(Part-2)Unicode

500 26 0
                                    

"သမီးရေ..သွန်း..ဆရာဆီကဒါတွေကို..ကူပြီးယူပေးပါအုံးကွယ်..ဆရာမသယ်ရမှာ..များနေလို့.."
"ဟုတ်ကဲ့....ဆရာမ... သမီးဘယ်ကိုပို့ပေးရမလည်း....."
"သမီးတို့အခန်းဘဲသွားမှာလေ...ခုချိန်ကစာရိတ္တအချိန်ဆိုတော့ အတန်းပိုင်တွေ ဝင်ပေးရမှာ..."
"အော်....ဟုတ်ကဲ့... ဆရာမ...."
(လမ်းတစ်လျောက်လုံးတိတ်ဆိတ်စွာလျှောက်လာခဲ့လေသည်....သွန်းနဲ့စကားပြောတဲ့ဆရာမနည်ကတော့... ဆရာမဒေါ်သွင်ခမ်းနားတဲ့...သွန်းတို့ Aခန်းရဲ့ အတန်းပိုင် Bio သင်တဲ့ဆရာမပေါ့...ခမ်းနားက သွန်းတို့ရဲ့ ကျူရှင်ရဲ့ 9 တန်း/ 10 တန်း မှာ စာသင်တဲ့ဆရာမလေးပေါ့...သွန်း 8 တန်း ကတည်းက...သွန်းနဲ့ရင်းနှီးလာခဲ့တာပေါ့...သွန်းအားအကျရဆုံးဆရာမတစ်ယောက်ပေါ့....ဆရာမကလည်း သွန်းက သူ့သူငယ်ချင်း ရဲ့တူမဆိုတော့...အရမ်းလည်းဂရုစိုက်...အရမ်းလည်းတွယ်တာခဲ့လေတယ်...ဆရာနဲ့တပည့်ဆိုတဲ့အဖြူထည်သံယောဇဥ်လေးကို...အနည်းငယ်အရောင်ဆိုးမိနေတာကို.. သူမကိုယ်တိုင်ပင်မသိသလို..သွန်းလည်းမသိခဲ့ပါ....ဒါပေမယ့် သွန်းအတွက်ကတော့ လေးစားရတဲ့ဆရာမ အားကျရတဲ့ ဆရာမ တစ်ယောက်ထက်မပိုခဲ့ဘူး...လမ်းတစ်လျှောက်လုံးတိတ်ဆိတ်မှုကို ခမ်းနား ကိုယ်တိုင်ဘဲ ဖြိုခွင်း လိုက်လေသည်....)
"သမီး..သွန်းလေး...ကျောင်းတက်ရတာအဆင်ပြေလား...သူငယ်ချင်းတွေကောရှိလား"
"ဟုတ်ကဲ့...ဆရာမပြေပါတယ်...သူငယ်ချင်း တွေလည်းရှိပါတယ်....bio ယူတာချင်းတူကြတယ်လေ...အဲ့တော့တစ်ယောက်ထဲမဖြစ်တော့ဘူး..."
"အေးပါ..အေးပါ..ဒါနဲ့ဆရာမလည်း..အသင်းခေါင်းဆောင်နဲ့ အတန်းခေါင်းဆောင် တွေလည်းရွေးရအုံးမယ်...ဒီအချိန်ကနေစပြီး..ကျန်အချိန်တွေဆက်ယူလိုက်ပြီးတော့...အဲ့ကိစ္စတွေကိုဒီနေ့အပြီးလုပ်လိုက်တော့မယ်...သမီးလည်းကူညီပေးအုံးနော်..ဆရာမကို..."
"ဟုတ်ကဲ့...ဆရာမ သမီးကူညီပေးပါ့မယ်"
(ဒီလိုနဲ့စကားပြောနေရင်း..အခန်းသို့ရောက်လာကာ..နှစ်ယောက်လုံးအခန်းထဲဝင်လိုက်ကြလတယ်...သွန်းတို့9 တန်း Aခန်းနဲ့ ဆရာမ​​များနား​နေခန်းနဲ့က5 မိနစ်လောက်လမ်းလျှောက်ရတယ်..အခန်းရှေ့ကနေလှမ်းကြည့်ရင်တော့နားနေခန်းကလှုပ်ရှားမှုကိုလှမ်းမြင်ရတယ်....ဒါကြောင့် ခမ်းနားကလည်း အခန်းလှုပ်ရှားမှုကိုမြင်ရအောင်ပြတင်းပေါက်နားဘဲထိုင်တတ်တယ်...အမှန်မှန်တော့ အခန်းရဲ့လှုပ်ရှားမှုထက်... သွန်းရဲ့လှုပ်ရှားမှုကို ဂရုတစိုက်နဲ့လိုက်ကြည့်နေတဲ့.... ဆရာမလေးပါ...😁😁)
