မူလပိုင်ရှင် စစ်တပ်ထဲ စဝင်ခဲ့သည့် အစောပိုင်းကာလများတွင် သူ၏ရုပ်ရည်သွင်ပြင်ကြောင့် ခက်ခဲခဲ့ရသည့်ကာလများ ရှိသည်။ထောင်ထောင်မောင်းမောင်းAlpha များက သူ့ဖို့ ရည်ရွယ်ချက်ရှိရှိ *အနိုင်ကျင့်ဖို့ ကြိုစားခဲ့ကြသည်လေ။အဆုံးသတ်တွင် သူလွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့သော်လည်း ထိုအတွေ့အကြုံက သူ၏ အားနည်းသည့် အခြေအနေကို မုန်းတီးသွားစေခဲ့သည်။ထိုအချိန်မှစကာ သူ၏ကာရိုက်တာက မျက်နှာသေနှင့် ခပ်တန်းတန်းအသွင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
(*ဟိုလို အနိုင်ကျင့်ခြင်းမျိုး)

Beta ဆိုသော ဖြစ်တည်မှုနှင့် ပြည်ထောင်စု၏ မာရှယ်တစ်ယောက်ဖြစ်လာခဲ့ချိန်တွင် သူ၏ရုပ်ရည်နှင့်ပတ်သတ်၍မည်သူမှ မပြောရဲကြတော့။ သူ၏စွမ်းပကားက သူ၏အသွင်ကို လူတိုင်းမျက်စိလျှမ်းသွားသည်အထိ လုံလောက်သွားခဲ့လိုပင်။လိင်ကွဲပြားခြားနားချက်များက ဤလူသားအပေါ် မသက်ရောက်မှန်း လူတိုင်းသဘောတူလက်ခံထားကြ၏။

ဖန်ယွမ်သည် ဝတ္ထုထဲမှ ရည်ညွှန်း မိတ်ဆက်ချက်များကို ပြန်စဥ်းစားရင်းတိတ်တဆိတ် မေးစေ့ကို လက်ဖြင့်ပွတ်လိုက်သည်။ တစ်ခုခုတော့ တစ်ခုခုရှိတယ်လို့ သူထင်နေမိတယ်!သူ အတွေးလွန်နေတာပဲ ဖြစ်မှာပါ! အဲ့လိုပဲ ဖြစ်မှာပါ!

ရေပန်းအောက်မှ ထွက်လိုက်သည့်အခါ ကျဆင်းနေသောရေနွေးများ ရပ်တံ့သွားပြီး အခြောက်ခံစက်က အလုပ်လုပ်လာ၏။တခဏအတွင်း သူ၏ခန္ဓာကိုယ်နှင့် ဆံပင်မှ ရေများ ခြောက်သွေ့သွားသည်။ထို့နောက် ဖန်ယွမ်သည် အဝတ်အစားဝတ်လိုက်ပြီး ထွက်လိုက်သည်။

သူ အခုလောလောဆယ် နှာဘူးမိစ္ဆာသေးသေးလေးကို မတွေ့ချင်သေးဘူး ဆိုမှတော့ စုံစမ်းဖော်ထုတ်တဲ့ကိစ္စတွေကတော့ နောက်မှပေါ့...ဘာပဲဖြစ်ဖြစ် အဲ့ဒါက သူ့စိတ်ထင်သက်သက်ပဲဟာ! အဲ့တာက အလုပ်မဖြစ်ရင်တော့ စိတ်မကောင်းစရာပေါ့!

အိပ်ခန်းထဲမှ ထွက်လိုက်လျှင် အိမ်တော်ထိန်းသည် တံခါးဝ၌စောင့်နေသည်မှာကြာနေပြီဖြစ်ပုံရသည်။သူ့ကိုတွေ့လိုက်ချင်းပင် အိမ်တော်ထိန်းသည် အရိုအသေပြုလာပြီး လေးစားစွာပြောလာ၏။
''သခင် ဟာဝဲလ်အိမ်တော်ရဲ့သခင်ကြီး သူ့ဇနီးနဲ့ အကြီးဆုံးသခင်လေးတို့ လွန်ခဲ့တဲ့နာရီဝက်လောက်ထဲက ရောက်နေပြီး ဧည့်ခန်းထဲမှာစောင့်နေပါတယ်!သခင် သူတို့ကိုတွေ့မလားလို့ ကျွန်တော်မေးပါရစေ!''

အချစ်ပြိုင်ဘက် အရံဂေးဇာတ်ကောင် အဖြစ်သို့Where stories live. Discover now