49(Unicode)

382 9 0
                                    

(အမှားတစ်စုံတစ်ရာ ရှိခဲ့ရင်ကြိုတင်ပီး တောင်းပန်အပ်ပါတယ်🙏)

နာမည်ကြီးလှသည့် အမူဖြစ်တာကြောင့် တရားရူံးအတွင်း လူများ ပြည့်နှက်နေပေသည်။
အများစုကတော့ စီးပွားရေးရှင်လုပ်ငန်းကြီးများပင်။
နေနန်းတော်တို့လည်း ရောက်နေကြသည်။

ဦးရှင်းသန့်နဲ့သက်ဆိုင်တဲ့လူတေလည်း ဤတရားခွင်မှာရှိနေကြပေသည်။
သူ့ဇနီးသည်ကတော့ ဤတရားခွင်မှာရောက်မလာ။ဖြိူးမာန်ရှင်းလည်းရှိမနေ။
တစ်ခုခုတော့ တစ်ခုခုပေ။

အားလုံးကတော့ ဘာကြောင့်နဲ့ ဦးရှင်းသန့်ကိုကိုယ်နဲ့မဆိုင်ပဲ အမူဖွင့်ပီးထောင်ချခြင်နေရတာလဲ သိချင်နေကြသည်။

အချိန်တန်ရင်သိရတော့မှာပဲလေ။

တရားသူကြီး မလာသေးတာကြောင့် ကိုယ်တေလည်း အမအင်ကြင်းခက်နဲ့အတူ လိုအပ်သည့်သက်သေအထောက်အထားတေပြင်ဆင်နေရပေသည်။

တစ်ဖက်မှ ဦးရှင်းသန့်၏ ရှေ့နေဖြစ်သူကလည်း လိုအပ်တာတေကို ပြင်ဆင်နေသယောင်။
မထင်ထားမိ။
ဦးရှင်းသန့်လိုလူက တကယ့်အချိတ်အဆက်ကောင်းတေများသား။
ဦးရှင်းသန့် ဌားရမ်းထားတဲ့ရှေ့နေသည် နာမည်ကြီးရှေ့နေတစ်ယောက်။
သူလိုက်တဲ့အမူတိုင်း မနိုင်ခဲ့ဖူးတာမရှိ။

ဒီတစ်ခေါက်တော့ ထိုရာဇဝင်ကျိူးပျက်ပီထင်ပါရဲ့။
အမှန်တရားကို ဖုံးကွယ်ထားလို့မှမရတာ။

ခနကြာတော့ တရားသူကြီး ဝင်ရောက်လာပီး
တရားရေးရာ စီရင်သည့်နေရာ မှာထိုင်သည့် ထိုင်ခုံမှာထိုင်လိုက်သည်။
ပီးသည်နှင့် တရားစီရင်ရေးပြယုပ်ဖြစ်သည့် တုငယ်အား တစ်ချက်ထုလိုက်ပီး ကြားနာမူအစီအစဉ်ကို စတင်ရန်အချက်ပေးလိုက်သည်။

ချက်ချင်းဆိုသလို တရားခံဖြစ်သူ ဦးရှင်းသန့်ကို ရုံးထုတ်လိုက်ပီး နှစ်ဖက်ရှေ့နေ များ၏ အမေးအမြန်းကဏ္ဍကစတင်တော့ချေသည်။

ပထမဦးစွာ တရားလိုရှေ့နေဘက်မှ အမေးအမြန်းကို အရင်စတင်လေသည်။

"တရားခံဖြစ်သူ ဦးရှင်းသန့်သည် ဦးလွှမ်းသက်နောင်တို့မိသားစု ကို လုပ်ကြံ‌ဖို့စေခိုင်းသည့်အမူ၊တရားမဝင်လုပ်ကိုင်သည့်အမူ စတဲ့စွပ်စွဲချက်အပေါ်ဘယ်လိုမြင်ပါသလဲ..."

The sweetness of love(Completed)Where stories live. Discover now