Part {12}✨

68 5 0
                                    

Uni

ရွှတ်

နူးညံ့အိထွေးတဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်တွင်မြုပ်နှံထားသော နှုတ်ခမ်းတစ်စုံဟာလည်း

1စက္ကန့်
2စက္ကန့်
3စက္ကန့်
4စက္ကန့်
5စက္ကန့်

ငါးစက္ကန့်မျှအနမ်းပေးပြီးနောက် အနမ်းခံရသူပါးပိုင်ရှင်ကောင်လေးသည် ကြောင်အစွာဖြစ်သွားရတော့သည်။

"လူကြီးခန့်"

" ပြောလေ ဟန်ယွန်"

" ဟင့်အင်း ဘာမှမဟုတ်တော့ဘူး "

သူမဟုတ်သလိုအေးဆေးစကားပြောနေနိုင်သောသူကိုကြည့်၍ဟန်ယွန့်မှာဘာစကားမှမပြောနိုင်တော့။

" ဇာတ်ကားလည်းပြီးသွားပြီ "

" လူကြီးခန့်က အဲ့.. အဲ့လိုကားလည်းကြည့်တာလား"

" အော်... Bl လည်းကိုယ်ကြည့်ဖူးပါတယ် "

" ကြိုက်လား "

" ကြိုက်တော့ကြိုက်ပါတယ် ဒါပေမဲ့ ... ဟန်ယွန့်ကိုပိုကြိုက်တယ်"

"ဗျာ! "

"အခုဘယ်သွားမလဲ"

" အချိန်ကဘယ်လောက်ရှိပြီလဲ"

" 3နာရီ8မိနစ်ရှိပြီ ကြွေရုပ်ကိုသွားကြိုမလား "

" ဟုတ်သွားကြိုမယ် မီးလေးကိုမတွေ့ရတာကြာပြီ"

" ဟုတ်ပြီ ဒါဆိုကိုယ်မမကိုဖုန်းဆက်လိုက်ဦးမယ်"

"ဟုတ်ဟုတ်"

'ဟယ်လို ခန့် '

'မမ ကြွေရုပ်ကိုခန့်တို့သွားကြိုမှာမို့ မမ မကြိုနဲ့တော့နော်'

' ဘာလဲ ဟန်ယွန်လေးနဲ့လား ခန့်ရေ အဆင်ပြေလား'

'ဘာကိုလဲမမ'

'ခန့် နဲ့ အဲ့ခလေးလေး အခြေအနေဘယ်လိုရှိလဲလို့'

'ပြေပါတယ် ဒါပေမဲ့သူကပြန်တော့မှာ နောက်နှစ်ရက်နေရင်'

ပြောရင်းဟန်ယွန့်ကိုကြည့်မိတော့ သူ့အကြောင်းပြောနေမှန်းသိလို့ကြောင်တောင်တောင်လေးနဲ့

'အေး သေချာဂရုစိုက်ပေးလိုက်ဦးနော် ခန့် ၊နင်တို့ ဟို...ဘာညာဘာညာဖြစ်သွားပြီလား '

You'll also like

          

'ဘာကိုလဲမမရဲ့'

'ချစ်သူလေ'

'မဖြစ်သေးပါဘူးမမရယ် နေပါဦး မမ ဘယ်လိုသိ..'

'ကဲကဲ ကြွေရုပ်ကျောင်းဆင်းတော့မယ် '

'မမ'

'နောက်နေ့ပြောပြမယ် ဒါဘဲ'

ခန့်ရှိုင်းမာန် စဥ်းစားရတော့သည် ၊မမတောင်ရိပ်မိတယ်တဲ့ နှင်းယုလည်းရိပ်မိတယ် ဟန်ယွန့်ဘိုးဘိုးလည်းရိပ်မိလောက်တယ် သူဘဲဘာကိုမှမရိပ်မိခဲ့တာလား ကိုယ့်ခံစားချက်ရော သူ့ခံစားချက်ကိုပါ

" လူကြီးခန့်! "

" ဟင် ဟန်ယွန် ဘာဖြစ်လို့လဲ"

" ဟန်ယွန်ခေါ်နေတဲ့ဟာကို ၊ကြွေရုပ်ကိုသွားမကြိုတော့ဘူးလား "

" ဟုတ်ပါပြီဗျ သွားကြိုမယ်လေနော်"

"ဟုတ်"

ကျောင်းရှေ့ရောက်တော့ ခေါင်းလောင်းလည်းအခေါက်ပင် ။

လုံးတုံးလုံးတုံးနဲ့ထွက်လာတဲ့မီးလေးကိုကြည့်ကာဟန်ယွန်အသဲယားရသည် ။ ထိုအချိန်တွင်ဘေးရှိလူကြီးခန့်က

" ဝတုတ်မ ဘာတွေစားလို့အဲ့လိုလုံးလုံးတုတ်တုတ်ဖြစ်နေမှန်းမသိဘူး "

"အဲ့လောက်လည်းမဝပါဘူးကလေးက"

" အင်း...သေချာကြည့်တော့လည်းဟန်ယွန်ပြောသလိုပါဘဲ မဝပါဘူး"

"ချက်ချင်း"

"ဘာပြောတာလဲဟန်ယွန်"

"ဘာမှပြောပါဘူး "

"ဟာ ကိုကို"

ဟန်ယွန့်ကိုအပြေးလာဖက်တဲ့ကောင်မလေးက ကျွန်တော့်ကိုတောင်ဂရုမစိုက်။ Car Driver ဘဝချက်ချင်းပြောင်းသွားရသည်က ကျွန်တော်ပါ။

" ကိုကိုမီးလေးတို့နောက်မှာထိုင်မယ်နော် ၊ ဦးခန့် ကားမောင်းလို့ရပြီနော် "

" ရတယ်မီးလေးသဘော"

"ဘာ!"

"ဟုတ်ကိုကို ၊ မ ဘာ ပါဘူး ဦးခန့်ရဲ့ကားမောင်းလို့ရပြီလို့ပြောတာကို "

" အေး ကျေးဇူး"

အမြဲ ကြွေရုပ် နဲ့တွေ့တိုင်းရန်ဖြစ်နေသော လူကြီးခန့်ကိုကြည့်ပြီး ခလေးဆန်သည်ဆိုတဲ့အတွေးကလည်းဝင်ရောက်လာ၏ ။ ပြီးရင်လည်းမျက်လုံးထဲမှာကြွေရုပ်ကိုမြင်ရင်အသဲတယားယားဖြစ်နေရှာသည်ကလည်းသူပါဘဲ။

Home, Sweet Home (Ongoing)Where stories live. Discover now