. 17 .

479 69 9
                                    

မြည်းလှည်း​ပေါ်အထုတ်​တွေတင်ရင်း​ဆော့ဂျင်အိမ်ဘက်ကိုခနခနလှည့်​ကြည့်နေသည်။လူအရိပ်အ​ယောင်​တောင်မ​တွေ့ရတာမလို့သက်ပြင်းချမိသည်။​ခြံထဲကို​ခြေလှမ်း​တွေပြန်ဦးတည်ရသည်။

ခြံထဲတွင်နမ်ဂျွန်းနွား​ပေါက်​လေးကိုပွတ်သပ်​နေရင်းသူ့ကိုပင်လာမနှုတ်ဆက်..

" ဒါကျ​နော့်အ​ပေါ်စိတ်မကြည်​နေတာ​ပေါ့​လေ "

" ကျ​နော်ပုံကအဲ့လိုမရှိပါဘူး "

" ခုလိုလုပ်မ​နေပါနဲ့​တော့.နမ်ဂျွန်း.ကျ​နော်ကအစတည်းဧည့်သည်တစ်​ယောက်ပါ "

" ဘာမှမဖြစ်တာမလို့..ခရီးသာ​ကောင်း​ကောင်းထွက်ခွာပါဧည့်သည်ကြီး "

​ဆော့ဂျင်သက်ပြင်းချပီးနမ်ဂျွန်းလက်ကိုသွားဆုပ်ကိုင်လိုက်သည်။ရုန်းထွက်သွားကာမျက်နှာပါလှည့်သွားသည်။

" ကျ​နော်ငိုမိ​တော့မယ်နမ်ဂျွန်း "

နမ်ဂျွန်းဂရုမစိုက်ပါ။

" တကယ်ငိုမှာ "

လှည့်၍ပင်မကြည့်လာ။

​ဆော့ဂျင်မျက်လုံးကိုလက်ဖြင့်အတင်းပွတ်သပ်ပီးငိုဟန်​ဆောင်ကာမူပိုပီးဟန်လုပ်အသံ​တွေပါထွက်ပြသည်။​မြေကြီး​ပေါ်​ခြေ​ဆောင့်​နေရင်း​ချည်သား​ဘောင်းဘီအညို​ရောင်​လေးလည်းဖုတ်​တွေ​ပေကုန်သည်။

နမ်ဂျွန်းလက်​လျှော့ပီး​ဆော့ဂျင်လက်​တွေကိုစုကိုင်လိုက်သည်။ပွတ်​ချေထားလို့နီရဲ​နေတဲ့မျက်လုံး​လေးကိုလက်ကိုင်ပုဝါစ​လေးနဲ့မျက်ဝတ်​လေး​တွေကိုသုတ်​ပေးလိုက်သည်။

" မျက်လုံး​တွေနာကုန်မယ်​လေ "

" နမ်ဂျွန်းမှလှည့်မကြည့်တာ "

" မဟုတ်ပါဘူး "

" ဟင်.. "

" ​ဆော့ဂျင်အ​ပေါ်စိတ်မကြည်​နေတာမျိုးမဟုတ်ပါဘူး...​​​ဆော့ဂျင်ထွက်ခွာသွားတာကြည့်ပီး​နောက်ကလိုက်မိမှာ​ကြောက်လို့ပါ..နှုတ်မဆက်နိုင်ပဲဆွဲထားမိမှာ​ကြောက်လို့ပါ..အဲ့တာ​ကြောင့်..အဲ့​ကြောင့်.. "

နမ်ဂျွန်းစကား​ပြောရင်းမျက်ဝတ်​တွေသိုင်းကာ​ဆော့ဂျင်မျက်နှာကိုပင်​သေချာမမြင်ရ​တော့..။စကားလုံး​တွေလည်​ချောင်းက​နေတက်မလာလို့ကြိတ်မနိုင်ခဲမရဖြစ်မိသည်။

My Lord(Completed✔)Where stories live. Discover now