![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Uni
" ကိုကိုဟာကျွန်တော့်ရဲ့
အိမ်ကလေးရယ်မို့ .."___________
" ဒါဆို ငယ်ငယ့် ကို သူက
မွေးစားလိုက်တော့မှာလား ? "" ဆရာမ ကတော့ အဲ့လိုပြောတယ် ..
ဒါပေမယ့် ကျွန်တော် က အဲ့ဒီလူ ကို
ကြောက်လို့ မလိုက်သွားချင်တာ "နှစ်ယောက်သား ပြေးချင်တဲ့နေရာကို
ပြေးလာကြပြီးနောက် ရောက်ရှိလာတာက
ရေကန်ကြီးတစ်ခုအနားကို ။ဂျောင်ဂု က ဂျီမင် ရဲ့ ပခုံးပေါ် ခေါင်းလေး တင်ထားရင် သူ့လက်တွေကဖြင့် ဂျီမင့် လက်မောင်း ကို အားကိုးတကြီး
ဖက်တွယ်ထားလေရဲ့ ။" ကိုကို လည်း အဲ့ဒီလူ ကို သဘောမကျဘူး "
" ကိုကို .."
" ဗျာ ..ငယ်ငယ် "
" ကိုကို နေ့လယ်ခင်းကပြောထားသလို ကျွန်တော်တို့ ထွက်ပြေးကြရအောင် .."
" ဟင် .."
ဂျောင်ဂု စကားအဆုံး တွေဝေသွားမိသည့်
ဂျီမင် သည် ဂျောင်ဂု ကို သာ
ပြန်ကြည့်နေမိရင်း ဘာစကားမှမဆိုမိခဲ့ပါ ။အခုနေ သူ ငယ်ငယ့် ကို သူနဲ့အတူ ခေါ်သွားဖို့ရာ သူ့တွင် ငွေမပြောနှင့် ဖိနပ်တစ်ရံတောင်
မပါလာခဲ့ပါ ၊ အားလုံးက ဂေဟာမှာပဲ
ကျန်ခဲ့သည်လေ ..။" ငယ်ငယ် သာ ဆန္ဒရှိရင် ကိုကို ငယ်ငယ့် ကို အဝေးကြီး ခေါ်သွားပေးမယ် "
" ကိုကို နဲ့ လိုက်သွားရင်
ဟိုလူကြီးခေါ်ရာနောက်
မလိုက်ရတော့ဘူးပေါ့ .."
" အင်း ကိုကို က ငယ်ငယ့် ကို
ကာကွယ်ပေးမှာ .."" ယေးးးး ကိုကို က အကောင်းဆုံးကွ !! "
လက်ခုပ်လက်ဝါးတွေတီးကာ ပျော်ရွှင်နေတဲ့ ဂျောင်ဂု ကို မြင်နေရသည်မို့
ဂျီမင် ကိုယ်တိုင်လည်း ဝမ်းသာနေရသည် ။
သူနှင့် စတင်တွေ့ဆုံတဲ့အချိန်ကစလို့ အမြဲမှိုင်ထွေနေတတ်တဲ့ ကလေးက ထိုကဲ့သို့
တခါမှ မပြုံးရယ်ခဲ့ဘူးလေ ။" အခုလောလောဆယ်တော့ ဂေဟာ ကို
ပြန်ကြရအောင် ..ကိုကို တို့ ပြန်သွားပြီး ဒေါ်လေးဆီ ခွင့်တောင်းကြမယ် .."____________
ညမှောင်နေပြီမို့ လမ်းမီးတိုင်က လျှပ်စစ်မီးအလင်းရောင်ကို အားပြုလျက် သူတို့နှစ်ဦး ဂေဟာ ကို ပြန်လာခဲ့ကြသည် ။
ဂျောင်ဂု ရဲ့ ဖော့ဖိနပ် အနက်ရောင်လေးအား
ဂျီမင် က စီးထားပြီး ဖိနပ်ပိုင်ရှင် ကိုတော့ ဖြင့် သူရဲ့ ကျောပေါ်တင်လာခဲ့လေရဲ့ ..။သူ့လည်ပင်းကို သိုင်းဖက်ထားသည့်
ငယ်ငယ့် ရဲ့ လက်တွေ ၊ နီးကပ်နေသည့် အခြေအနေမို့ ငယ်ငယ့် ကိုယ်သင်းနံ့ကိုတောင် သူအလွတ်ရမိသည်အထိ ။" ကိုကို့ ကိုယ်ငွေ့ကနွေးလိုက်တာ .."
" ကိုကို ကျွန်တော့်အနားရှိနေရင်
ကျွန်တော်လုံခြုံတယ်လို့ ခံစားရတယ် .."" ကိုကို က နတ်သားလေး များလား ? "
" နတ်သားလေးပဲ ဖြစ်မယ် ..
ကျွန်တော့် ရဲ့ ကိုကို က
နတ်သားလေးပါဗျို့ !! "" ကိုကို က နတ်သားလေးမဟုတ်ပါဘူး
ငယ်ငယ်ရဲ့ ..ကိုကို့ မှာ အတောင်ပံ တွေ
မရှိပါဘူး .. ကိုကို က ငယ်ငယ့် ရဲ့
မှီခိုရာလေး ဖြစ်ချင်ရုံပါ "သူ့စကားမှာ ငယ်ငယ် က
တခစ်ခစ် ရယ်လေတယ် ။ဒီကလေး ကို အမြဲတမ်းပျော်ရွှင်စေချင်နေသည်ကို ဂျီမင် မျှော်လင့်နေမိပါ၏ ။
သူ၏ ငယ်ဘဝ လို အရာရာ
ပြည့်စုံစေချင်မိသေးသည် ။