Unicode
အမှိုက်ကောင် ပြန်ရှင်လာပြီ
အပိုင်း ၁၁၅အရှေ့ဘက်ခန်းမထဲတွင် ဇိသာသံစဉ်က ငြိမ့်ညောင်းစွာဖြင့် ထွက်ပေါ်လာသည်။ ဟူဖုန်းက ပြောသည်။
“ကောင်းလိုက်တဲ့သံစဉ်ပဲ။ ဒီဇိသာသံစဉ်က ဒီလိုအချိန်နဲ့ တကယ်လိုက်ဖက်ညီတယ်။ ဒါကိုကြားရသူတိုင်း စိတ်ငြိမ်းချမ်းသွားလိမ့်မယ်။ ဒီဇိသာသံစဉ်ကို ပိုင်လျှိုယွန် တီးခတ်နေတာမဟုတ်လား”
ချီရှောက်ရုန်က ပခုံးတွန့်သည်။
“မဟုတ်ဘူး။ တင်းရွှမ် တီးခတ်နေတာပါ”“တပည့်မင်းရဲ့လက်အောက်မှာ လူကောင်းတွေ အများကြီးရှိနေတာပဲ”
“ပိုင်ရှင်ကိုယ်တိုင်က အရမ်းကောင်းနေမှတော့ လက်အောက်ငယ်သားတွေကောင်းတာက ပုံမှန်ပါပဲ”
ထို့နောက် ပိုင်လျှိုယွန်က စင်မြင့်ပေါ်တွင်ရပ်ကာ အလှလေးများကို ထွက်ပေါ်လာစေလိုက်သည်။ ထို့နောက် ငြိမ့်ညောင်းသည့် သံစဉ်နှင့်အတူ ရောင်စုံ၀တ်စုံများကို၀တ်လျက် လှပစွာဖြင့်ဖျော်ဖြေကြတော့၏။
ချီရှောက်ရုန်က စင်မြင့်ကိုကြည့်ကာပြောသည်။
“အားလုံး အဆင်ပြေသွားဖို့ မျှော်လင့်တာပဲ”“အဆင်ပြေမှာပါ”
“အင်း မျှော်လင့်တာပါပဲ”
ချီရှောက်ယွီက ချီရှောက်ခန်း၏အနားတွင်ထိုင်နေသည်။ သူမက ပြော၏။
“အစ်ကို နင် သိလား၊ဘာလို့ ချင်းချန်အလှကုန်ရဲ့နတ်ဘုရားမမျက်ရည်က လျှိုဟွားရွှမ်မှာ ကျင်းပရတာလဲ”ချီရှောက်ခန်းက ခေါင်းခါသည်။
“ငါလည်း မသိဘူး။ ချင်းချန်အလှကုန်ဆိုင်ရှင်ကို သွားမေးမှပဲ ရလိမ့်မယ်”“ဒီအလှကုန်ပိုင်ရှင်က ဘာဖြစ်နေတာလဲ။ သူတို့က ဘာလို့ဒီလိုနေရာမျိုးကို ရွေးလိုက်ရတာလဲ”
သခင်ကြီးချီက အကျီလက်ကိုခါယမ်းကာပြောသည်။“ဒါက မှောင်ခိုဆိုင်သက်သပ်ပါပဲ။ အဆင့်အတန်းမီတယ်လို့ ပြောလို့မရပါဘူး”
ချီရှောက်ဖူက ၀င်ပြောသည်။“ချီရှောက်ခန်း “…”
ချီရှောက်ယွီ၏ မျက်လုံးများက ရောက်လာသူတိုင်းကိုကြည့်ပြီးနောက် အချို့က မျက်နှာကာများ တပ်ဆင်ထားကြောင်းမြင်လိုက်ရသည်။ သူတို့က တော်၀င်မင်းသမီးများ ဖြစ်လောက်၏။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...