အပိုင်း ၂၁၁ (စာစဉ် ၁၅ အပိုင်း ၁)

581 70 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၁၁ (စာစဉ် ၁၅ အပိုင်း ၁)
ဒီလိုအရာမျိုးရှိလို့လား

"ဒီနေ့ ဆရာ အရမ်း ကံကောင်းတယ်"

"ဂုဏ်ပြုပါတယ် ဆရာ!"

စိတ်သဘောရိုးသူများ ဖြစ်ကြသော်လည်း ယုဟိုနှင့် စုလျန်းသည် ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက်ကြပေသည်။ သူတို့က ယုချုံကို ရိုးရှင်းစွာ ဂုဏ်ပြုလိုက်ကြသည်။
ယုချုံသည် ခေါင်းညိတ်ပြီး သူတို့နှစ်ယောက်ကို နှစ်သိမ့်ပေးလိုက်သည်။ ထိုအခါ သူတို့ အံ့အားသင့်ခြင်း ပျော်ရွှင်ခြင်းများဖြင့် ထွက်ခွာသွားကြ၏။

ယုချုံသည် ချန်ချန့်ကို စိုက်ကြည့်နေသည်။
ထိုကျောက်စိမ်းသေတ္တာများသည် နတ်ဘုရားအာရုံကို ပိတ်ဆို့ထားသော်လည်း ချန်ချန်က အထဲတွင် ရှိနေသော ရတနာများ၏ တန်ဖိုးကို အတိအကျ သိနိုင်ခဲ့သည်။ ၎င်းက အတော်ကြောက်မက်ဖွယ်ပင်။
သူက ထိုရတနာများ၏ အငွေ့အသက်အနည်းငယ်ကို အာရုံခံမိလျှင် အကြီးအကဲ အိုးယန်၏ တန်ဖိုးအရှိဆုံး ရတနာကို သူမ၏ တန်ဖိုးအနည်းဆုံးရတနာနှင့် ယှဉ်ပြရန် သူမကို အရိပ်အမြွက်ပေးလိမ့်မည် မဟုတ်ပေ။
"ဒီကလေးက ထွင်းဖောက်မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်တာလား?"
စိတ်ထဲတွင် ထိုအတွေးထွက်ပေါ်လာပြီးနောက် ယုချုံ၏ အကြည့်သည် အန္တရာယ်ရှိပုံပေါ်လာ၏။

ချန်ချန်က သူမမျက်ဝန်းများကို တွေ့သောအခါ ထိတ်လန့်သွားသည်။
'ဒီမိန်းမက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? သူမက ငါ့ရဲ့ စွမ်းရည်ကို လိုချင်နေတာလား?'
၎င်းကို တွေးမိပြီး ချန်ချန် ရယ်မောကာ သူ့ဆရာကို ပြောလိုက်သည်။ "အဟမ်း ဆရာ ကျွန်တော် ငယ်ငယ်တုန်းက လူအိုကြီးတစ်‌ယောက်ဟာ ကျွန်တော့ကို နိမိတ်ဖတ်ပေးခဲ့ပြီး ကျွန်တော့်ရဲ့ အရင်ဘဝက ကောင်းမှုတွေကြောင့် ကျွန်တော်ဟာ ကောင်းချီးခံလူတစ်ယောက်လို့ ပြောခဲ့တယ်.....ဒါကြောင့် ကျွန်တော်က နည်းနည်းလေး ပါရမီပိုကောင်းပြီးတော့ ရတနာမျိုးစုံကို အာရုံခံနိုင်စွမ်း အတော်လေး ကောင်းမွန်ပါတယ် ဆရာ သိပ်ပြီး မအံဩပါနဲ့ ဒါက လူတိုင်းသင်ယူနိုင်တဲ့ နတ်ဘုရားစွမ်းရည် မဟုတ်ပါဘူး"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 201-300Where stories live. Discover now