🛡️Dear Neighbour Girl🛡️
(ချစ်ရပါသောအိမ်နီးချင်း မိန်းကလေး)
~~~~~~~~~~~~~~~~~~~~~~~
အပိုင်း (59)မိဘတွေကိုနှုတ်ဆက်ကာလင်းတို့ ဗိုလ်စိန်မှန်အိမ်ကနေထွက်လာခဲ့ရတဲ့အတွက်လင်းသည်စိတ်မကောင်းဖြစ်မိပါသည်...
မေမေကော မမဒါကော မျက်နှာမကောင်းကြ ဖေဖေဆို စာကြည့်ခန်းထဲကနေကိုထွက်မလာခဲ့...ဒါပေမယ့်လည်း လင်းတို့ခွဲထွက်သွားတာအားလုံးအတွက်အကောင်းဆုံး အထူးသဖြင့် လင်းနှင့်
မင်းသွင်ခအကြောင်း မမဒါကိုမသိစေလိုပါ...
မင်းသွင်ခရဲ့ အကြည့်တွေကို လင်းမနှစ်မြို့ပါ ..
ရှောင်ထွက်လိုက်တာဟာ လင်းအတွက်ကော မမဒါအတွက်ပါအကောင်းဆုံးဖြစ်သည်...
လူကြီးတွေရဲ့အမြင်မကြည်မှုတွေကိုတော့လင်းခံနိုင်ရည်ရှိရမည်ဖြစ်သည်...အပြက်ပြက်နဲ့ နှာခေါင်းသွေးထွက်လာမှာထက်
ဒီအခြေအနေမျိုးကို လက်သင့်ခံထားလိုက်တာကမှ အားလုံးအတွက်ပြဿနာအေးမည်ဖြစ်သည်...."ကိုကို မနက်ဖြန်စျေးဝယ်ထွက်ကြရအောင်နော်"
"သဲငယ်လိုချင်တာဘာရှိလို့လဲပြော ကိုကိုကအကုန်ဝယ်ပေးမှာ"
"မဟုတ်ဘူးလေ ကိုကိုရယ် အိမ်မှာလိုအပ်တာတွေဝယ်ရမယ်လေ ဟင်းချက်ပြုတ်ဖို့ ဘာသားငါးသီးနှံမှ မရှိဘူးမလား"
"သဲငယ်က ဘာစားချင်လို့လဲ"
"အိမ်မှာထမင်းဟင်းချက်ဖို့ပြောနေတာကိုကိုရ"
"ဘယ်သူချက်မှာလဲ"
"လင်း ချက်မှာပေါ့ ကိုကိုရာ"
"အပြင်က မှာစားမယ် ထားလိုက်"
"အိမ်ထမင်း အိမ်ဟင်းမစားချင်တာလားကိုကိုက လင်းလက်ရာကိုမကြိုက်လို့လား လင်းချက်ကျွေးမှာကို မကြိုက်တာလား"
"အဲလိုလည်း မဟုတ်ပါဘူးလေ သဲငယ်ရာ ကိုကိုက သဲငယ်ပင်ပန်းမှာစိုးလို့"
"ထမင်းဟင်း ၂ယောက်စာလေးချက်တာပင်ပန်းစရာလားကိုကိုရာ"
"ဘာပဲဖြစ်ဖြစ်လေ အဲဒါဆို မနက်ဖြန် အိမ်အကူမှာထားတာ လူပိုထည့်ခိုင်းလိုက်မယ် ဟင်းထမင်းချက်ဖို့"
"သြော် ကိုကိုက လင်းချက်တာကို မစားချင်တာပဲ"
မျက်နှာလေးငယ်ပြကာ ဒရမ်မာတွေခင်းနေသောသဲငယ်ကို သူဘယ်လိုရှင်းပြရမလဲ...
YOU ARE READING
🛡️Dear Neighbour Girl(ချစ်ရပါသော အိမ်နီးချင်းမိန်းကလေး)🛡️
Romanceလင်း&လင်းရဲ့တွေ့ဆုံမှုက အိမ်ရှင်နဲ့အိမ်ငှား Branded မှကြိုက်တဲ့အိမ်ပြေးလေးလင်းခေတ်မင်းနဲ့ သာမန်ကောင်မလေး တည်ငြိမ်လင်းသန့်တို့ရဲ့အချစ်ပုံပြင်ကို ဒီficထဲမှာမြင်ရမှာပါ...... Start in _ May 10, 2022 End in _ August 7 ,2022