" ယောငယ်"
"ဟင်"
"အလောတကြီးနဲ့ဘယ်သွားမလို့လဲ"
"ငါ...ဟို....ဟို...."
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသောယောငယ်အားသူစိုက်ကြည့်နေလိုက်သည်။တစ်ခုခုကိုပြောရခက်နေသည့်ယောငယ်ပုံစံလေးသည်အတော်လေးချစ်ဖို့ကောင်းလွန်းနေလေသည်။
"နောင်"
"အွန်း"
"ရန်ဖြစ်ခဲ့သေးလား"
"ဟင်"
"ရန်မဖြစ်နဲ့ ငါမကြိုက်ဘူး"
"အင်း ရန်မဖြစ်ပါဘူး"
ထို့နောက်သူတို့နှစ်ယောက်ကြားတွင်ပြောစရာစကားတို့ကုန်သွားသည့်အလား ငြိမ်နေခဲ့ကြလေသည်။နောင်က ယောအားပြုံးကြည့်နေပြီး ယောကတော့နားရွက်လေးတွေရဲကာခေါင်းငုံ့နေလေ၏။ထိုမြင်ကွင်းကို ချောင်းကြည့်နေခဲ့သောတစ်စုံတစ်ယောက်ကိုတော့သူတို့နှစ်ယောက်လုံးမမြင်ခဲ့ကြပေ။
"မပြိုင်ခင်ကတည်းကငါရှုံးရတော့မှာလား နသံ"
ထိုစကားကိုရေရွတ်ရင်း နေစိုး ခြေလှမ်းတို့သည် သူ့နှလုံးသားငယ်လေးနှင့်ဝေးရာဆီ ထိုနှလုံးသားငယ်လေးတည်ရှိရာကျောင်းတော်ကြီးနှင့်ဝေးရာဆီသို့ဦးတည်ခဲ့တော့သည်။စတွေ့သည့်အချိန်ကတည်းက နေစိုးရင်ထဲသို့တိုးဝင်လာခဲ့သည်ထိုကောင်ငယ်လေးသည်ယခုချိန်တွင်နေစိုးနှလုံးသားတစ်ခုလုံးအားအပိုင်သိမ်းသွားခဲ့လေသည်။သူနေစိုးအားသတိထားမိစေရန် နည်လမ်းအမျိုးမျိုးဖြင့်သူ့အားနှောက်ယှက်ခဲ့ဖူးလေသည်။မိမိအားမြင်လျှင် ပြူးကျယ်သွားတတ်သည့်မျက်ဝန်းနက်နက်လေးတွေ သူစလိုက်လျှင်ကျုံ့သွားတတ်သည့် ခန္ဓကိုယ်လေး အပြင်စာတွေမစားသည့်ထိုကောင်လေးကို နေစိုးမြင်မြင်ချင်းချစ်ခဲ့မိပါသည်။
'နီးစပ်ချင်လို့ မင်းအနားမှာပျံဝဲခဲ့တာပါပန်းလေးရယ်
နားခိုခွင့်မရဘူးဆိုရင်တောင် မင်းပွင့်လန်းနေတာကိုကြည့်ပြီး
ကိုယ်ပျော်နေနိုင်ပါတယ်'
YOU ARE READING
မမွှေးသော်လည်း နမ်းထိုက်၏
Fantasyသူငယ်ချင်းအဖြစ်ကနေပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာ၊ထာဝရအတွက်ရည်ရွယ်ခဲ့သောအဖြူရောင်ချစ်ခြင်းတစ်ခု၏အဆုံးသတ်♡