ဂျွန် ကားပေါ်၌ စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်လိုက်လာခဲ့သည်။ နောက်မှာကျန်ခဲ့တဲ့ busanမြို့ကို ကားမှန်ကနေကြည့်ပြီး သက်ပြင်းချနေမိသည်။
ဒုတိယအကြိမ် busanမြို့ကြီးကို ကျောခိုင်းပြီး ထွက်လာခြင်းဖြစ်သည်။ ဒီတစ်ခေါက်တော့
ဂျွန်တစ်ယောက်တည်းမဟုတ်။ ဂျွန့်ရဲ့ဘေးမှာ jungkookရှိသည်။ ဤသည်ကိုက ဂျွန့်အတွက် အားဖြစ်စေသည်။ကားကို အာရုံစိုက်ပြီး မောင်းနေသော jungkookကို ကြည့်ပြီး ဂျွန်ပြုံးလိုက်မိသည်။
"ချာတိတ် ကိုယ့်ကို ကြည့်ပြီး ဘာတွေသဘောကျနေတာတုန်း”
ဂျွန် ခေါင်းကိုရမ်းလိုက်ပြီး
"ဂျွန်ရဲ့မှောင်မိုက်နေတဲ့ဘဝထဲကို အလင်းပေးခဲ့တဲ့ ဦးကို ဂျွန် ကျေးဇူးတင်တယ် သိလား ဦးသာ ဂျွန့်ဆီရောက်မလာခဲ့ရင် ဂျွန့်ဘဝက ဒီပုံစံအတိုင်းပဲ ဆက်သွားနေမှာ အခုတော့ ဂျွန့်ရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ် ပျော်ရွှင်ခြင်းက ဂျွန့်အတွက်ထိုက်တန်လားမသိပေမယ့် ဆုံးသွားတဲ့ paအတွက် ဂျွန့်ကို အ
ခုထိချိန်ထိ ချစ်ပေးတယ့်သူတွေအတွက်
ဂျွန့်ဘဝကို အကောင်းဆုံးဖြစ်အောင်နေတော့မယ်”jungkook ဂျွန့်ရဲ့ပေါင်ကို လက်နဲ့ညင်ညင်သာသာ ပွတ်လိုက်ပြီး
"ဂျွန်က ပျော်ရွှင်ဖို့ထိုက်တန်ပါတယ် အဲ့တာကို သံသယမဖြစ်နဲ့”
"ဦး…ဦး ဂျွန့်ရဲ့ဘေးမှာ ရှိပေးမှာမလားဟင်”
"ရှိပေးမှာပေါ့ ကိုယ်မင်းရဲ့ဘေးမှာ အမြဲရှိပေးမှာ ဟုတ်ပြီလား”ဂျွန် ပါးချိုင့်များပေါ်အောင် ပြုံးပြလိုက်ပြီး
ကားမှန်တံခါးချကာ လက်ကို ကားတံခါးပေါ်ထားလိုက်ပြီး မေးတင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။jungkook ဂျွန့်ကိုတစ်ချက်ကြည့်ပြီး လမ်းကို အာရုံစိုက်ကာ မောင်းနေလိုက်သည်။ jungkookရဲ့ မျက်နှာမှာ ဖုံးကွယ်ထားမရတော့ဘဲ တဖြည်းဖြည်းထွက်ပေါ်လာသော မဲ့ပြုံးတစ်
ခုကိုတော့ ဂျွန်မမြင်လိုက်ပေ။ကားကို ၄နာရီကြာမောင်းပြီးနောက် ကားက seoulထဲကို ဝင်လာတော့သည်။ ဂျွန် jungkookကို ကြည့်လိုက်ပြီး