" အ့...စပ်တယ်..."
ဆရာဝန်နဲ့nurseတွေသည် ဝိုင်းချုပ်ကာ
Jiminလက်မှပွန်းပဲ့ရာတွေကိုဆေးထည့်နေခဲ့သည်။" ခနပဲနော် ...ကျွတ်..ကျွတ်..! "
အရက်ပြန်တွေနဲ့ဂွမ်းဖြင့်အနာကိုသေချာ
သန့်စင်ကာ ဆေးတွေကိုလဲထည့်ပေးနေတာမို့
စပ်ဖျင်းဖျင်း ။ဆရာဝန်ကြီးကတော့ငိုမဲ့မဲ့ဖြစ်နေသော Jiminကို
ကြည့်ကာ ချော့မော့ဆေးထည့်နေသည်။" အား...! "
ပွန်းပဲ့ရာတွေဆေးထည့်နေခြင်းကို
ပိုကဲစွာအော်ဟစ်နေသော Jiminကိုကြည့်ကာ
ဆရာဝန်နဲ့Nurseတွေသည် အမြင်ကပ်နေလောက်ပြီ။" ပြီးတော့မယ်.. နဲနဲလောက်သည်းခံပါဦး.."
တံတောင်ဆစ်နဲ့ လက်တစ်လျှောက်ပွန်းပဲ့ရာများကို
ဆေးထည့်ပြီးနောက် ခြေထောက်မှ ဒဏ်ရာကို
ကြည့်လာသည်။" အဆစ်လွဲသွားတာ....ယောင်တောင်
ယောင်နေပြီ..."Jiminခြေထောက်နားကိုသေချာကြည့်ရှုပြီး
နောက်တွင် ဆရာဝန်သည်Nurseတချို့နဲ့
စကားပြောနေသည်။
ဘာတွေပြောနေကြမှန်းတော့မသိ။
ငိုမဲ့မဲ့မျက်နှာဖြင့်သာ ဘေးတွင်လဲ
မည်သူတစ်ဦးတစ်ယောက်မျှမရှိတာကြောင့်
ပို၍အားငယ်ကာ မေမေနဲ့ဖေဖေကိုပင်လွမ်းလာသည်။
အနည်းဆုံးတော့ Yoongiရှိရင်တော်သေးတာပေါ့။" ကဲ..အရင်ဆုံးပိုးသတ်ဆေးထိုးကြတာပေါ့..."
ခွေးနက်ကြီးပေးခဲ့သည့်ဒဏ်ရာတွေကြောင့်
အခုတော့ ပိုးသတ်ဆေးပါထိုးရတော့မည်။" ဟင်...ဆေး..ဆေးထိုးရမှာလား..."
" ဟုတ်တယ်...မကြောက်ပါနဲ့...အပ်ကသေးသေးလေး"
ဆရာဝန်ကချော့ပြောနေလဲ ဆေးထိုးအပ်ကို
တော့အသေကြောက်သည်မို့ ထအော်ငိုတော့သည်။" ဟေ့ ... မ...မငိုနဲ့လေ...ကလေးလဲ
မဟုတ်ဘဲ...! "ကလေးမဟုတ်ဘာမဟုတ်နဲ့ ထအော်ငို
နေသော Jiminကြောင့် ဆရာဝန်သည်လည်း
အခက်တွေ့ရသည်။" ဆေး..မ...ထိုး...ဘူး..."
" တိတ်...တိတ်ပါတော့..."
" ဆေးမထိုးဘူး...အိမ်ပဲပြန်တော့မယ်..."
YOU ARE READING
အရှင် ( season 2 )