Chapter 8

17 4 0
                                    

Unicode

ကိစ္စအဝဝများအပြီး တစ်လကြာသွားလေသည်။ဤ တစ်လအတွင်း ခွန်လျန်းပြောင်း လဲ ယူခဲ့ရသည်က မနည်းမနော။ သူနှင့် ဖုန်းပြောနေ သည့်တစ်ဖက်ကလူကို

"သူ့အခြေအနေကို နှစ်နာရီတစ်ခါ ပြောပေး"

ကားအနောက်ခန်းတွင်ထိုင်ကာ မအားမလပ် ဖုန်းဒိုင်ခံပြောနေသည်က ခွန်လျန်း။

Air-con ကြောင့် အေးစက်နေသည့် ကားထဲ ရင်ထဲမှ အပူများစွာ၊ အတွေးပေါင်း များစွာနှင့် ယောက်ယက်ခတ်နေသူက လေးတောင့်ကျကျ နဖူးထက်တွင် ချွေးစက်က တွဲခိုလျက်။ အေးစက်နေသည့် air-con လည်း သူ့အပူကို မငြိမ်းစေနိုင်။

တစ်လဟူသည့် အချိန်ကာလသည် ကိစ္စများစွာဖြစ်ပွားရန် လုံလောက်သည့် အချိန်ပမာဏပင်။ ခွန်လျန်းအတွက်လည်း များစွာ ခက်ခဲခဲ့ပါ၏။

မရေမတွက်နိုင်သော အလုပ်များကို တစ်ဦးထဲ ဒိုင်ခံလုပ်နေရသည်။ အဆိုးဆုံးမှာ ပစ္စည်းကို အချိန်မှီမပို့နိုင်တော့ သောကြောင့် ဖောက်သည်ပျက်ပြီး သန်းရာနှင့်ချီ ထုတ် လျော်ခဲ့ရခြင်း။ ပစ္စည်းများက သူ့လက်ထဲခံနေပြီး သွားမပို့နိုင်။

အလုပ်လုပ်ရသည်က ထိုမျှမပင်ပန်း။ မိမိ ဆိုးတူကောင်းဖက် သူငယ်ချင်း၏ အသက် ကို သေမင်းနှင့် အပြိုင်လုနေရသည်က အဆပေါင်းများစွာပိုပင်ပန်းပါ၏။

ယခုလည်း တောင်ကြီးဆေးရုံမှ ရန်ကုန်သို့ ရွေ့လာပြီး ဆေးရုံတွင် ထားနေရသည်မှာ
တတိယအပတ်ထဲ ရောက်နေလေပြီ။ ပစ္စည်းသွားပို့ရင်း လမ်းတစ်ဝက်တွင် ဖမ်းခံရသည်ဟု ကြား၍ ခွန်လျန်း စခန်းသို့ ပျော်ပျော်ကြီး သွားထုတ်ခဲ့ပါသည်။

ထိုနေရာမှစ၍ မှားသွားခဲ့သည်။ စခန်းမှူးတို့က သူတို့ လက်ထဲမရှိဟု ပြောလာသည့် အချိန်၌ ခွန်လျန်း အကြံအိုက်သွားသည်။

တစ်ပတ်တိတိ အဆက်အသွယ်ပျက်သွားပြီး အင်အားသုံးရှာခဲ့သည်။ ပစ္စည်းလည်း ကြားဖြတ်အလုခံရပြီး ကြက်ပျောက်ငှက်ပျောက် ဖြစ်ခဲ့သည်။ ထိုမှတစ်ဆင့် သူတို့အဓိကပို့သည့် ကျည်ကို ဝယ်သူမဟုတ်ဘဲ သုံးနေသည်ဟူသည့် သတင်းနောက် လိုက်မှသာ မိုးထက်သာကို ပြန်တွေ့ခဲ့ခြင်း။

A Special Guy From Taunggyi Where stories live. Discover now

An error has occurred. We're sorry about that!