Part - 3

4.5K 516 14
                                    

" ကိုကို ဗီဒီယိုလာကြည့်တာလားဟင် "

ဦးကြီးဖန်အိမ်မှာ ညနေခြောက်နာရီဆို လူစုံပြီ။

ရွာထဲကလူတွေက
ဗီဒီယိုအခွေကိုကောင်းကောင်းမြင်ရဖို့ ရှေ့ဆုံးကနေ နေရာဦးနေကြပြီ။ဟိုပေတိပေစုတ်ကောင် ဟောက်ရွှမ်းပြုံးပြုံးကြီးထိုင်နေတဲ့နေရာက အရင်ကရိပေါ်ဦးနေကြနေရာ။

" ကိုကို..."

" ဘာတုန်းဟ! "

" ငါ့ကို အော်တာလား "

ရော်...မြို့သူကလည်း လေသံအနိမ့်အမြင့်ကိုတောင် အမှားမခံပါလားနော်!

" ကျုပ်အော်တာ မဟုတ်ပါဘူးဗျာ "

" အော်တာပါ "

မြို့သူလေးနာမည်က ရှောင်းရှောင်။ရိပေါ်ထပ် တစ်နှစ်ကြီးပြီး အသက်က တစ်ဆယ့်ခြောက်နှစ်ပါတဲ့။စတွေ့တုန်းကလိုကိုယ့်​ကိုကိုယ် မီးမီး လို့တော့ မသုံးတော့ပေမဲ့ ကိုကိုလို့ကတော့ခေါ်တုန်းပဲ။ ရိပေါ်က ကျဲကျဲ ခေါ်ရမှာကို သူလေးက ကိုကို အတင်းလိုက်ခေါ်နေတာ။မခေါ်ပါနဲ့ လို့လည်း ရိပေါ်ကမတား။ တစ်ရွာလုံးက အရိုင်းအစိုင်းတွေ။ရိပေါ်ကို ကိုကို လို့ခေါ်တာ ရှောင်းရှောင်လေးပဲရှိတယ်!

ရှောင်းရှောင်ရဲ့အဖေက ရာထူးမြင့်မြင့်နဲ့ ရုံးတော်မှာ အမှုထမ်းနေတဲ့ ဘိလပ်ပြန်ရှေ့နေကြီးဖြစ်ပြီး အခုရက်ပိုင်းလောက် ဘိလပ်ပြန်ရမှာမလို့ ရှောင်းရှောင်ကို ဦးလေးဖြစ်သူရှိတဲ့ ရွာငယ်လေးကို ခဏလာပို့တာ။​​ရွာရောက်ရောက်ချင်းကတော့ မှိုင်ထွေထွေလေးရှိပေမဲ့ အခုတော့ ရွာအိုးကိုးပေါက် ရိပေါ်နဲ့လျှောက်လိုက်နေပြီ!

အထူးသဖြင့် ရိပေါ်က မြို့သူလေးရွာမှာ မပျော်မှာစိုးနေတာ။ရှောင်းရှောင်ကဖြင့်  မြို့ကြီးကိုလွမ်းကြောင်း၊အဖေကို တွေ့ချင်ကြောင်း မပူဆာဘဲ ရွာမှာပဲအနေပျော်လို့ တော်သေးသည်။

" ကျုပ်ကို စိတ်မဆိုးပါးနဲ့ ရှောင်းရှောင်ရယ်။​ကျုပ် အော်တာမဟုတ်ရပါဘူး "

" ကိုကို... ။ ကိုကိုက ဗီဒီယိုအခွေကြည့်ရတာက ကြိုက်တယ်လို့ ဦးကြီးဖန်းကပြောလို့ ငါက ကိုကို့အတွက် နေရာဦးပေးထားတယ် "

မြို့အုပ်မင်းရှောင်းကျန့်က ဝမ်ရိပေါ်ကိုတော်ကောက်သွားပြီ ( Complete) Where stories live. Discover now