Unicode
" လမင်းကဒုတိယနှစ်တတ်နေတာလား "
" အင်း ဟုတ်တယ် "
တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ပြီး အဆောင်တွေဘက်ဆက်လျှောက်လာရင်း စကားဆက်မိတာတာ သူကဒုတိယနှစ်ကျောင်းသူတဲ့။
" မိုးစက်က ပထမနှစ်ထင်နေတာ "
" အင်း ဖြစ်တတ်ပါတယ်။ တက္ကသိုလ်ကျောင်းဝင်းထဲမှာဆို အကုန်လုံးကမတိမ်းမယိမ်းတွေပဲကိုး "
သူကလက်ကိုပိုက်ကာ လမ်းလျှောက်ရင်းဆိုတယ်။မနေ့ကလို လက်ထဲမယ်ဖိုင်အိတ်မပါ။
ကျောင်းဝကနေဆိုလျှောက်မယ်ဆို မိုးစက်တို့
မေဂျာကိုအရင်ရောက်တာမို့လို့ ခပ်လှမ်းလှမ်းကသင်္ချာဆောင်ကို လှမ်းမြင်နေရတယ်။" သူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့ ဖုန်းနံပါတ်လဲကြမလား။ အကြောင်းတစ်ခုခုရှိရင်လည်း ဆက်သွယ်ကြတာပေါ့ "
မိုးစက်ပြောလိုက်တော့ သူကခေါင်းတဆက်ဆက်ငြိမ့်ပြီး အနွေးထည်အိတ်ထဲကဖုန်းကိုမိုးစက်ဆီကမ်းပေးတယ်။သဘောပေါက်သွားတဲ့မိုးစက်ကလည်း သူ့ဖုန်းကနေတဆင့် ကိုယ့်ဖုန်းဆီခေါ်လိုက်တယ်။ လွယ်အိတ်ထဲက တုန်ခါလာတဲ့ဖုန်းကြောင့် ပြန်ချလိုက်တယ်။
" အဲ့တာဆိုသွားတော့မယ်နော်။မိုးစက်တို့အဆောင်ရောက်ပြီ "
မိုးစက်နှုတ်ဆက်စကားဆိုတော့ သူကအဆောင်ကိုတစ်ချက်လှမ်းကြည့်ပြီး ပြုံးကာခေါင်းငြိမ့်ပြတယ်။မိုးစက်လည်းသူ့ကိုကျောခိုင်းကာ အဆောင်ထဲဝင်ခဲ့တော့တယ်။
______________________________________လမင်းစာသင်ခန်းထဲရောက်တဲ့အထိ အပြုံးတွေကိုမရပ်နိုင်။ မိုးစက်နွေက မာနကြီးတဲ့လူထဲတော့မပါပေမယ့် သူ့သူငယ်ချင်းတွေကလွဲရင်ကျန်တဲ့သူတွေကို အရမ်းအရောဝင်တတ်တဲ့သူမဟုတ်မှန်းသိတယ်။ လမင်းကျမှဘာလို့ သူငယ်ချင်းလုပ်မယ်ပြောပြီး ဖုန်းနံပါတ်ကအစတောင်းသွားလဲလို့တွေးရင်းနေရာမှာထိုင်နေတာတောင်သတိမထားမိဘူး။
" အမယ်လေး လမင်းသော်တာ။ အခန်းထဲဝင်လာကတည်းက အခုထိပြုံးစိစိကြီးနဲ့ ငုတ်တုတ်မေ့နေတာလား "
YOU ARE READING
Our destiny
Fantasyကံကြမ္မာတွေကိုသာ ကိုယ်တိုင်ရေးရဖို့အခွင့်အရေးရှိခဲ့လို့ရှိရင်လေ မင်းနဲ့သံသရာအဆက်ဆက် တွေ့ခွင့်ရဖို့ဆုတောင်းမိမယ်။ ဆိုးရွားလှတဲ့ကံကြမ္မာတစ်ကွေ့မှာတွေ့ခဲ့ရင်တောင်မှ မင်းကငါ့အတွက်လှပတဲ့ဆုတောင်းလေးပဲ။