"မဂ်လာပါ... ဆရာမ..."(ကျောင်းသား/ သူများနှုတ်ဆက်သံ)
"အေး..အေး..မဂ်လာပါ ကွယ်..ထိုင်ကြနော်...သားတို့/သမီးတို့...ဆရာမကအတန်းခေါင်းဆောင်နဲ့... အသင်းခွဲပေးမလို့...ပြင်လိုက်အုံးမယ်...အားလုံးတိတ်တိတ်လေးနေနော်..."
"ဟုတ်ကဲ့ပါ...ဆရာမ...တိတ်တိတ်လေးနေပါ့မယ်..."(ကျောင်းသား/သူ များအသံ)
"အေး..ဆရာမရဲ့ကလေးတွေကလိမ်မာတယ်..."
(ဒီလိုနဲ့ကျောင်းသား/ သူများလည်း အတန်းထဲတွက်စကားပြောရင်းအလှုပ်ရှုပ်နေကြလေသည်...ထိုနည်းတူစွာ...သွန်းတို့.ဆရာ..တပည့်နှစ်​ယောက်လည်း..အလှုပ်နေကြလေသည်...ခဏအကြာတွင်...)
"ကဲကဲ..အားလုံးဘဲ.. ဆရာမအသင်းခွဲပြီးပြီနော်...သေချာနားထောင်ကြ...ဆရာမရွတ်ပြမယ်..."
"ဟုတ်ကဲ့ပါ...ဆရာမ"
"ဆရာမက...အတန်းခေါင်းဆောင် ကိုနှစ်ယောက်ရွေးထားတယ်...မိန်းကလေး တစ်ယောက်..ယောကျာ်း လေးတစ်ယောက်...သူတို့ကတော့....မင်းသစ္စာ နဲ့ သွန်းမြတ်ချယ်...သားနဲ့သမီးက.... အတန်းမှာဆရာမ..မရှိတဲ့အချိန်တွေဆို...အခန်းကိုသေချာတာဝန်ယူပြီ..ငြိမ်အောင်ထိန်းပေးရမယ်နော်...A ခန်းဆိုတာ....ဘယ်ကိစ္စ မဆို အခြားအခန်းတွေရဲ့စံပြဖြစ်တာဘဲဆရာမလိုချင်တယ်...ကိုယ့်တာဝန်ကိုယ်ကျေပါစေနော်.."
"ဟုတ်ကဲ့ ပါ...ဆရာမ သမီးတို့တာဝန်ကျေနိုင်အောင်...အတတ်နိုင်ဆုံး..ဆောင်ရွက်ပါ့မယ်.."
"ဟုတ်ကဲ့...သားလည်းအတတ်နိုင်ဆုံးကြိုစားပါ့မယ်.."
"ဟုတ်ပြီ....အသင်းတွေပြောတော့မယ်နော်...
မြတ်နိုး၊ မိုးမြင့်ယံ  ၊.....တို့ကအနော်ရထာအသင်း
သွန်းမြတ်ချယ်၊ကောင်းခန့်၊...တို့ကကျန်စစ်သား
တိမ်လွှာ၊ကောင်းကင်.....တို့ကဘုရင့်နောင်အသင်း
မေသစ္စာ၊စစ်ငြိမ်း၊....တို့ကအလောင်းဘုရား
တွယ်တာ၊ရှိုင်း၊....တို့ကဗန္ဓုလအသင်း
ကဲဆရာမ..ငါးယောက်တစ်ဖွဲ့ဆီဖွဲ့ပေးထားတယ်...အဆင်ပြေရဲ့လား.."
"ဟုတ်ကဲ့....ပြေပါတယ်...ဆရာမ"(ကျောင်းသား/သူ များအသံ)
"အသင်းတစ်သင်းစီရဲ့ခေါင်းဆောင်တွေက..မြတ်နိုး၊သွန်းမြတ်ချယ်၊တိမ်လွှာ၊မေသစ္စာ၊တွယ်တာ...တို့ကဘဲဦးဆောင်ပြီးတာဝန်ယူပေးပါနော်..."
"ဟုတ်ကဲ့ပါ...ဆရာမ..ရပါတယ်"
"သမီး..သွန်းကောအဆင်ပြေရဲ့လား...တာဝန်ကနှစ်ခုတောင်ဆိုတော့...မပြေရင်ဆရာမကိုပြောနော်..."
"ရပါတယ်...ဆရာမရဲ့...အဆင်ပြေတယ်...ဆရာမကိုကူညီရတာဘဲပြေပါတယ်.."
"ကဲ..ကဲ..ဟုတ်ပြီ...ကလေးတွေလည်း..အတန်းခေါင်းဆောင် တွေရဲ့စကားကိုနားထောင်နော်...အတန်းထဲမှာ ရန်မဖြစ်ကြနဲ့..."
"ဟုတ်ကဲ့..ဆရာမ..သားတို့ /သမီးတို့နားထောင်ပါ့မယ်..."
"ဟုတ်ပါပြီ..ကွယ်..ဆရာမကလေးတွေကလိမ်မာပါတယ်...ချစ်ဖို့လည်းကောင်းကြတယ်.."
