အပိုင်း(၈)

136 19 2
                                    

no one pov;
seoulမြို့တစ်နေရာ ကြီးကျယ်ခန်းနားလှပသော အိမ်ကြီးထဲ၌ ပစ္စည်းကျကွဲသံများဖြင့် ဆူညံနေသည်.
"အား… ငါသိတယ် ဒီလိုဖြစ်မယ်ဆိုတာ သိနေတယ်် အရေးထဲ စာအတူတူကျက်ဖို့ သူတို့နှစ်ယောက်ကို တွဲပေးလိုက်သေးတယ် jeon jungkook နင်လက်ထပ်ရမယ့်သူက ငါတစ်ယောက်ထဲပဲ အား… ကဲဟာ ကဲဟာ”
"ဒုန်း ဒုန်း”
နံရံ၌ လှပစွာ ချိတ်ဆွဲထားသော တန်းဖိုးသန်းချီရှိသော ပန်းချီးကားများကို မြေပြင်သို့ ဒေါသတကြီးဖြင့် ရိုက်ခွဲပစ်နေသည်.ဤသည်ကို တန်ဖိုးကြီးဆိုဖာပေါ်၌ ထိုင်နေသော  လူတစ်ယောက်သည် လက်တစ်ဖက်က ဝိုင်ခွက်ကို ကိုင်ကာ ဖြည်းဖြည်းချင်းလှုပ်သောက်ပြီး jiminဒေါသထွက်ပေါက်ကွဲနေသည်ကို အရသာခံကာ ပြုံးပြုံးကြီးထိုင်ကြည့်နေသည်.
"jimin ဒီနေ့ရော ဘာဖြစ်လာတာလဲ”
"သူ…jungkook သူတကယ်ကြီး တစ်ခြားတစ်ယောက်ကို ချစ်နေပြီ ကတိကို jungkookက စပြီးဖျတ်ဖို့ပြင်နေတာ”
"jimin သေချာလို့လား သူပွေရှုပ်တာ လူတိုင်းသိနေတာပဲကို”
"သေချာတယ် သူက မဟုတ်ဘူးပြောတောင်မယုံဘူး ဘာလို့ဆို အဲ့တစ်ယောက်ကို မြင်တိုင်း jungkook မျက်လုံးထဲမှာ အချစ်ဆိုတာ မြင်နေရတယ် အား…စိတ်ရှုပ်လွန်းလို့သေတော့မယ် ”
jiminတစ်ယောက် စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေစောင့်ဆွဲကာ အော်နေမိသည်. ထိုင်နေသော သူရဲ့မျက်နှာချက်ခြင်းမဲလာပြီး
"အဲ့တော့ ကိုယ့်နေရာက မင်းနဲ့သူပြဿနာဖြစ်တိုင်း မင်းဒေါသထွက်တိုင်း လာစိတ်ဖြေရတဲ့နေရာလား”
ထိုသူသည် ဒေါသသံဖြင့်ပြောပြီး ထိုင်ရာမှထ၍ ပြတင်းပေါက်ဘက်လှည့်ကာ jiminကိုကျောခိုင်းနေသည်
"မင်းမိသားစုက ကိုယ့်စီးပွားရေးနဲ့ယှဥ်ဖို့ မင်းတို့မင်္ဂလာပွဲအကြောင်းပြပြီး လုပ်ငန်းတွေပူးပေါင်းဖို့လုပ်နေတာ အသိသာကြီး jimin မင်းရှေ့ဆက် ကိုယ့်ဆီမလာသင့်တော့ဘူး”(တကယ့် အကြောင်းက မင်းကိုယ့်ကို တစ်ကယ် မချစ်ဘူးjimin မင်းစိတ်ထဲ jungkookတစ်ယောက်ပဲရှိတယ်)ထိုသူ့၏ စိတ်ထဲတွင်သာ ပြောနေမိသည်.
"မင်းပြန်လိုက်တော့ နောက်ကျနေပြီ ကိုယ့်driverကို မင်းကို လိုက်ပို့ခိုင်းလိုက်မယ်.ထိုသူက ပြောရင်း အခန်းထဲက ထွက်သွားဖို့အပြင်
"daddy”
jiminအချိုသာဆုံးသော အသံဖြင့်ထိုသူ့အားခေါ်လိုက်သည်.ထိုသူရဲ့ ​ခြေလှမ်းများ တုံ့ခနဲရပ်သွားတော့ jimin မဲ့ပြုံးတစ်ချက်ပြုံးကာ အောင်နိုင်သူတစ်ယောက်ရဲ့ ခြေလှမ်းများဖြင့် ထိုသူ့ဆီ လျှောက်လာသည်.jiminသိတာပေါ့ ထိုလူ့ရဲ့အားနည်းချက်က ဘာဆိုတာကို.ထိုသူရဲ့ကျောပြင်ကို နောက်ကသိုင်းဖက်ပြီး ပုခုံးပေါ်မေးတင်ကာ
"minက jungkookကိုချစ်တယ်ဆိုတာ အစတည်းက daddyလည်း သိသားပဲ ဒါပေမယ့် daddyက ချစ်ဆဲပဲမလား အမြဲကြိုဆိုနေတယ်မလား”
ထိုသူ့ရဲ့နားကို မထိတထိနမ်းရင်း လေသံတိုးတိုးဖြင့် ထိုသူကြားရုံပြောလိုက်လေသည်.
"ထိုညက jiminရဲ့ရမ္မက် ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ညတစ်ညပေါ့”

ဂျွန် Where stories live. Discover now