My Prince Oh SeHun (HunHan)

3.1K 200 0
                                    

ကျွန်တော့် နာမည်က LuHan ပါ။ ကျွန်တော်က တရုတ်နိုင်ငံ့ ရဲ့ မြို့တော် Beijing မှာ မွေးတဲ့ တရုတ်လူမျိုးလေးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကျွန်တော်တို့ မိသားစု ကိုရီးယားမှာ အခြေချဖို့ အကြောင်းဖန်လာတယ်။ ထုံးစံ အတိုင်း ကျွန်တော်ကတော့ တရုတ်ကျောင်းကနေ ကိုရီးယား ယောကျာ်းလေး ကျောင်းကို ပြောင်းရပေါ့။ အဲ့ဒီ့မှာ သူနဲ့ စတွေ့တာဘဲ။

သူ့နာမည်က Oh SeHun တဲ့။ တကယ် ယောကျာ်းချင်းတောင် ငေးယူရအောင် ချောတဲ့သူတစ်ယောက်။ သူကတော့ ကျွန်တော် တို့ကျောင်းရဲ့ King ပေါ့ဗျာ။ မိန်းကလေးများ အသဲစွဲ ကိုယ်တော်ပေါ့။ ကျောင်းမှာ သူ့ရဲ့ Fan Club တောင် ရှိတယ်ဆိုလားဘဲ။ အဲ့လောက်တောင် နာမည်ကြီးတဲ့သူပေါ့။ အဲ့လောက် မိန်းကလေးတွေ သဲသဲလှုပ်ဖြစ်နေမှတော့ သူ playboy ဖြစ်တာ မဆန်းပါဖူး။

ကျွန်တော့်အတွက် ကံအကောင်းဆုံးကတော့ ကျောင်းမှာလဲ သူ့ရဲ့ဘေးမှာ ထိုင်ရတဲ့ အပြင်အိမ်မှာဆိုရင်လဲ ကျွန်တော့် အိပ်ခန်းနဲ့ သူ့အိပ်ခန်းနဲ့ က မျက်နှာချင်းဆိုင်။တစ်အိမ်တည်း မဟုတ်တော့ သူ့အခန်းကို ချောင်းဖို့ ကျွန်တော် မှန်ဘီလူးလေးတစ်ခု ဝယ်ထားတယ်။ သူအဝတ်လဲတဲ့ အချိန်ကလွဲလို့ ကျွန်တော့် သူ့အခန်းကို တစ်မိနစ်ခြားတစ်ခါလောက် ကြည့်တယ်။(ဟီးးဟီးးး ရှက်ထှာ XD)

ကံကြမ္မာက ကျွန်တော့် ကိုမျက်နှာသာ ပေးလွန်းတယ်။ ကျွန်တော့်အဖေက သူ့အဖေရဲ့ ကုမ္ပဏီမှာ ရှယ်ယာ အများဆုံး member တဲ့။ အဲ့မှာ ဇာတ်လမ်းက စတာဘဲ။ သူ့မိဘတွေက သူ့သားကို မိန်းကလေးနဲ့ လက်မထပ်ပေးဘဲ။ ဘာလို့ ကျွန်တော်နဲ့ လက်ထပ်ပေးဖို့ စီစဉ်လဲ မသိပါဖူးဗျာ။ Oh SeHun မကျေနပ်တာတော့ သိတယ်။ ယောကျာ်းလေးတစ်ယောက်ကို သူဘယ်ယူချင်မလဲ။ ကျွန်တော်ကသာ သူ့ကို တိတ်တခိုး ချစ်နေရတော့......... ပျော်လိုက်တာ လွန်ရော။ကျောင်းပြီးသွားတော့ မိဘတွေက သူနဲ့ ကျွန်တော်နဲ့ ကိုလက်ထပ်ပေးတယ်။

ဒီနေ့က ကျွန်တော် တို့နှစ်ယောက်ရဲ့ မင်္ဂလာဦးည။ အဟိ အဟိ ကျွန်တော် ရင်တွေ ခုန်လိုက်တာဗျာ။ သူများတွေပြောတာတော့ မင်္ဂလာဦးည က အရမ်း ကြည်နူးဖို့ ကောင်းတယ်တဲ့။ ဟောာာာ ဟောာာာ အခန်းထဲကို သူဝင်လာပြီ။ ကျွန်တော် သူ့မျက်နှာကို မကြည့်ရဲလို့ ကုတင်ပေါ်မှာဘဲ လှဲနေလိုက်တယ်။ ကျွန်တော့် ဘေးနားမှာ လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရပြီး...............