"ဆရာမလည်းချစ်ဖို့ကောင်းပါတယ်...ရှင့်/ဗျ..ဆရာမတပည့်တွေမို့လို့..ချစ်ဖို့ကောင်းတာပါ...ဟီး..ဟီး..."
"ဟယ်...ငါ့ကလေးတွေစကားတွေတတ်နေကြတယ်...ဟုတ်ပါပြီ...တံခါးတွေပိတ်ကျ...ကျောင်းဆင်းတော့မယ်...သွန်းကျောင်းဆင်းရင်...ဆရာမနား​ေနခန်းလာခဲ့နော်....အတူတူပြန်မယ်"
"ဟုတ်ကဲ့..ဆရာမ... သမီးလာခဲ့ပါ့မယ်..."
"အေး..အေး..ဆရာမသွားနှင့်ပြီနော်...."
"ဟုတ်ကဲ့.."
"ဟဲ့...သွန်း...ဆရာမကနားနေခန်းလာခဲ့လို့..ပြောတော့နင့်မျက်လုံးအရောင်တောက်သွားတာငါသိတယ်နော်..."
"အေး.. ဟုတ်တယ်..ငါလည်းသတိထားမိတယ်..တစ်ခုခုဘဲနော်..."
"ဘာလား...နင်တို့ထင်သလိုမဟုတ်ဘူးနော်...ဆရာမကိုဒီတိုင်းဘဲကူညီတာ...ဘာစိတ်မှမရှိဘူး...နင်တို့ငရဲကြီးမယ်နော်...နောက်မှငါအေးဆေးပြောပြမယ်...အခုတော့...ငါသွားပြီ..ဆရာမစောင့်နေလောက်ပြီ...ဘိုင့်..ဘိုင့်.."
"သွားမြန်မြန်သွား...ဟိုမှာရွှေစိတ်တော်ညှိုးနေလိမ့်မယ်...."
"အေး...အေးဘိုင့်ဘိုင့်.."
(ဒီလိုနဲ့ သွန်းလည်းနားနေခန်းသို့သွားလေပြီ..ကျန်ခဲ့တာသူငယ်ချင်းတွေကတော့... သွန်းအကြောင်းဆက်ပြေနေလေသည်..."
"ဟဲ့... မြတ်နိုး..ငါတို့အတန်းပိုင်က..သွန်းကိုတော်တော်ဂရုစိုက်တာနော်...."
"ဟုတ်ပ...ဆရာမက...သူ့ကိုစာမသင်ရခင်ကတည်းက... တော်တော်ဂရုစိုက်ရှာတာ..."
"ဟဲ့ရှိုင်းနဲ့စစ်ငြိမ်း နင်တို့ကော....သတိထားမိလား..."
"အေး...ငါလည်း8 တန်းကတည်းက ကျူရှင်မှာသတိထားပြီးကြည့်မိတယ်..."
"ငါကောဘဲ... သတိထားမိတယ်..ဟိုတစ်ခါလမ်းမှာငါနဲ့ သွန်းနဲ့အတူတူပြန်လာတုန်းက ဆရာမနဲ့တန်းတိုးတာ...အဲ့တော့ဆရာမ..စစ်ငြိမ်းနဲ့သွန်းမြတ်ချယ်ဘယ်ပြန်လာတာလည်းတဲ့....နင်တို့နှစ်ယောက်အဲ့လိုသွားတာမသင့်တော်ဘူးဘာညာဆိုပြီးဆူလည်းဆူသွားတယ်... သွန်းကိုလည်းဆွဲခေါ်သွားတယ်..."
"ကဲပါ...ထားပါတော့. အိမ်လည်းရောက်ခါနီးပြီ...လမ်းလဲ မတူတော့ဘူး...သွားတော့မယ်.."
"ဟိုနှစ်ကောင် ...အိမ်ကိုကောင်းကောင်းပြန်နော်..."
"အေးပါဟ...သွားပြီ...တာ့တာ..."
"အေး....တာ့တာ..."
(ဒီလိုနဲ့တစ်နေ့တာ ကျောင်းတက်ချိန်လေးပြီးဆုံးသွားလေပြီ...လူသုံးယောက်ကတော့အတွေးကိုယ်စီနှင့်ဘယ်သူမှစောစောအိပ်ရမည်မဟုတ်ချေ....)

--------။------
ဒီနေရာမှခဏနားပါမယ်နော်...အမှားပါသွားရင်တောင်းပန်ပါတယ်...ဇာတ်ကောင်နာမည်တူမှုရှိပါကလည်းတောင်းပန်အပ်ပါသည်။

#A Yoon

* ဝေးခဲ့... လေပြီ*Where stories live. Discover now