Ep 5

237 23 2
                                    

Sunoo hyung နဲ့ Sunghoon hyung တို့ပြောနေတဲ့စကားတွေကိုငေးကြည့်နေမိတဲ့ Niki

သိလိုက်ပါပြီ
ကျွန်တော်ရဲ့ဘဝက စတင်တဲ့အချိန်ကတည်းကကိုပြီးဆုံးနှင့်နေပြီ

သူတောင်မသိလိုက်ဘဲ ကျလာတဲ့မျက်ရည်တွေ
ဝိညာဥ်ဖြစ်နေတာတောင် ခံစားတတ်တဲ့ နှလုံးသားကရှိတုန်းဘဲလား

သူကသေပြီးသားဆိုတာကိုသိလိုက်တဲ့အချိန်တည်းက တွေးမိလိုက်တာက Sunoo hyung ဘဲ

အရမ်းနှမြောတာဘဲ
Hyung က ကျွန်တော့်အပိုင်မဖြစ်နိုင်တော့ဘူးတဲ့လေ

ရယ်ရလိုက်တာ
ကံကြမ္မာဆိုတဲ့အရာကြီးက ကိုယ်ချစ်တဲ့လူကို
ထိတွေ့ခွင့်တောင်မရှိ
ကိုင်တွယ်ခွင့်တောင်မရှိ

ပေါင်းဖက်လို့မရဘူးဆိုတာကပိုဆိုးတဲ့အရာပေါ့
အဝေးကနေဘဲငေးကြည့်ရတော့မယ်တဲ့လေ
အချစ်ဆို
လေပြေလေညှင်းလေ လိုမျိုး
ကိုင်တွယ်ထိတွေ့လို့တောင်မရတဲ့အရာဘဲ

ရုတ်တရက်ငိုနေလို့ဖောင်းအိနေတဲ့မျက်ဝန်းလေးတွေနဲ့လာကြည့်တဲ့ Sunoo hyung

ကျနေတဲ့မျက်ရည်တွေကိုဖုန်းကွယ်ရင်း
တက်နိုင်သလောက်အပြုံးလေးကိုဆင်မြန်းပြီး ပြုံးပြလိုက်သည်

"niki လာ ထိုင်လေ"
သူ့ဘေးမှာထိုင်ဖို့ခေါ်တဲ့ Sunoo hyung

အဲ့လိုပြောနေတာကိုငေးကြည့်နေတဲ့ Sunghoon မှာတော့ကြောင်တောင်တောင်ဖြင့်သာ

မတက်နိုင်တော့တဲ့အဆုံး
မေးဖို့ဆုံးဖြတ်လိုက်တဲ့ Sunghoon.

"Sunoo မင်းဘာတွေပြောနေတာလဲ "

"ကျွန်တော့်ဘေးမှာ niki ရှိနေတယ် အခုထိုင်နေတယ် "

မကြောက်မရွံ့ ပြောလာတဲ့
Sunoo ကြောင့် Sunghoon လန့်မိသည်

ဒါဘာတွေဖြစ်နေတာလဲ

"Niki မင်းပစ္စည်းတွေကိုကိုင်ကြည့်ပါလား"

ပြောလာတဲ့ Sunoo hyung ကိုကြည့်ပြီး စားပွဲပေါ်မှာရှိနေတဲ့ တစ်ရှူးဘူးကို
ကိုင်ကြည့်ဖို့လက်လှမ်း
မိတယ်

တဖြည်းဖြည်း ချင်းလက်လှမ်းမိတဲ့နောက်
ထိတွေ့ပြီးကိုင်ကြည့်လိုက်တော့
လေထဲမြောက်တက်သွားတဲ့ တစ်ရှူးဘူး

You'll also like

          

"ဟင် တကယ်ကြီး
niki လားဟုတ်လား
ဟုတ်တယ်ဆိုရင် တစ်ရှူးဘူး ထဲက တစ်ရှူးတွေကိုထုတ်ပြနိုင်မလား"

