အခန်း(၁၈)

1.4K 118 2
                                    

" စန္ဒာ သက်သာရဲ့လား ။ ဘယ်နားနာနေ
‌သေးလဲ ...ကိုဖြင့် စိတ်ပူနေတာ ။ တစ်ပတ်ကြီးများ ခွင့်ယူထားတော့ ဒီနေ့မှမလာရင် အိမ်ကို
လိုက်လာတော့မလို့ "

ဟုပြောရင်း ခက်လက်ထဲက ထမင်းဗူးနှင့်စာအုပ်
အချို့ရောထည့်ထားသည့် ကြိမ်ခြင်းကို
ကိုအောင်ကျော်က ယူကာ ဌာနခန်းထဲသို့အတူသွားမည့် အရိပ်အယောင်ကြောင့် ခက်
အလျင်အမြန် ခြင်းကို ပြန်ဆွဲယူလိုက်ပြီး

" အဲ့လိုမလုပ်ပါနဲ့ ကိုအောင်ကျော် ။ ကျွန်မဘာသာ ခြင်းကို သယ်ပါ့မယ် ။ ပြီးတော့ ကျွန်မခွင့်ယူ
တယ်ဆိုတာ  ကျွန်မနေမကောင်းလို့မဟုတ်ဘူး ။
လူမှုရေးကိစ္စ ရှိလို့ယူတာ။ အဲ့ကြောင့် စိတ်ပူနေစရာမလိုပါဘူးရှင် ။ အကောင်းကြီးရှိနေပါသေးတယ် "

ဌာနခန်းထဲမှနေ၍ မသိမသာ စွေစောင်း
အကဲခတ်ကြည့်နေသည့်မျက်လုံးပေါင်းများစွာကို တန်ပြန်တုံ့ပြန်ရန် ဤသို့ပြောရုံမှတစ်ပါး ခက်မှာ
ရွေးချယ်စရာမရှိချေ။

" စိမ်းလိုက်တာ စန္ဒာရယ် ... ကိုတော့လေ
မင်းနဲ့ ..မင်းနဲ့မှ ခုလို အ‌ပြောခံရတာပဲ ။ ကို စန္ဒာစီက အဖြေတောင်းထားရောမှတ်မိရဲ့လားဟင် ။ ညနေ ကျောင်းထိပ်က စောင့်မယ်
စကားခဏပြောကြတာပေါ့ စန္ဒာ"

ကိုအောင်ကျော် ခက်ကို စိတ်တိုသွားသလား၊
ဘာလားတော့မသိ ။ ကြားလိုက်ရသည့်အသံက
နည်းနည်းမာကြောကာ စူးရှလို့နေပေဧ။။်။ ညနေကျရင် ဟိုတစ်ယောက်လာမှာနဲ့...

" ဟေ့ လွန်း "

"ခဏစောင့်ဦး စုထက် ... ငါ ‌လုပ်လက်စ
အလုပ်လေး  ဖြတ်လိုက်ဦးမယ် "

မလာစဖူး လွန်းရှိရာ ကုမ္ပဏီထိလိုက်လာပြီး
ညှိုးငယ်နေသည့်မျက်နှာကြောင့် စုထက် လွန်းကို တစ်ခုခုပြောဖို့ရာ ရှိနေသည်မှာ သေချာလှပြီ။

"ဆိုစမ်းပါဦး ဒေါ်စုထက် ...ကျွန်မ ဆေးရုံတက်နေတုန်းကတစ်ခေါက်ပဲပေါ်လာပြီး အခုမှဆိုက်ဆိုက်
မြိုက်မြိုက်ရောက်လာရတဲ့ အကြောင်းရင်းက ..."

" မြတ်ကောင်းခန့်နဲ့ ဧကရီ နှစ်ယောက်ပေါင်းပြီး
လွန်းကိုကွက်ကျော်ရိုက်သွားတာ သိလား ။
ပြီးတော့ ဗွီဒီရိုဖိုင်ကော သိထားလား "

You'll also like

          

လွန်းကိုယ်ရေးကိုယ်တာကို နားထောင်ပေးတတ်ရုံမှတစ်ပါး ဝင်စွက်ဖက်ပြောကြားခြင်းမရှိသည့် သူက ယခုလိုမေးလာသည်မှာ ...

