အခန်း ၇၆၆ ထန်သဲ့မင်ကို ဖမ်းဆီးခြင်း

1.6K 145 0
                                    

[Unicode]
အခန်း ၇၆၆ ထန်သဲ့မင်ကို ဖမ်းဆီးခြင်း

ထန်သဲ့မင်တစ်ယောက် ထန်ဝေ့ရုန်နှင့် ပူးပေါင်းဖို့ သဘောတူခဲ့ခြင်းမှာ ယခင်က ထန်ဝေ့ရုန်က သူ့သားအသက်ကို ကယ်တင်ပေးခဲ့ကာ ဂျဇ်ကလပ်၏ရှယ်ယာ၁၀ရာခိုင်နှုန်းကိုတောင်မှ သူ့ကိုပေးဖို့ ဂတိပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

ဂျဇ်ကလပ်တွင် နေ့တိုင်းလိုလို တရားမဝင်လုပ်ငန်းများစွာ လုပ်ဆောင်နေတာကြောင့် သူလဲ နှစ်စဉ် ယွမ်၁၀သန်းမက ဝင်ငွေရပေသည်။

ထိုပမာဏသည် သူထန်ဟွမ်လုပ်ငန်းစုတွင်ပိုင်ဆိုင်သည့် ရှယ်ယာပမာဏနှင့် ယှဉ်၍မရသော်လည်း ငွေရမည့်လမ်းကိုတော့ ငြင်းစရာအကြောင်းမရှိပေ။ အရေးအကြီးဆုံးအချက်သည်ကတော့ ထန်ဝေ့ရုန်သည် သူ့သားအသက်ကို ကယ်တင်ပေးခဲ့ဖူးခြင်း။

သို့ပေမည့် ထန်သဲ့မင်မသိလိုက်သည်က ထန်ဝေ့ရုန်က ထန်သဲ့မင် သူ့အပေါ် အသက်ကြွေးတင်ကာ သူ့အတွက်အလုပ်လုပ်ပေးစေရန်အတွက် တမင်ဟန်ပြ လှည့်စားသွားခြင်းဖြစ်ကြောင်းကိုပင်။

"ထန်သဲ့မင်၊ ထန်မိသားစုက မင်းကိုဒီလောက်ကောင်းကောင်းဆက်ဆံပေးခဲ့တာကို မင်းဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ? ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်း ဥက္ကဌယွင်ဖန်းနောက်ကွယ်မှာ လုပ်နေတဲ့ကိစ္စတွေကို သူမသိဘူးများထင်နေလား? သူက တမင်ကို မမြင်ချင်ယောင်ဆောင်နေပေးခဲ့တာ၊ ဒါပေမယ့် မင်းကတော့ ထန်ဟွမ်လုပ်ငန်းစုကို ထိခိုက်အောင် လုပ်လိုက်သေးတယ်။ မင်းဘယ်လောက်တောင် အရှက်မဲ့ရတာလဲ!" ထန်ကျီလင်းက ထန်သဲ့မင်အား ပြင်းပြင်းထန်ထန်ကို ပြစ်တင်ရှုံ့ချတော့သည်။

ထန်ယွင်ဟန်နှင့်ထန်ယွင်ရုန်တို့ကလွဲပြီး ထန်ဟွမ်လုပ်ငန်းစုရှယ်ယာရှင်များထဲတွင် ထန်ကျီလင်းအား ထန်ယွင်ဖန်းအယုံကြည်ဆုံးဖြစ်ခဲ့သည်။ ဒါကြောင့်ပဲ ထန်ကျီလင်းသည် ထန်ယွင်ဖန်းနှင့်အလွန်ရင်းနှီးပေသည်။

"ခင်ဗျား ထန်ဟွမ်လုပ်ငန်းစုကို မကောင်းကြံဖို့အတွက် ထန်ဝေ့ရုန်နဲ့မပူးပေါင်းခဲ့သင့်ဘူး!" ၉ယောက်မြောက်ဒါရိုက်တာသည်လဲ ထန်မိသားစုအပေါ် သစ္စာစောင့်သိသူတစ်ဦးဖြစ်သည်။

ဖီးနစ်သွေးစက် Book-4 (ဘာသာပြန်)Where stories live. Discover now