အပိုင်း ( ၂၁ ) / အပိုင္း ( ၂၁ )

5.8K 300 3
                                    

Unicode
အပိုင်း ( ၂၁ )

" မောင် သားတို့ အခု ဘယ်သွားမှာလဲဟင် "

" အင်း မောင်တို့ ကလေးလေးသူငယ်ချင်းရှိတဲ့ရွာကိုအလည်သွားမလို့ "

" ဟင် တီတီ့ဆီကိုလား "

" ဟုတ်ပါတယ်ဗျ "

" တကယ်နော် ရေး ပျော်လိုက်တာ အာ့ "

" ဟာ ကလေးလေး အဲ့လိုမလုပ်နဲ့လေ ကလေးလေးတင်ပါးက နာနေသေးတယ်မလား "

" ဟုတ်တယ် ဒါပေမဲ့ ညက မောင်ဆေးလိမ်းပေးထားလို့ သိပ်မနာတော့ပါဘူး ဟီး "

" ဟုတ်ပါပြီဗျာ "

သက္ကရာဇ် ကလေးလေးကိုခေါ်ပြီး အရင်ကလေးလေးရဲ့ခြံစောင့်သူငယ်ချင်းကောင်လေးရှိတဲ့ရွာကို နှစ်ယောက်တည်းထွက်လာခဲ့သည်။ ညီမင်းကိုတောင် သူတို့ဘယ်သွားမယ်ဆိုတာကိုမပြောခဲ့ဘဲ အလုပ်ကိစ္စတွေအကုန်လုံးကို လွှဲပေးထားခဲ့သည်။

မနက်ဝေလီဝေလင်းကတည်းက သက္ကရာဇ်တို့စတင်ခရီးထွက်ခဲ့တာ နေ့လည်ကျော်ညနေမရောက်ခင်ကြားမှာ တီတီဆိုတဲ့ကောင်လေးတို့ရွာကိုရောက်သည်။ ရွာလေးရဲ့ပုံစံက သစ်ရိပ်ဝါးရိပ်နဲ့အေးအေးချမ်းချမ်းလေးရှိပြီး ရွာအဝင်ကိုစည်းတစ်ခုသဖွယ်ခြားထားတဲ့ချောင်းလေးတစ်ခုရှိသည်။ ထိုချောင်းလေးရဲ့တစ်ဖက်မှာတော့ ရွာရဲ့ရွာဦးဘုန်းကြီးကျောင်းကိုတွေ့ရသည်။ ဘုန်းကြီးကျောင်းရဲ့မျက်နှာချင်းဆိုင်မှာတော့ ဝါးထရံကာအိမ်လေးတွေကို ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ဆောက်ထားကြသည်။ သက္ကရာဇ်လည်း ရွာခံတစ်ယောက်ကို ခြံစောင့်ကောင်လေးနာမည်ကိုပြောလိုက်ပြီး ထိုကောင်လေးအိမ်ကိုလမ်းပြပေးဖို့အကူအညီတောင်းလိုက်သည်။ ရိုးသားတဲ့ရွာသူရွာသားတွေမို့ ဘာမှတောင်ပြန်မမေးတော့ဘဲ တန်းလမ်းညွှန်ပေးသည်။ ရွာခံပြောတဲ့လမ်းအတိုင်း သက္ကရာဇ်ကားကို ဖြေးဖြေးလေးနဲ့ရွာလမ်းကိုဖြတ်ပြီးမောင်းလာခဲ့သည်။

လှည်းတစ်စီးကျော်ကျော်လောက်သာရှိတဲ့လမ်းကလေးဖြစ်တဲ့အပြင် တစ်လမ်းလုံးကလည်းသဲတွေအပြည့်နဲ့မို့ သက္ကရာဇ်ကားမောင်းရတာ သိပ်အဆင်မပြေပေ။ ထို့ပြင် သူ့ရဲ့ဘေးမှာအိပ်မောကျနေတဲ့ကလေးလေးဟာလည်း ချိုင့်ကွက်များတဲ့သဲလမ်းဖြစ်တာမို့ ကားကတစ်ချက်ဆောင့်လိုက်တိုင်း မျက်နှာကလေးမဲ့မဲ့ကျသွားသည်။ ထို့ကြောင့် သက္ကရာဇ်လည်း ကားကိုဖြေးဖြေးလေးနဲ့ကလေးလေးမနိုးအောင် ခြံစောင့်ကောင်လေးရဲ့အိမ်အထိအသေအချာမောင်းခဲ့ရသည်။

မောင့် မြတ်နိုးရာ ( မောင့် မြတ်နိုးရာ ) [ Completed ]Where stories live. Discover now