P-3

46.3K 164 0
                                    

2 weeks later.....

"မိုးသောက် အန်တီစိမ်းနဲ့တွဲလုပ်ရတာ အဆင်ပြေရဲ့လား"
"ဟုတ်..ဟုတ် ပြေပါတယ်တီစိမ်း"
"အေးပါကွယ် အန်တီနဲ့က အသက်တအားကွာနေတော့ မင်းနေရထိုင်ရခတ်နေမလား စိုးရိမ်တာပါ"
"အဆင်ပြေပါတယ် တီစိမ်းရဲ့ "
"အော် ဒီည party တစ်ခုတက်ရမယ်နော်"
"ဗျာ ကျွန်တော်ကောလား"
"အေးပေါ့ Partner နဲ့ တူတူတက်ရမှာလေ ဘာလို့လဲ သွားစရာရှိလို့လား"
"အာ မဟုတ် မဟုတ်ပါဘူး ရပါတယ် နည်းနည်းလန့်သွားတာဗျ "
"ဟုတ်ပါပီ အာ့ဆို ည၆နာရီမှဆုံမယ် စိမ်းပြန်ပီနော်"
"ဟုတ် တီစိမ်း"

စိမ်း အိမ်ပြန်ရောက်တော့ ၃နာရီခွဲတော့မယ်
"အချိန်မရတော့ဘူး မြန်မြန်ပြင်ဆင်ရမယ်"ပြောပြောဆိုဆို အပေါ်ထပ်ပြေးတက်ပီး ရေချိုးခေါင်းလျှော်လိုက်တယ် အဖြူရောင်ဇာကိုရင်ခံလေးနဲ့ရိုးရိုးလေးကို၀တ်ပီး ဇာထမိန်ကိုဒူးထိဘဲအစခံထားတယ် ပတ္တမြားဘယက်(စာလုံးပေါင်းမှားရင်သည်းခံပါ)လေးကို ဖြူ၀င်းတဲ့လည်တိုင်မှာချိတ်ဆွဲထားလိုက်တယ်
အဖြူပေါ်မှာ ထင်းနေတဲ့ပတ္တမြား make up ကိုလဲ ပါးပါးလေးသာချယ်သပီး နှုတ်ခမ်းအတွင်းသားလေးတွေကိုသာ ရဲရဲလေးဆိုးထားတယ် ခေါင်းလျှော်ထားလို့ ဆံပင်မထုံးဘဲ ချထားလိုက်ပီး မှန်ရှေ့မှာ ယုံကြည်မှုအပြည့်နဲ့အပြုံးပန်းဆင်ထားတယ်

အနောက်တိုင်း၀တ်စုံကို smart  ကျကျ၀တ်ဆင်ထားတဲ့မိုးသောက် စိမ်းနဲ့စိတ်ချင်းဆက်နေသလား အဖြူရောင်ကိုမှ ကြက်သွေးရောင်ကော်လံနဲ့ ဆံပင်ကိုသေချာ spray နဲ့ဖြန်းထားပီး တည်ကြည်တဲ့ရုပ်ရည်

"အော် စိမ်းတို့ပါလား "
"ဟုတ်တယ် မမ မမဒီနေ့အရမ်းလှနေတယ်နော်"
"အမလေး မဟုတ်တာ စိမ်းကသာမင်းသမီး ကြည့်စမ်း အကုန်ငေးနေကြပီ "
"ဟာ မမကလဲ တော်ပါတော့ စိမ်းရှက်တောင်လာပီ"
"ဟားဟား မရှက်ပါနဲ့တော်ရယ်"
"အော် ဒါနဲ့ မမ ဒါ မမလတ်ရဲ့သား မိုးသောက်ယံတဲ့ မိုးသောက်ဒါ စိမ်းရဲ့ကျေးဇူးရှင် ဒေါမမမိုးတဲ့"
"အော် လတ်ရဲ့သားလေးလား စိမ်းဆီမှာပညာသင်နေတယ်ကြားတယ် ခုမှသေချာမြင်ဖူးတော့တယ် လူချောလေးဘဲ"
"ဟုတ်ကဲ့ အန်တီ ကျေးဇူးပါဗျ"
"အန်တီမခေါ်ပါနဲ့ မမလို့ခေါ်ပါ တို့အသက်မကြီးချင်သေးဘူး"
"အာ ဟုတ် "
"ကဲ စိမ်း လွတ်လွတ်လပ်လပ်နေနော် မမသွားနှုတ်ဆက်လိုက်အုန်းမယ်"
"ဟုတ်ပါပီရှင် စိတ်ချစိတ်ချ "

Ma Ma Sane🍀Where stories live. Discover now