KuKuu & Jeon & Jimin

434 20 0
                                    

"အကို ကျွန်တော် အကို့အတွက် အဖိုးတန်လွန်းတဲ့ လက်ဆောင်ကလေး ယူလာခဲ့မယ် လေဆိပ်ကို ဆက်ဆက် လာကြိုပေးနော်" ဟူသော စာတိုလေးကို အခေါက်ခေါက် အခါခါ ဖွင့်ဖတ်ပြီး ကြည်နူးနေရသည်မှာ ဂျီမင်။

ဂျွန်နှင့်သူသည် အိမ်ထောင် သက်တမ်း သုံးနှစ်ရှိနေပြီဖြစ်သည်။ ဂျွန်နှင့်သူဟာ အနေအေးသူများဖြစ်တာကြောင့် စကားများ ရန်ဖြစ်တယ်ဆိုတာ မရှိသလို....တစ်ဉီးရဲ့ ရည်မှန်းချက်ကို တစ်ဉီးက ဖေးဖေးမမရှိကြသည်။

ခုဆို ဂျွန်သည် ကိုရီးယားနိုင်ငံရဲ့ မြေပုံထဲတွင်ပင် ပျောက်နေတဲ့ တိုင်းရင်းသား ကျေးလက်ရွာလေးတစ်ရွာမှာ လုပ်အားပေးပရဟိတ သမား တစ်ဉီးအဖြစ် ကူညီ​နေသည်။ သူကတော့ ရိုးရိုးသာမာန် တိကု ဆရာဝန်။

နှစ်ဉီးနှစ်ဖက်စလုံးက မိဘအသိုင်းအဝိုင်းတွင် သူ့မိခင်သာ အနည်းငယ် အပေါက်အလမ်းမတည့် ပြောတတ်သည်ကလွဲ အားလုံးက ရင့်ကျတ်ကြပြီး အေးဆေးတည်ငြိမ်သူတွေမို့ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းဟာ ဖြောင့်ဖြောင့်လေးပဲ သွားခဲ့ကြသည်။

သက်တမ်းတစ်နှစ်ကုန်ဆုံးတဲ့အခါ ဂျွန်ဟာ အိမ်ထောင်ရေးအပေါ် တာဝန်ကျေခဲ့ပေမယ့် သူ့ငယ်ဘဝရဲ့ ရည်မှန်းချက်ကို သစ္စာဖောက်ခဲ့ရတာကြောင့် ဂျွန့်စိတ်က အလုံးစုံ ရွှင်မနေမှန်း သူရိပ်စားမိနေသည်။

ဒါကြောင့် ညလေးတစ်ညမှာ ဂျွန်ကြိုက်တတ်တဲ့ ဟင်းလေးတွေကို ဂျွန့်ထမင်းပန်းကန်ထဲ ထည့်ပေးရင်း ရင့်ကျတ်စွာ အပြုံးတွေနှင့်  "ဂျွန့်ဖြစ်ချင်တာ အကုန် အကိုလက်ခံတယ်"လို့ ပြောပြီးတဲ့ တစ်ခဏ အံ့ဩခြင်းနှင့် ဝမ်းသာပီတိ ဖြစ်ခြင်းကို ဖော်ပြနေခဲ့တဲ့ ဂျွန့်မျက်လုံးတွေဟာ ကမ္ဘာမြေတွင်သာမက စကြာဝဠာ တစ်ခွင်မှာ အလှပဆုံးအရာလေးတွေပဲလို့ သူထင်မိသည်အထိ။

ကျွန်တော့် မိခင်ကတော့ ထိုအရာကို သိပ်သဘောမကျပေမယ့် ကန့်ကွက်ခဲ့သည်တော့ မဟုတ်။ အနေဝေးလို့ သွေးအေးသွားရင် ဆိုတဲ့ စကားကို သုံးလာတော့

"ကျွန်တော် ဂျွန့်သစ္စာကို ယုံတယ် အမေ။ အဲ့ဒီအတိုင်းပဲ ဂျွန့်ယုံကြည်မှုကလည်း ကျွန်တော့်အပေါ်မှာ အပြည့်အဝရှိတယ် " ဆိုသော

Family ||ဝတ်ထုတို||Where stories live. Discover now