စာစဉ်(၈၂)

1.7K 57 3
                                    

အပိုင်း(၁၁၈၂):မိန်းမငယ်လေးကြောင့် ဆူပူမှုဖြစ်ပွားခြင်း

ဆန်းဇွန် ခေါင်းညိတ်ကာ ပြောသည်... "အထဲကိုဝင်လာခဲ့ပါ"

ရီဖူရှင်းက အခြားလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်လှည့်ကာ သူ့နေရာတွင်သူ ပြန်ထိုင်သည်။

လူငယ်က စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး လွတ်နေသော တစ်နေရာ၌ ထိုင်သည်။ သူ၏ ကောက်ကျစ်စဉ်းလဲဟန်ရသော မျက်လုံးများက ရှားရှင်းယွန်၊ မှန်နန်းသခင်မနှင့် အဖွဲ့ထဲမှ မိန်းကလေးထံသို့ ကျရောက်နေပြီးမှ ရီဖူရှင်းကို ကြည့်သည်။

ရှားရှင်းယွန်က မျက်မှောင်ကျုံ့လိုက်၏။ သူမ၏ မျက်လုံးများက သာမန်ထက်အေးစက်နေသည်။

"အစ်ကိုရီ.. ဒီလူငယ်က ချန်ယဲ့မြို့ ကောင်းချီးနန်းတော်က နန်းတော်သခင်လေး ပိုင်ကျဲ ပါ။ သူအကျင့်က အမြဲ ဒီလိုပဲမို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" ဆန်းဇွန်က ရီဖူရှင်းကို ပြောသည်။ သူက ပိုင်ကျဲဘက်သို့ လှည့်ကာ ကြည့်လိုက်သည်... "ပိုင်ကျဲ... နောက်ဆိုရင် မင်းကိုယ်မင်း သတိထားနေတာ အကောင်းဆုံးပဲ... အစ်ကိုရီသာ မကယ်ခဲ့ရင် မင်းရဲ့ သားရဲက ကလေးမလေးကို တက်နင်းမိတော့မှာ"

"ဒါဆိုလည်း သူမက အနာဂတ်မှာ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းစရာမလိုတော့ဘူးပေါ့" ပိုင်ကျဲ၏အမူအရာက တည်ငြိမ်နေသည်။ သူ့ပုံစံမှာ သူဘာအမှားမှ လုပ်မထားသကဲ့သို့ ဖြစ်၏။

"လူတိုင်းမှာ သူ့ဘဝနဲ့ သူ ရှိတယ်။ အနာဂတ်က ခက်ခဲကြမ်းတမ်းပြီး ရက်စက်တယ်ဆိုရင်တောင် အဲဒါ သူတို့ လျှောက်ရမယ့် လမ်းပဲ။ နင့်ရဲ့ သွေးအေးတဲ့ စရိုက်အတွက် ဆင်ခြေရှာနေစရာမလိုဘူး" စစ်ထိုရန်က ပိုင်ကျဲကို ကြည့်ကာ ပြောသည်။

"မမလေးစစ်ထိုက ကျော်ကြားတဲ့ ကလန်က ဆင်းသက်လာတာလေ။ အားနည်းတဲ့လူတွေရဲ့ စိတ်ပျက်စရာ ခံစားချက်ကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး" ပိုင်ကျဲက စစ်ထိုရန်ကို ကြည့်ကာ ပြန်ဖြေသည်။

ပိုင်ကျဲသည် ငယ်စဉ်က လွန်စွာ ခက်ခဲကြမ်းတမ်းခဲ့သည်ဟု ဆိုကြသည်။ ထိုအတွေ့အကြုံများက သူ့အား သွေးအေးရက်စက်သော စရိုက်ကြမ်းများအား ပိုင်ဆိုင်စေ၏။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Where stories live. Discover now