"မင်းက တကယ့်ကို ောက်ရူးပဲ...."
မည်းမှောင်နေတဲ့ တိမ်တိုက်တွေက လော့ရန်ရဲ့ကောင်းကင်ကျယ်တစ်ခုလုံးကို အလင်းရောင်နည်းနည်းလေးတောင်မမြင်ရတဲ့ထိ ဖုံးအုပ်ထားပေမယ့် ကျနေတဲ့မိုးရေစက်တွေကတော့ မှောင်နေတဲ့ကောင်းကင်ပြင်နဲ့မလိုက်အောင်ကို စက်တောက်စက်တောက်နဲ့သာရှိနေဆဲ ဖြစ်တယ်
မှန်ပြတင်းပေါက်ကနေမှိုင်းညှို့နေတဲ့ မြင်ကွင်းတွေကိုငေးနေတဲ့ ဝမ်လီရဲ့ အရှင်သခင်ကတော့ သတိရလာစဉ်ကတည်းက အခုထိ စကားလည်းပြောထွက်မလာခဲ့သလို ဘာဆိုဘာမှခွန်းတုန့်ပြန်မှုလည်းမရှိတော့တဲ့ လူသေတစ်ယောက်လိုမျိုးပဲ...
ချစ်ရသူရဲ့နောက်ကျောကိုခပ်မတ်မတ်ရပ်ကြည့်နေမိရင်း ယူကြုံးမရကြေကွဲရနေရတဲ့သူကတော့ ဝမ်လီဆိုတဲ့ သူ့အပြင်ဘယ်သူရှိလိမ့်ဦးမှာတဲ့လဲ...
ဒီလိုတွေဖြစ်လာမယ်မှန်းသိလို့ ဟိုးအစကတည်းကနေ အခုချိန်ထိ အမြဲအာပေါက်မတတ်သတိပေးနေခဲ့ရဲ့သားနဲ့.....
ဒီလိုပုံစံတွေကို မမြင်ချင်လွန်းလို့ ကိုယ်ကသူ့ကို အမြဲတစေ ကာကွယ်ဖို့ကြိုးစားပေးနေခဲ့ရဲ့သားနဲ့...
"ရှောင်းက လုံးဝလာမကြည့်ဘူးလား"
"ကျစ်! လင်းယွီမင်း..!!"လည်ပင်းဝထိ ဆန်တက်လာတဲ့ ပြောချလိုက်ချင်တဲ့စကားလုံးတွေကို မှိုင်းညှို့နေပြီး မျက်ရည်ကြည်တွေဝဲစပြုနေတဲ့ မျက်ဝန်းတစ်စုံကတားဆီးသမှုပြုတယ်
တစ်ခါတစ်လေတော့လည်း ဝမ်လီတစ်ယောက်စိတ်လိုလက်ရအော်ဟစ်သောင်းကျန်းပြီး ပြောပစ်လိုက်ချင်ပါရဲ့...
မင်းရဲ့ အဲဒီ ောက်သုံးမကျတဲ့ မျက်ရည်တွေကို ရှောင်းကျန့်ဆိုတဲ့လူက သောက်ရေတစ်ခွက်လောက်တောင် တန်ဖိုးထားလိမ့်မှာမဟုတ်ဘူးလို့..
အဲလိုများပြောပစ်လိုက်မိရင် သူ့ရှေ့ကယိုင်နဲ့နဲ့ဖြစ်နေတဲ့လူသားက ဘုန်းဘုန်းတောင်လဲကျသွားလေမလားမသိ..
"မင်းကို ငါအစကတည်းက သေချာပေါက်သတိပေးခဲ့ရဲ့သားနဲ့ လင်းရာ ထင်ရာတွေလျှောက်မလုပ်ပါနဲ့ ဝမ်ရိပေါ်ကို သွားမထိပါနဲ့လို့"
"ဘာမို့လို့လဲ!!!!!!သူကဘာကောင်မို့လို့လဲ!!!!!!!သူကဘယ်လောက်တောင် ောက်ရေးပါတဲ့ကောင်မို့လို့လဲ!!!!!သူမရှိတော့ရင်ပြီးပြီ!!!!!!!သူမရှိတော့ရင် အားလုံးပြီးသွားမှာ !!!!!!သူရောက်လာလို့!!!!သူဝင်လာလို့!!!!!!!!!အား!!!!!!!!!!!ဒုန်း "
"တော်တော့!!!!!!တော်တော့လို့!!!!!!!လင်းယွီ!!!!တော်ပြီ..တော်ပြီ ငါသိပြီ...ငါသိပြီ..ငါသိပြီမို့လို့..ငါရှောင်းကျန့်နဲ့သွားတွေ့ကြည့်မှာမို့လို့..ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး..မင်းကိုမင်းထိခိုက်အောင်မလုပ်ပါနဲ့တော့ လင်းရာ..."
YOU ARE READING
'𝑅𝑒𝑑𝑎𝑚𝑎𝑛𝑐𝑦'
Fanfiction'Redamancy' means the act of loving the one who loves you;a love returned in full