You'll also like

          

Hun : ငါ ယောကျာ်းလေးတစ်ယောက်နဲ့ အတူတူ အိပ်ဖို့ အသားမကျသေးလို့ စာကြည့်ခန်းထဲမှာဘဲ သွားအိပ်တော့မယ်။

သေလိုက်ပါတော့ LuHan ရယ်။ဘာအသံမှ မထွက်နိုင်ဘဲ ခေါင်းအုံးဆွဲပြီး ထွက်သွားတဲ့ သူ့နောက်ကျောပြင် ကိုဘဲ ကျွန်တော့်မှာ ကြောင်တောင်တောင်ကြီးငေးလို့။ အမလေးးးး ခုနက ရင်ခုန်နေတာတောင် ဘယ်နားရောက်သွားလဲမသိဖူး။ Oh SeHun စုတ်။ ငါ့ရင်ခုန်သံတွေကို လုပ်ရက်တယ်။

ဟို Oh SeHun ဆိုတဲ့ ကျွန်တော့်မိန်းမ အဲ ကျွန်တော့်ယောကျာ်းဆိုလဲ ဟုတ်တာပေါ့နော် သူကတော့ အိပ်တောင်ပျော်နေပြီလား မသိပေမယ့် ကျွန်တော့်မှာတော့ ဟင့် :'( ၁၂း၀၀ ထိုးတဲ့ အထိ မအိပ်နိုင်သေးဖူး။ ဟုတ်တယ်လေ။ ကျွန်တော့်မှာ မင်္ဂလာဦးညကိုတွေးပြီး ဘယ်လောက်တောင် ပျော်ခဲ့ရလဲ ။ အခုတော့ အဟင့် အဟင့် ငိုချင်တယ်။ အိပ်လို့မရတာနဲ့ သူအိပ်နေတဲ့ စာကြည့်ခန်းထဲကိုဘဲ ဝင်လာခဲ့လိုက်တယ်။ ဒီတိုက်ခန်းလေး က နှစ်ဖက် မိဘတွေ လက်ဖွဲ့ထားတာလေ။ အခန်းနှစ်ခန်းဘဲ ပါတဲ့ တိုက်ခန်းကို အရိပ်အခြေသိတဲ့ မိဘတွေက တစ်ခန်းကို စာကြည့်ခန်းလုပ်ပလိုက်တော့ Oh SeHun ဘဝက စာကြည့်ခန်းနဲ့ဘဲ ညားပြီပေါ့။

စာကြည့်ခန်းက sofa ပေါ်မှာ အိပ်နေတဲ့ ကျွန်တော့်ရဲ့ မင်းသားလေး။ မိန်းကလေးတွေနဲ့ဘဲ တွဲလာတဲ့သူက ယောကျာ်းလေးတစ်ယောက်နဲ့ လက်ထပ်ရတော့ ဘယ်လိုလုပ် အသားကျဦးမှာလဲ။ ချစ်တဲ့ ကျွန်တော် ကဘဲ နားလည်ပေးရမှာပေါ့။ နဖူး ပေါ်ဝဲကျနေတဲ့ သူ့ရဲ့ ဆံစလေးတွေကို တစ်ချက်သပ်တင်ပေးပြီး သူ့နဖူးလေးကို တစ်ချက်နမ်းလိုက်တယ် :* အဲ့နေ့က စပြီး ကျွန်တော့်မှာ တာဝန်တစ်ခုရသွားတာက 12:00 ထိုးတိုင်း ကျွန်တော် သူ့ကို သွားသွားနမ်းတာဘဲ။( နဖူးကိုကြောတာ XD )

ဘာဘဲဖြစ်ဖြစ် အချိန်တွေ ကြာလာတော့ ရင်းနှီးလာပါတယ်။ ကျွန်တော်ကတော့ တစ်ရက် ထက် တစ်ရက်ပိုပြီး သူ့ကို တို့းတိုးချစ်လို့။ သူ့ဘက်ကတော့ တစ်ခါတလေကျရင် ဂရုစိုက်သလို တစ်ခါတစ်လေကျရင် အေးစက်စက် နိုင်လွန်းတယ်။ ကျွန်တော် သူ့စိတ်ကို မခန့်မှန်းတတ်ဖူး။

ဒီလိုနဲ့ နေရင်းနေရင်း ကျွန်တော်တို့နှစ်ယောက်ရဲ့ Wedding Anniversary ကြီးကို ရောက်လာလေသတည်းပေါ့ဗျာ။ ဒီနေ့တော့ နှစ်ဦးသဘောတူ Date လုပ်ဖို့ ဆုံးဖြတ်ပြီး ညစာစားဖို့ ထွက်လာခဲ့လိုက်တယ်။ သူနဲ့ ကျွန်တော် လက်ထပ်ပြီးကတည်းက နှစ်ယောက်တွဲပြီး အပြင်ထွက်ဖူးတာ ဒါပထမဆုံးဘဲလေ။ တစ်ခါတစ်ခါလေ company နဲ့ ပတ်သက်တဲ့ party ပွဲတွေက လွဲလို့ပေါ့။

Exo's One Shot CollectionWhere stories live. Discover now