Prologue

56.8K 2.3K 410
                                    

zawgyi

Taehyung အိပ်ရာကနိုးလာသည်နှင့် ခါတိုင်းနေ့ရက်လို လေးလံထိုင်းမှိုင်းခြင်းလည်းမရှိ၊ အိပ်ချင်မပြယ်သေးသော စိတ်မျိုးလည်းမရှိဘဲ သူ့အသိစိတ်နှင့် ခန္ဓာကိုယ်က လွတ်လပ်ပေါ့ပါးနေသည် ။

ကြည်လင်နေသည့် အာရုံနှင့်အတူ Taehyung မျက်လွှာတို့ကို ဖွင့်ဟကြည့်လိုက်လျှင် ခရမ်းရောင်ဆေးသုတ်ထားသော အခန်းတွင်းကြောင့် မျက်တောင်တို့က တဖျတ်ဖျတ်ခတ်သွားရသည် ။

ဒါက ဘယ်သူ့အခန်းလဲ?..

ကုတင်ထက်ကနေ ထထိုင်လိုက်ကာ နူးညံ့အိစက်သည့် မွေ့ရာပေါ်ကို သူ့လက်တို့က နစ်မြှုပ်ဝင်သွားသည် ။

ပထမဆုံးမြင်ဖူးသည့် အခန်းတွင်းကို အံ့အားသင့်လှစွာ သူ ဝေ့ဝဲအကဲခတ်လိုက်လျှင် ပရိဘောဂ ပစ္စည်းတွေလည်းမရှိဘဲ ပြောင်ရှင်းနေလျက် သူတက်အိပ်နေသည့် ကုတင်တစ်ခုသာရှိသည် ။

သို့သော် အခန်းတွင်းက ဖုန်မြူတစ်စက်မျှမရှိ ရှင်းသန့်နေလျက် ကြမ်းခင်းကအစ ခရမ်းရောင်ဖြစ်နေကာ ကုတင်နှင့်မွေ့ရာကလည်း ခရမ်းရောင်သာဖြစ်သည် ။
ထိုမျှသာမကသေးဘဲ သူ့ခန္ဓာကိုယ်ပေါ်က ရှပ်လေးကလည်း ခရမ်းဖျော့ဖျော့ဖြစ်နေကာ သူ့ဆံပင်တွေပါ ခရမ်းရောင်ဖြစ်နေပြီလားဟု တွေးမိလိုက်သည် ။

" Hostရဲ့ဆံပင်ကတော့ ခရမ်းရောင်မဟုတ်လို့ စိတ်မပူပါနဲ့.."

ရုတ်တရက် ကြားလိုက်ရသည့်အသံက စက်ကိရိယာထဲကနေ ထွက်လာသည့်အသံလိုမျိုး ခပ်ရှရှ ။
Taehyung ခန္ဓာကိုယ်လေး တွန့်သွားရရင်း အသံလာရာ ပတ်ပတ်လည်ကို ဝေ့ဝဲရှာမိပေမယ့် ဘယ်သူ့ကိုမျှမတွေ့ ။

" ကျွန်တော်က အပေါ်မှာပါ.. Host..."

Robotအသံလိုလိုက ထပ်မံထွက်ပေါ်လာသည့်အခါ Taehyung မျက်နှာကြက်အပေါ်ကို ဆတ်ခနဲမော့ကြည့်မိလိုက်လျှင် ခရမ်းရောင်ဘောလုံးလေးတစ်လုံးက လေပေါ်မှာလွှင့်မြောနေသည်အား တွေ့လိုက်ရသည် ။

အံ့အားသင့်လှစွာ Taehyung ပါးစပ်အဟောင်းသားလေးနှင့် မော့ကြည့်နေမိသည်မှာ အတန်ကြာ ။

အဲ့ဒီ့ ဘောလုံးက ဘာကြီးလဲ??..

" ကျွန်တော်က ဘောလုံး မဟုတ်ပါဘူး.. Systemပါ.. Host.."

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now