Part 2

15 3 0
                                    

2022

Olive သည် Ethan တတ်သော ဂျပန်စာကို ငါလည်း တစ်နေ့ သင်မယ်ဆိုပြီး ငယ်ငယ် တည်းက တွေးခဲ့သည်။ သူကြိုက်တာလေးတွေ လုပ်ရင် နီးစပ် နိုင်ချေများသည် မဟုတ် လော။
ထို့သို့ဖြူစင်သည့်စိတ်ကိုထားကာ ဆယ်တန်း ပြီးသည်နှင့် ဂျပန်စာကို စသင်တော့သည်။ အခုဆိုရင် N3 level ကိုပင်ရောက်နေပြီး Ethan ထက်တောင်ပိုတော်နေပြီဖြစ်သည်။

ဒီနေ့ ဂျပန်စာ အတန်းရှိသည်။
အအိပ်မက်သော သံလွင်ပင်လေးသည် ညနေ၃နာရီ အတန်းကိုသာ တက်သည်။သို့သော် အခု နေ့လယ်၂နာရီ မှာ တောင် မနိုးသေး။

Beep...Beep...

Ph မြ​ည်သံကြောင့် Olive နိုးသွားသည်။ အိပ်မှုံစုံမွှား နှင့် ph ကိုင်လိုက်သည်။

"hell..hello"

" Hey မနိုးသေးဘူး လား။ "

အော် ဟုတ်သားပဲ ။ အတန်းတက်ဖို့ အတန်း ထဲက အကို Nichole ကို ဖုန်းဆက်နှိုးပေးရန် ပြောထားသည်။

" အင်း ဟုတ် အမ် အခုက ဘယ်နှနှာရီမို့လို့.. "

ပြောပြောဆိုဆို နာရီ ကိုလှမ်းကြည့်တော့ ၂နာရီ ၁၅ ။

" ၂ နာရီ ပဲ ရှိသေးတာကို ဘာပုလို့ နှိုးရတာတုန်း ၃မှထပ်နှိုးပေး"

"တီ...."

တစ်ဖက်မှ Nichole သည် ဒီအခြေအနေကို နေ့စဥ်ကြုံတွေ့နေရသည်မို့ မထူးဆန်းတော့။
နောက်တစ်ကြိမ်သာ ph ထပ်ဆက်လိုက်သည်။

"ဟယ်ရို အိပ်ဦးမှာလို့.."

" အဟမ်းအဟမ်း အတန်းမတက်ခင်ရေခဲမုန့်ဆိုင်လေးဝင်မလားလို့ "

Olive သည် အိပ်နေရာမှ ဝုန်းကနဲထထိုင်သည်။

" အင်းစားမှာပေါ့ လာပြီနော် ဟီး ကျွေးမှာ လား "

Nichole သည် သဘောကျစွာ ရီမိသည်။ Olive ရဲ့ ဟီး သည် အသံကြားရုံဖြင့် သွားကျိုးလေးကို တန်းမြင်နိုင်သည်။ မှိတ်သွားသောမျက်လုံးလေးအပြင် တွန့်တက်လိုက်သော ပုခုံးလေး။ Olive သည် အလွန်သန့်ပြန့်သော ကောင်လေးဖြစ်သည်။ ဆံပင် ညိုကောက်ကောက်ခွေခွေလေးတွေနဲ့ အမြဲဘောင်းဘီတိုဝတ်ကာ ပေါ့ပါးသွက်လက်လျက်ရှိသည်။ Olive ခြေထောက်လေးများသည် ဖြူရှင်းသန့်လွန်းသည်။

My toxic boyfriend Where stories live. Discover now