T/N Eng Tran ပြောထားတာက ဒီ extra လေးကို မူရင်းစာရေးသူက စာဖတ်သူတွေ တောင်းဆိုကြလွန်းလို့ ရေးပေးခဲ့တာပါတဲ့
ARC -7 ' ကမ္ဘာပျက်မှာ ရှင်သန်ဖို့ ရွှေပေါင်လုံးကို ဖက်ကြစို့ ' ဆိုတဲ့ Zombie Arcရဲ့ Extra အတိုလေးပါ ၊ မေ့နေရင် ARC 7ကို ပြန်ဖတ်ကြပါအုံးနော်[ အဆိုတင်သွင်းချက်: အကယ်၍ လိန်းစစ်ယဲ့၊ ဖုန်းကျယ်နှင့် ဟန်လန်သာ အတူတကွ အဆင်ပြေပြေနေနိုင်ခဲ့လျှင်.... ]
ဖုန်းကျယ် ၊ လိန်းစစ်ယဲ့ နှင့် ဟန်လန်တို့ အတူပူးပေါင်း၍ ဇွန်ဘီဘုရင်ကို အနိုင်တိုက်သတ်ဖြတ်ခဲ့ကာ တရုတ်တွင် ထိပ်တန်းအဆင့်အခြေစိုက် စခန်းကို တည်ထောင်ခဲ့သည်ဟူသော ဇာတ်လမ်းလေး ဖြစ်ခဲ့လိမ့်မည်။
သို့သော် ထိုစခန်းရှိ စွမ်းအားရှင်အားလုံးသည် ဤအခြေစိုက်စခန်းတွင် အရေးပါအရာရောက်ဆုံးသော အမိန့်အာဏာရှိသူမှာ ထိုလူသုံးယောက် မဟုတ်လေဘဲ ကျောင်းယွမ် ဟုခေါ်သည့် ကောင်ငယ်လေးသာ ဖြစ်ကြောင်း သိကြ၏။
ထိုလူငယ်လေးသည် လူများ၏ တစ်ဆင့်စကားတစ်ဆင့်နား ထဲတွင်သာ ရှင်သန်နေသူတစ်ယောက်။ စွမ်းအားအထွဋ်အထိပ် အဆင့်ကိုရောက်လုနီး ပါရမီရှင်များသာ ကံကောင်းထောက်မစွာ သူ့ကိုတွေ့ဖို့ အခွင့်ရှိလေ၏။ ကျန်လူများအတွက်ကား ထိုမျှလှပချောမောသည့် လူသားလေးတည်ရှိကြောင်း ကြားယုံသာ ကြားဖူးကြသည်။
မြေခွေးလို ကောက်ကျစ်ပါးနပ်လွန်းသော ဘော့စ်ဖုန်းသည် ထိုလူသားရှေ့တွင်တော့ သူလိုချင်တာလေးရဖို့ မျက်နှာချိုသွေး ဖားယားနေရကြောင်း ၊ ရက်စက်ကာကြောက်ဖို့ကောင်းလွန်းသည့် လူကြမ်းကြီး ဘော့စ်လိန်းသည် ထိုလူသားလေးရှေ့တွင်တော့ ခပ်တုံးတုံးခွေးကြီးလို ဖြစ်နေကြောင်း ၊ အေးစက်ကာ မျက်နှာထားက အမြဲလို ခပ်တန်းတန်းသာ ဖြစ်နေသော ဘော့စ်ဟန် သည်လည်း ထိုလူသားလေးရှေ့တွင်တော့ သိပ်ကို နူးညံ့ညင်သာ ကြင်နာတတ်လွန်းကြောင်း ကောလဟလများက များစွာပင်။ ''ကျောင်းယွမ် '' ဟူသည်နာမည်နှင့်အစချီသည့် ကောလဟလများက လူတိုင်း၏ပါးစပ်ဖျားတွင် စွဲနေတော့၏။
သို့သော် တစ်နေ့ ထိုပါးစပ်ဒဏ္ဍာရီထဲမှ လူသားက တစ်ယောက်ထဲ လမ်းမပေါ်လျှောက်သွားနေချိန်တွင်တော့ မည်သူမျှ သူ့ကို သတိမထားမိခဲ့ကြတော့။
