Part:16

1K 101 6
                                    

Unicode

ဟိုနေ့က သားရဲ့အပြုအမူကြောင့် ရှောင်မားတစ်ယောက် ဒေါသတွေ မနည်းမျိုသိပ်နေရတယ်
သားကို ဒီအတိုင်း လွှတ်ထားလို့ မရတဲ့ပုံမို့ ရှောင်မားတစ်ယောက် ညစ်ကျယ်ကျယ် အပြုံးနဲ့ ပြုံးနေလိုက်သည်။

မိဘတစ်ယောက်အနေနဲ့တော့ လုပ်ပိုင်ခွင့်ရှိတယ် မဟုတ်လား?

သူမဘဝမာ ချွေးမပဲ ရှိစေရမယ် သမက်ဆိုတာ ဘယ်တော့မှ ရှိလာခွင့်ပေးမာ မဟုတ်ဘူး

ဝမ်ရိပေါ် တစ်ယောက် ဟောက်ရွှမ်းနဲ့အတူ လမ်းလျှောက်နေရင်း နောက်မာ တစ်ယောက်
ယောက်က လိုက်နေသလို ခံစားရတာမို့ နောက်ပြန်လည့်ကြည့်တော့ ဘာမှမတွေ့ ဒါပေ
မယ့် သူ့စိတ်ထဲမာက တစ်ယောက်ယောက် လိုက်နေသလို တကယ်ခံစားရတယ်

လည့်ကြည့်လည့်ကြည့်နဲ့ ရိပေါ်ကို ဟောက်ရွှမ်းက သတိထားမိတော့

"ရိပေါ် မင်းဘာဖြစ်တာလဲ?"

"ဟောက်ရွှမ်း မင်းတစ်ခုခုခံစားရလား?"

‌ရိပေါ်စကားကို ဟောက်ရွှမ်းနားမလည်

"မင်းဘာကို ပြောချင်တာလဲ ရိပေါ်"

"တယောက်ယောက်က ငါတို့နောက်လိုက်နေသလို ခံစားရတယ် "

ဟောက်ရွှမ်းလည်း ရိပေါ်စကားကြောင့် လည့်ကာ ကြည့်လိုက်တော့ ဘာမှမရှိ

အလကား ဒီကောင် နည်းနည်းလေးသောက်မိတာ မူးရူးသွားတာပဲလို့ ဟောက်ရွှမ်းတွေးကာ ရိပေါ်လက်ကို ဆွဲရင်း အမူးပြေသွားအောင် ပြေးလိုက်သည်။ ဟောက်ရွှမ်း မသိတာက ရိပေါ်ထင်သလိုမျိုး သူတို့နောက်ကို တစ်
ယောက်ယောက် တကယ်လိုက်နေတယ်ဆိုတာကိုပဲ

ဟောက်ရွှမ်းက ရိပေါ်ကို ပို့ပြီး အိမ်ပြန်လာခဲ့ပေမယ့် ရိပေါ်ကတော့ အခုအချိန်ထိ အတွေးတွေက စောနက သူတွေ့နေတဲ့ လူရိပ်လေးကို ပြန်မြင်ယောင်မိတယ် ။ ထိုလူက ဘယ်သူလဲ ဘာလို့ သူတို့နောက်တာလဲဆိုတာ ရိပေါ်တကယ်မတွေးတတ်

လူကြီးကို ပြောပြတော့လည်း လူကြီးက သူထင်ယောင်ထင်မှားတာလည်း ဖြစ်နိူင်တာပဲလို့ ပြောပေမယ့် သူတကယ် အဲ့လိုမထင်ခဲ့

Special Love (Complete)Where stories live. Discover now