~အပိုင်း(၃၇)~Zawgyi

1 0 0
                                    


သုတအိပ်ရာမှ နိုးလာတော့ သုတတစ်ကိုယ်လုံးသည် ကိုရှိုင်း၏ ရင်ခွင်ထဲ စုံစုံမြှပ်လို့နေ၏။ဒါကိုပင် သဘောကျနေသည့် သုတသည် ခေါင်းလေးမော့လို့ ကိုရှိုင်း၏ မေးဖျားအား အမြတ်တနိုးပင် နမ်းရှိုက်လိုက်သည်။

အအိပ်ကြိုက်သည့် ကိုရှိုင်းက မနက်ခင်းဆို တော်ရုံမနိုးတတ်သည့်မို့ သုတအကြိုက်ဖြစ်နေသည်။သုတ့လက်ကလေးက ကိုရှိုင်း၏မျက်နှာကို အကြိုက် ထိတွေ့ပြီးမှ မနက်စာပြင်ဆင်ရန် သတိရ၍ သုတအား ဖက်ထားသော ကိုရှိုင်း၏လက်များမှ အသာ ရုန်းထွက်ခဲ့ရ၏။

မမြတ်သီရီနှင့် ကိုရှိုင်းကအဆီအနှစ်တွေ
မစားတတ်ဘူးဆိုတာကြောင့် မနက်စာအား ဘိုဆန်ဆန် ပေါင်မုန့်မီးကင်၊ကြက်ဥကြော် အသီးအနှံအချို့နှင့် လိမ္မော်ဖျော်ရည်လေး ဖျော်ပေးကာ ရေချိုးဖို့ ပြင်ဆင်လိုက်သည်။

သုတရေချိုးခန်းမှ ထွက်လာတော့ မမြတ်သီရီက အရှေ့ခန်းရှိ ကိုရှိုင်းဘေးနားရောက်နေသည်။သုတနောက်ကနေ ရောက်နေမှန်း သိမှ ကိုရှိုင်းမျက်နှာပေါ် လှမ်းနေသည့် မမြတ်သီရီ၏ လက်များ ရက်တန့်သွားသည်။သုတသည် မိန်းကလေး တစ်ယောက်အား ထိုမျှ အရှက်မဲ့လိမ့်မည်ဟု မထင်ထား၍ အံဩသလို ကိုယ့်အပိုင်ကို လာထိနေသည့်အတွက် အားနာစိတ်တို့ မရှိတော့ပေ။ထို့အတွက်ကြောင့် သုတ၏မျက်နှာထက်တွင် တွေ့နေကျ အပြစ်ကင်းသော နူးညံ့သည့် ပုံစံအမူအရာများအစား ခက်ထန်သောအကြည့်စူးစူးနှင့်အတူ
မာကြောသော အသံတို့က အစားထိုးဝင်ရောက်ခဲ့လေပြီ။

"အဲ့ဒါ ဘာလုပ်နေတာလဲ!"

သုတ၏ အကြည့်စူးစူးတင်မက မာကြောသော အသံကြောင့် မမြတ်သီရီပင် အနည်းငယ် လန့်သွားရသည်။

"ဘာ..ဘာလုပ်လုပ် နင်နဲ့ဘာဆိုင်လဲ"

"အရှက်မရှိလိုက်တာ"

သုတ နှုတ်ခမ်းမဲ့၍ ခနဲ့ကာပြောတော့

"ဘာ! နင်ဘာစကားပြောတာလဲ"

သုတကို ခွန်းတုံပြန်ရင်း မမြတ်သီရီက မတ်တပ်ရပ်ကာ သုတ၏ပါးအား ရိုက်ရန် လက်ရွယ်လိုက်သည်။

"မမြတ်ဘာဖြစ်လို့လဲ"

မမြတ်သီရီ၏အသံကြောင့် ကိုရှိုင်း အိပ်ရာမှ နိုးလာသည်။ကိုရှိုင်းနိုးလာလာချင်း သုတအား ရိုက်ရန် လက်ရွယ်နေတာကြောင့် အလန့်တကြားပင် အမေးစကားရှိလာလေသည်။

You've reached the end of published parts.

⏰ Last updated: Aug 31, 2022 ⏰

Add this story to your Library to get notified about new parts!

ရနံပျယ်သော အိမ်မက်Where stories live. Discover now