွေ့လာပြီ။ တစုံတယောက်ကနေ သတင်းမလွှင့်ခင်မှာ သူတို့ဘက်ကနေတရားဝင်စာထုတ်ရ တော့မည်။
သူ့အခန်းရှေ့ မှာ တံခါးကိုမှီပြီး ငုတ်တုတ်ထိုင်နေတဲ့ Xiao Zhan ကိုမြင်တော့ စိတ်မောသွားရပြန်တယ်။
"ဒီမှာဘာလုပ်နေတာလဲ"
သူ့အသံကြားတော့ Xiao Zhan က အံ့ဩသွားဟန် မတ်တပ်ထရပ်ပြီး သူ့ကိုတလှည့် တံခါးကိုတလှည့်ကြည့်သည်။
"အာ ကိုယ်ထင်တာက မင်းကအထဲမှာရှိပြီး ကိုယ့်ကိုမသိချင်ယောင်ဆောင်နေတယ်မှတ်လို့"
အင်း၊ တကယ်လို့ Xiao Zhan ရောက်လာတဲ့အချိန်မှာ သူအထဲမှာရှိနေရင် အဲ့ဒီလိုလုပ်မိမလားမပြောတတ်။
မျက်နှာချင်းဆိုင်မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ လက်တွေကိုပိုက်ထားမိတယ်။
"အဲ့ဒီတော့?"
"ဟင်?"
"ခုနကမေးခွန်းမေးထားတယ်လေ"
"အာ"
Xiao Zhan က ခပ်ဖွဖွရယ်တယ်။
"ကိုယ်တို့သေချာလေးထိုင်ပြီး ဒီကိစ္စကိုဆွေးနွေးရအောင်လေ၊ မင်းဘာတွေတွေးနေသလဲကိုယ်မသိရသလို ဘာတွေဖြစ်နေသလဲဆိုတာလည်း သိပ်နားမလည်ဘူး၊ စကားပြောရအောင်လေ၊ နော်"
သူ့စိတ်ထဲမှာ လုပ်ပစ်ချင်နေတာ၂ခုရှိတယ်။
ပထမတစ်ခုက Xiao Zhan ရဲ့ရင်ခွင်ထဲကို ပစ်ဝင်လို့ သူ့ကိုချစ်ပေးပါလို့ တောင်းဆိုချင်တာ။
ဒုတိယတစ်ခုကတော့ Xiao Zhan ကို ထွက်သွား၊ ပြန်တော့မှ သူ့ဆီအဆက်အသွယ်မလုပ်နဲ့တော့ဆိုပြီး အော်ပလိုက်ချင်တာ။
YOU ARE READING
It's bigger than molecular, it's everything we are (Translation)
FanfictionThis is a work of translation, not my original work.