ဖန်ယွမ် မျက်ဖြူသာလှန်လိုက်မိ၏။ ထိုလူကြီးသုံးယောက်လုံးက ယန်ကျွေ့သာဖြစ်ကြောင်း သူသိလိုက်ရသည့်အချိန် သူ့ဘဝကြီးတစ်ခုလုံး ချောက်ထဲပြုတ်ကျသွားသလိုသာ ခံစားလိုက်ရ၏။
တစ်ချိန်က ယန်ကျွေ့ သူ့ကို အကြင်နာပေးရသည်ကို ကြိုက် သည်။ထို့ကြောင့် နေ့တိုင်းထုံးစံမပြတ် မနက်ခင်းအကြင်နာက သုံးဆ ဖြစ်သွားသည်။တစ်ချိန်က ယန်ကျွေ့ သူ့ကို ထိတွေ့ပွတ်သပ်ရသည်ကို သဘောကျသည်။ထို့ကြောင့် သူ့ကို ထုံးစံမပြတ်အသားယူခံရသည့်အကြိမ်က သုံးဆ ဖြစ်သွားတော့သည်။ တစ်ချိန်က ယန်ကျွေ့သည်သူနှင့်အတူတူနေရသည်ကို နှစ်သက်သည်။ ထို့ကြောင့် သူ့ကိုအတူတူနေဖို့ရာ တောင်းဆိုလာသည့်လူက သုံးယောက်ကွဲသွားတော့၏.....
သူဟာ တစ်စုံတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ပြီး တစ်ယောက်ဆိုတစ်ယောက် အတူရှိချင်ခဲ့ယုံသာ။ရလဒ်အနေဖြင့် သူ့ချစ်သူက ရှင်းပြရခက်စွာ သုံးယောက်ကွဲသွားခဲ့ပြီး ထပ်ပေါင်း၍ အတိတ်ပါမေ့နေသေးသည်။ မွေးမိခင်ကြီးရေ ခင်ဗျား ဒီလူကို အသက်ရှင်စေချင်သေးရဲ့လားဟင်! ခင်ဗျားရဲ့ လူ့ကျင့်ဝတ်တွေ ဘယ်ရောက်ကုန်ပြီလဲ!
ဖန်ယွမ်သည် ပြာမှုန်လို သေဆုံးနေပြီဖြစ်သည့် နှလုံးသားနှင့်ရုပ်ရှင်ရုံထဲသို့ လျှောက်ဝင်သွားလိုက်သည်။ ဤရုပ်ရှင်ရုံတွင် ကမ္ဘာပျက်ကပ် မတိုင်မီကာလ ရုပ်ရှင်များကိုသာ ရုံတင်ပြသသည်ဖြစ်၍ သူသည် ''လမ်းခွဲကြစို့'' အမည်ရသည့် ရုပ်ရှင်ကားကိုရွေးလိုက်ပြီးနောက် ပေါက်ပေါက်ဆုပ်နှင့်ကိုလာဘူး ကိုကိုင်ကာ ရုံထဲသို့ဦးတည်လိုက်သည်။
သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိထိုင်ခုံအားလုံးတွင် တစ်ယောက်မှရှိမနေကြောင်း တွေ့လိုက်ရ၏။ ဤသို့ နှလုံးသားကိုနှိပ်စက်လွန်းသည့် ခွေးသွေးဆန်လွန်းသည့် ဒွမ်မာကို မည်သူမျှမကြိုက်ကြသည်မှာ သေချာသည်။ သူ့စိတ်ထဲ သုံးစက္ကန့်လောက် ဇာတ်ကားအတွက် ဝမ်းနည်းသွားမိပြီးနောက် သိပ်ပြီးမကြာလိုက် သူကိုယ်တိုင်ပင် ဆက်မကြည်နိုင်တော့ကြောင်း သိလိုက်ရတော့၏။ ဆယ်မိနစ်လောက်တော့ ပေကပ်၍ဆက်ကြည့်နေပါသေးသည်။ ထို့နောက်တွင်တော့........သူ အိပ်ပျော်သွားတော့၏။