Sunghoon ရဲ့စကားဆုံးပြီးသိပ်မကြာ မြေပြင်ပေါ်ကိုတစ်စတစ်စ ကျလာတဲ့
တစ်ရှူးတွေ

အဲ့လိုအဖြစ်အပျက်တွေ ကိုကြည့်နေတဲ့ Sunghoon ကတော့ ကြောက်လန့်တဲ့စိတ်ထက် အားနာတဲ့စိတ်
သတိရတဲ့စိတ် လွမ်းဆွတ်တဲ့
ခံစားချက်တွေတဖွားဖွား ဖြစ်ပေါ်လာခဲ့လေရဲ့

"Niki ရာငါမင်းကိုလွမ်းနေခဲ့တာသိရဲ့လား"

"သိတာပေါ့ hyungရယ်"

ကြည်လင်ပြတ်သားစွာထွက်ပေါ်လာတဲ့ Niki ရဲ့အသံကြောင့်
သေချာတယ် ဒါဟာ Nikiရဲ့ဝိညာဥ်ဘဲ

"ငါတောင်းပန်ပါတယ်
ငါတို့အတူထားခဲ့တဲ့ကတိကိုမတည်နိုင်ခဲ့လို့
ငါမင်းကိုလိုက်မရှာနိုင်ခဲ့လို့
မင်းဘယ်လောက်တောင်အထီးကျန်နေမလဲ
ငါတကိုယ်ကောင်းဆန်ခဲ့မိတယ် ငါတကယ်တောင်းပန်ပါတယ် "

"မဟုတ်တာ Hyung ရယ် ကျွန်တော်တောင် အခုမှ မှတ်ညဏ်တချို့တဝက်ကိုပြန်ရတာ ဒါတောင်အကုန်မဟုတ်သေးဘူး အခုဆို Sunoo Hyung လည်းရှိတယ် အခုကစပြီးကျွန့်တော့်အ​ကြောင်းစုံစမ်းလို့ရပြီလေ "

"ဒါပေမယ့်ငါကျတော့ဘာလို့
Sunoo လိုမျိုး Niki ကိုမမြင်ရတာလဲ အသံဘဲ ကြားနေရတယ်"

"ဒါတွေထားလိုက်ပါ
အခုအရေးကြီးတာက
Niki ရဲ့အမှုကိစ္စမဟုတ်ဘူးလား" လို့ Sunoo ကဝင်ပြောလေရဲ့

သူပြောတာလည်းဟုတ်သားလို့ Sunghoon တွေးမိသည်

"ကျွန်တော် Sunghoon hyung ကိုမေးစရာရှိတယ်"

Sunghoon ရဲ့မျက်လုံးတွေကိုစူးစိုက်စွာကြည့်ရင်း ပြောတဲ့ Sunoo

"မေးလေ "

"Niki နဲ့ Hyung သူငယ်ချင်းဖြစ်တုန်းက ရှင်းရှင်းပြောရရင် trainee ဖြစ်တုန်းက niki အပေါ်မှာမကျေနပ်တဲ့ လူတွေဘာတွေများရှိမလား"

အဲ့လိုမေးလိုက်တော့
တွေဝေပုံရသွားတဲ့
Sunghoon ရဲ့မျက်နှာအမူအရာ

စက္ကန့်ပိုင်းကြာတိတ်ဆိတ်သွားပြီး စကားပြန်စလာလေရဲ့

"ရှိတယ်ဆိုတာထက်
သိပ်ပြီးဆက်ဆံရေးအဆင်မပြေတဲ့ လူတော့ရှိတယ်
သူ့နာမည်က Minho တဲ့
သူ့အဖေက
အခု အခွန်ဝန်ကြီးKim ဘဲ
သူတို့ကပိုက်ဆံတော်တော်ရှိတာဒါပေမယ့် Minho ကတော့တစ်ကယ့် လူမိုက်လိုပုံစံမျိုး Club သွားတယ် သောက်စားပျော်ပါးတယ်
သူ့လိုလူမျိုးကဘယ်လို trainee ဖြစ်လာလဲမသိဘူး"

True loveWhere stories live. Discover now