မနက်ခင်းအိပ်ယာမှနိုးထချိန်ရင်ခွင်ထဲတိုးဝင်နေသောအရာလေးကြောင့် အောင်မောင်း စိတ်တွေကြည်လင်လာသည်။ညကသူပြောချင်ရာပြောလိုက်သော်ငြားတကယ်ကြီးအသားချင်းကပ်ကာနွေးထွေးလာစေသူလေးကိုကြည့်ရင်းစိတ်ပူလာရပြန်သည်။အဖျားကူးနေရင်ဒုက္ခ။
ရင်ခွင်ထဲမှကိုယ်လုံးနွေးနွေးလေးကိုဘေးသို့အသာဖယ်ကာနှဖူးချင်းထိကပ်အပူတိုင်းမိတော့အဖျားငွေ့ရှိမနေ၍သူသက်ပြင်းချရသည်။နှဖူးထပ်မှဆံနွယ်အိအိလေးတွေကိုအသာသပ်တင်ကာထိုနဖူးနုနုထံသို့ဦးတည်မိနေသောနှာဖျားသည်ထိကပ်လုစဲစဲမှသတိပြန်ဝင်၏။သူသည်ဝေးသော်အပေါ်ဘာကြောင့်ထိုမျှလောက်အသားယူချင်နေမှန်းမသိတော့ပေ။နဖူးနှင့်နှာတံချွန်ချွန်မထိကပ်စေဘဲဖယ်ခွာကာညကချွတ်ထားမိသာဖျင်ကြမ်းလက်ရှာ်အင်္ကျီကောက်ဝတ်ကာတဲအပြင်သို့ထွက်လာလိုက်သည်။
ခန္ဓာကိုယ်ကိုက်ခဲမူများရှိနေသေး၍နေရထိုင်ရမသက်မသာရှိလှသည်။တဲအပြင်ရောက်ချိန်တွင်စခန်းမှလူတစ်ချို့လည်းနိုးနေကြသည်မို့
အာရုဏ်တက်ရောင်နီပြေးလေးနှင့်ဖယောင်းတိုင်းမီးတို့ဖြင့်လင်းကျင်းနေသည်။ဦးကြီးသည်သူ၏တဲရှေ့တွင်ဝါးကုလားထိုင်လေးဖြင့်ထိုင်ကာဆေးလိပ်ကြမ်းဖွာလျက်ကောင်းကင်သို့ငေးနေလေသည်။ဟိုတလော လင်းရိပ် ပြန်လာပြီးသည်မှစ၍အမြဲတက်ကြွလန်းဆန်းနေသောသူ၏ဆရာတစ်ဖြစ်လည်းဦးကြီးသည်တမှိုင်မှိုင်တထွေထွေဖြင့်အစားလည်းသိပ်မစားသည်မို့ ကြည့် ခင်များအတင်းတောင်းပန်ကြွေးနေရခြင်း။သားသမီးကိုနာကျည်း၍စိတ်ပျက်နိုင်သောမိဘအဘယ်မှာရှိအံ့။ဦးကြီးသည်ခံပြင်းဒေါသ၊အလွမ်းဆိပ်များကြောင့်စိတ်လိုလက်ရပြောလိုက်မိခြင်းကိုနောင်တရနေပုံပင်။ဦးကြီးဟာလင်းရိပ် အဘယ်မျှလောက်မေတ္တာကြီးကာဘယ်အထိမှန်းပြီးမျှော်လင့်ခဲ့သလဲသူသိသည်။
" ဦးကြီး အိပ်မပျော်ဘူးလား "
အောင်မောင်း အသံပေးလေမှ ဦးကြီး ၏မျက်ဝန်းမှိုင်းများသည်ကောင်းကင်ကိုကြည့်နေရာမှသယ့ထံဆိုက်ကပ်လာသည်။ခေါင်းကိုတဖြည်းဖြည်းခါကာ