" လွန်းနားမလည်ဘူး စုထက် ။ ဧကရီနဲ့
မြတ်ကောင်းခနိ့နဲ့က ဘယ်လိုပတ်သက်နေလို့လဲ "

လွန်းအမေးကို စုထက်က လေးလံသည့်သက်‌ပြင်း
ရှည်ကြီးချကာ ဖြေသည်။ သွေးပျက်စရာ
အကြောင်းအရာပါပဲ ။

" မြတ်ကောင်းခန့်ရဲ့မိန်းမက ဧကရီပဲ လွန်း ။
အရင်ကထဲကသူတို့နှစ်ယောက်သိနေကြတာ ။
လွန်းကို ချိုးချင်လို့ ..လွန်းပိုးအိမ်ရဲ့မာနကို ဖဲ့ချင်လို့ အကောက်ကြံလိုက်တာ ။ ဒါပင်မဲ့ နင့်မာနအပြင် အသွေးအသားပါ ပါသွားတာတော့
ငါနှမြောသားဟာ ... စိတ်လည်းတိုတယ် ။
ရိုက်သတ်ပစ်ချင်လောက်အောင် အဲ့ကောင်ကို
တိုတယ် "

'အထူးသဖြင့် လွန်း နင့်ကို ငါပိုစိတ်တိုတယ်
သိလား ။မချစ်ဘဲနဲ့ ဘာလို့ ပေးလိုက်ရတာလဲ ... ဟင် ပြောစမ်းပါဦး။ အခုတော့ ကိုယ်ပဲနှစ်ခါနာဖြစ်
ရပြီ ။ ငါဖြင့် သိသိချင်း မြတ်ကောင်းခန့်ကို
ရွံလိုက်တာမှ ပြောမနေနဲ့ ။ အဲ့လောက်
အောက်တန်းကျလိမ့်မယ်မှန်း မထင်ထားခဲ့ဘူး ။
တကယ့်ကို စိတ်ဓာတ်က ဟိုးအောက်ဆုံးပဲ "

စကားအရှည်ကြီးကို ဒေါသသံနှင့်ပြောနေသည့်
စုထက်က မမောရဘဲ လွန်းက အမောဖောက်ရ
ပြန်ဧ။။် ။ လွန်း ဆေးရုံကဆင်းဆင်းချင်း သိနှင့်ခဲ့ပြီမဟုတ်လား ။ တိတ်တိတ်လေးဖြေရှင်းရန့် ကြံကာမှ စုထက်ကပါ သိနေပြန်သည် ။ အခြား မည်သူတွေများ သိနှင့်နေပြီလည်း .. မြတ်ကောင်းခန့်နှင့်ဧကရီ
ဘာတွေများ ထပ်ကြံစည်နေပြန်ပါပြီလဲ ။

"အဲ့စကားကို ဘယ်သူ့စီက သိလာတာလဲ "

လွန်းရဲ့ ခပ်ပြတ်ပြတ်မေးခွန်းနှင့်အတူ စားပွဲပေါ်သို့
စီဒီတစ်ခွေရယ်၊ ဓာတ်ပုံအချို့ရယ် ရောက်လာ
သည်။

"တောက်စ်... ယုတ်မာကောက်ကျစ်တဲ့အကောင် "

ထိုနေ့ညက လွန်းသာ လူယုတ်မာ
မြတ်ကောင်းခန့်ခေါ်သော မွေးနေ့ပါတီသို့မသွားခဲ့လျှင် ၊ မျက်နှာငယ်လေးဖြင့်အောက်ကျို့ကာ
ခခယယပေးလာသည့် လိ‌မော်္မရည်ကိုသာ
လွန်း မသောက်မိခဲ့လျှင် အကောင်းသား ။
အခုတော့ ဖျက်မရသည့် အတိတ်မည်းကြီးက
လွန်းနောက်လိုက်ကာ အနှောင့်အယှက်ပေးနေ
ခဲ့ပေဧ။။်။

ခက် က နမ်းတော့ မောင့်ကိုတောင်မနမ်းဖူးဘူး တဲ့
အစက ခက်ကို တမင် ညာပြောတာ ထင်နေတာ
အခုကျ တကယ်ကြီးကိုယ်ဝန်နဲ့ပေါ့ 
ဘယ်လိုကြီးလဲ

2y ago

               "You're my toxic" (Completed)Where stories live. Discover now