Unicode...
''ကိုကို ဆင်းမယ်လေ...''
ကားပေါ်တွင် မလှုပ်မယှက်ထိုင်နေသော ရှောင်းကျန့်မှာ ရိပေါ်၏ အသံကြားပါမှ အတွေးထဲမှ ထွက်လာနိုင်တော့သည်....။
ယခု ရှောင်းကျန့် နှင့် ရိပေါ်မှာ ရိပေါ် ပြင်ဆင်ပေးထားခဲ့သော အိမ်လေးသို့ ရောက်ရှိနေခြင်းဖြစ်သည်....။ ရှောင်းကျန့်မှာ လက်ရှိအချိန်ကို မယုံနိုင်သေး....။
အမှန်အတိုင်းပြောရလျှင် ဒီအိမ်လေးမှာ တရားဝင်နေထိုင်မည့်နေ့ကို စောင့်ဆိုင်းနေခဲ့တာ ကြာပြီ ဖြစ်သည်....။
အိမ်တွင်းသုံးပစ္စည်းများကို ရိပေါ်က အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်သည့်အတွက် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကိုတော့ ဖြေးဖြေးချင်း နေရာချထားခဲ့သည်....။
ယခုဆိုလျှင် အဆင်သင့်ဖြစ်နေပြီ....။ကားပေါ်မှ ဆင်းကာ အိမ်လေးဆီသို့ လျှောက်လှမ်းလာခဲ့သည်....။ အိမ်တံခါးကို ရိပေါ်က ဖွင့်လိုက်သည်....။ ထို့နောက် ရှောင်းကျန့်ဘက်သို့ လှည့်ကာ လက်ကို ကမ်းပေးသည်...။ ရှောင်းကျန့်လဲ ရိပေါ်၏ လက်လေးကို ပြန်လည်ဆုပ်ကိုင်ရင်း ရိပေါ်နှင့် အတူ အိမ်လေးထဲသို့ဝင်လာခဲ့သည်....။
ခြေတစ်လှမ်းဆို တစ်လှမ်းအလျောက် ရင်ခုန်နေသည်....။ ဒါက မိမိတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို ဝင်ရောက်ခြင်း မဟုတ်ပါလား...။
''ကိုကို...''
''အင်း...''
''ဘယ်နေရာကို အရင်လိုက်ကြည့်ချင်လဲ???''
''ဘာကိုလဲ???''
ရှောင်းကျန့်မှာ နားမလည်နိုင်ဖြစ်နေသည်...။
ဘာကို ဘယ်နေရာကို လိုက်ကြည့်ရမှာလဲ???''ဟို...ပထမဆုံး ကိုကို ဘယ်နေရာကို လိုက်ကြည့်ချင်လဲလို့....''
''ဘယ်နေရာကို လိုက်ကြည့်ရမှာလဲ Wang ရ...
devil တို့ပြောတော့ luggage တွေပို့ထားတယ်ဆို...အဲ့တာတွေအရင်နေရာချရမှာပေါ့...''အရင်ကတည်းက အဝတ်အစားတွေပို့ကာ စီစဉ်ထားခဲ့ပြီးဖြစ်သော်လဲ လတ်တလောသုံးနေသော အသုံးအဆောင်များနှင့် အဝတ်အစားအနည်းငယ်တော့ ကျန်သေးသည်...။ထိုအရာများကို devil နှင့် Joy က လာပို့ထားပြီးဖြစ်သည်...။ အဲ့တာတွေကို အရင်ဆုံးနေရာချရမှာ မဟုတ်လား.....။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...