တစ်ပတ်လုံး ဂျုံအင်ဟာ ဆယ်ဟွန်းရှိမယ့် အုတ်ခုံတန်းလေးကို ရှောင်ကာ အသွားအလာလုပ်နေခဲ့တယ်
ဆယ်ဟွန်းကို မြင်ရင် ခံစားရမှာစိုးလို့ ပုံမှန်လို အခေါ်အပြောမလုပ်နိုင်မှာမို့
ဒီတိုင်း သတ္တိနည်းပြီး ရှောင်နေမိတော့သည်
ဒီနေ့က တနင်္ဂနွေနေ့
မေမေ့ကို ကူပြီး ဂျုံအင် ကုတင်ပေါ်မှာ ဖုန်းထိုင်သုံးနေသည်မင်ဂျွန်းတစ်ယောက် ရည်းစားရသွားကြောင်း လိုင်းပေါ် ပုံတင်ကာ ဂုဏ်ဆာနေသည်မို့ မဲ့ရွဲ့ကာ haha reactပေးလိုက်သည်
ရည်းစားရတာ ၁ပတ်မပြည့်သေးဘူး အတော်ဖြစ်နေတာ
ဂျုံအင် newsfeedကို ဆွဲကြည့်ရင်း ပျင်းလာသည် စိတ်၀င်စားစရာ တစ်ခုမှ မရှိပေ
ဆယ်ဟွန်းနဲ့ friendဖြစ်ထားပေမယ့် ဆယ်ဟွန်းက အကြာကြီးနေမှ ပုံတစ်ခါတင်ပြီး ဘာမှ shareလေ့ မရှိတဲ့သူမို့ reactပေးနိုင်သည့် အခြေအနေလေးမှာတောင် မရှိပါ
ဆယ်ဟွန်းရဲ့ profile pictureကို ကြည့်နေတုန်း တက်လာတဲ့ chat headလေး
"မနာလိုကောင် hahaပေးရလား"
ဂျုံအင် messageကို hahaပေးကာ ကြက်အီးပေါက်နေတဲ့ စတစ်ကာပြန်ပို့လိုက်သည်
ဒါကို မင်ဂျွန်းက angry reactပေးသွားသည်
ဂျုံအင် chat headကို ဖယ်ပြီး sehun wallထဲ ပြန်ကြည့်ဖို့ အလုပ် တင်းဆိုပြီး ထပ်တက်လာတဲ့ chat headလေး
ဒီတစ်ခါတော့ မင်ဂျွန်းဆီက မဟုတ်ပါ
လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်က သူကြည့်နေခဲ့တဲ့ profileလေး
ဂျုံအင် လက်ဖျားတွေ အေးသွားခဲ့တယ်
"ဆယ်ဟွန်း ဆယ်ဟွန်းက ငါ့ကို စာပို့တယ်"
ဂျုံအင် မယုံနိုင်သလို တိုးတိုးလေး ရေတွက်ပြီး ကြောင်ကြည့်နေမိတယ်
နောက်ထပ် "တင်း"ဆိုတဲ့ အသံထပ်ကြားတဲ့အခါမှ ဂျုံအင် chat headထဲ အမြန်၀င်ကြည့်လိုက်မိတော့တယ်
"ကျောင်းနားမှာ အသစ်ဖွင့်တဲ့ ကော်ဖီဆိုင်က latteကောင်းတယ်ပြောတယ် မနက်ဖြန် မနက်ဖက် အချိန်ရလား ဂျုံအင်"
YOU ARE READING
One-sided (Z & U)
Romanceဆယ်ဟွန်းကို ကျွန်တော် သဘောကျတယ် ဆယ်ဟွန်းက အမွှေးပွကြောင်ဖြူလေးနဲ့တူတယ် unicode: ဆယ်ဟွန်းကို ကျွန်တော် သဘောကျတယ် ဆယ်ဟွန်းက အမွှေးပွကြောင်ဖြူလေး နဲ့တူတယ်