အရှင်မင်းကြီးနှင့်ကြင်ယာတော်ဟွန်း နန်းတော်မှပျောက်သွားခြင်း
" အရှင်မင်းကြီး ညီလာခံသွားဖို့အချိန်နီးနေပါပြီ "
"ကောင်းပြီ "
မနက်စောစောနိုးကာ မျက်နှာတော်သစ်ပြီးဝတ်လဲတော်တွေလဲပြီးပေမယ့် သူပြီးသည်အချိန်ထိ အိပ်ယာပေါ်ကဟွန်းကမနိုးသေးပါ။
ချီကုံးကုံးကိုခဏနေမှသွားဖို့ပြောပြီး
အိပ်ယာပေါ်တက်ကာ ပါးစပ်လေးဟပြီး အိပ်နေသူလေးကို ထိုင်ကြည့်နေမိတော့သည်။ဝမ်ယောလ်ထချိန် စောင်သေချာခြုံပေးထားခဲ့ပေမယ့် အိပ်ရေးဆော့တဲ့သူလေးမို့ ခုဆိုစောင်ကဘေးဘက်ရောက်နေပြီ။
ပိုးသားဘောင်းဘီကလည်း လိပ်တက်နေတာကြောင့် ခြေထောက်ကသွေးကြောလေးတြွေမင်နေရပြီ။" ဟွန်း ဟွန်း ထတော့လေ မယ်တော်ခေါ်ထားသေးတယ်မလား ? "
"အင်းးး ခဏနေထမယ် ၅မိနစ်ဘဲ "
ဝမ်ယောလ်နားမလည်သောဘာသာဗေဒစကားတွေထည့်ပြောကာ ခေါင်းလေးစောင်းပြီးထပ်အိပ်ပျော်သွားလေသည်။
မနေ့ညက ပူတယ်ဆိုကာ အဆောင်ထဲမဝင်ဘဲ အပြင်မှာလမ်းလျှောက်ခဲ့တာ ညဥ့်နက်သွားတော့ ခုဆိုမထနိုင်တော့ပေ။" ဟုတ်ပါပြီ ခဏနေရင်ထတော့နော် "
နဖူးလေးကိုငြင်ငြင်သာသာနမ်းကာထွက်သွားနေရင်း အိပ်ပျော်နေတဲ့ဟွန်းဆီကထွက်လာတဲ့ စကားလေးကြောင့်ပြုံးမိရပြန်သည်။
" ညီလာခံနောက်ကျနေတာတောင်မှ လူကိုအသားယူသွားသေးတယ် ဟွန့်! "
ကြင်ယာတော်လေး၏စကားကြောင့် ချီကုံးကုံးတို့မှာပြုံးမိကြလေသည်။
ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစွာပြုမူပြောဆိုတတ်သော ကြင်ယာတော်လေးကို အထိန်းတော်တွေတင်မက နန်းတွင်းကလူများကချစ်ကြလေသည်။ဒါ့အပြင် နတ်ဆရာမကြီးကိုယ်တိုင်ကလည်းကြင်ယာတော်ဟွန်းဟာ သုခဘုံ၏ကယ်တင်ရှင်အလင်းရောင်လေး ဖြစ်လာလိမ့်မယ်လို့ ဟောစတမ်းထုတ်ထားသေးသည်မလား။