ဘာသာပြန်သူ - Erata Team
အပိုင်း(၅၇) နတ်ဘုရားချင်ရဲ့ပထမဆုံးလူပျိုညကို လေလံတင်မယ်
ဖူကျို့က သူတို့ပတ်ပတ်လည်၌ လူအုပ်က အရင်ကထက် ပိုများလာသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် သည်လူများ၏ ခေါင်းပေါ်၌ ကြီးမြတ်လှသည့် သခင်လေးချင်၏ ခေါင်းပေါ်မှ တလက်လက် တောက်ပနေသည့် ဘွဲ့တံဆိပ်လိုမျိုးရှိကြပေသည်။
ဖူကျို့က သူမ မျက်ခုံးကိုပင့်လိုက်ကာ စုပ်လုံးကို ပါးစပ်ထဲ၌ ငုံထားသည်။ ဖူကျို့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ချင်မော့ကို မက်ဆေ့ချ်ပို့လိုက်လေသည်။
"ကြီးမြတ်လှတဲ့သခင်လေးချင်ရေ နင်လေးက တကယ့်ကို ကျော်ကြားတာပဲ၊ အခု တစ်နိုင်ငံလုံးရဲ့ အတော်ဆုံးကစားသမားတွေက နင်လေးအတွက်ရှိနေကြတယ်လေ"
ချင်မော့က ဖန်သားပြင်ကို ကြည့်လိုက်ပြီး ဂရုပင်စိုက်ပုံ မရချေ။"လျှောက်ကြည့်မနေဘဲနဲ့ မွန်းစတားတွေဆီမှာပဲ အာရုံစိုက်"
ဘာလို့ နင်လေး ဒီလောက်တောင် အေးတိအေးစက်နိုင်ရတာလဲဟမ်။
ဖူကျို့က သူမ လက်ချောင်းများမှ တိုက်ခိုက်မှု စွမ်းအားအပြည့် ထုတ်လွှတ်လိုက်သည်။
ပထမဆုံး ဖြိုဖျက်သူဘွဲ့ရရှိခဲ့ပြီဖြစ်လေသည်။
"Spade Z" နှင့် ချင်မော့ နာမည်က ဆာဗာ၏ ကြေညာချက်ဘုတ်ပေါ်၌ ပေါ်လာပေသည်။
ည အတော်နက်နေပြီ ဖြစ်သော်လည်း ကစားသမားများ၏ ချင်မော့အပေါ် အရူးအမူးစွဲလမ်းမှုက မငြိမ်သက်သေးပေ။ သူတို့အားလုံးက ဖန်သားပြင်ကို စိုက်ကြည့်နေကြပေတော့သည်။
ကစားသမားများက အင်တာနက်ဆိုင်က ကစားသမားများဖြစ်စေ၊ နိုင်ငံအဆင့် ကစားသမားများဖြစ်စေ သူတို့က"Spade Z"ကို friend request တစ်ခုပြီး တစ်ခု ဆက်တိုက် ပို့နေကြပေသည်။ သူတို့ request ကို
ဖူကျို့၏ ကောက်ကျစ်သည့် မျက်ဝန်းများက ထိုအခြေအနေကို မြင်လိုက်သည်နှင့် တလက်လက် တောက်ပလာပေတော့သည်။ ထို့နောက် မကောင်းဆိုးဝါးဆန်ဆန် အပြုံးလေးဖြင့် ချင်မော့ဆီ စာပို့လိုက်သည်။
"ဒီညရဲ့ ဘော့စ်ရှင်းခကတော့ အမြင့်ဆုံးအထိ မြင့်တက်သွားတော့မယ်"
ဘော့စ် ရှင်းခ။မန်နေဂျာက သူ့စီအီးအိုကို ထိုသို့ ခိုင်းစားရသည့် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သူ ချက်ချင်း ဈေးတင်လိုက်ပေတော့သည်။
သူက ချက်ချင်းပင် ယွမ်၅ထောင်မှ ယွမ်၁သောင်းအထိ ဈေးတင်လိုက်ပေတော့သည်။
ဂိမ်းလောက၌ ရှိသည့်သူများက ဘယ်သောအခါမှ ပိုက်ဆံမပြတ်ကြပေ။
ဘယ်သူကများ သူတို့ရဲ့ အိုင်ဒေါနဲ့ နီးနီးကပ်ကပ် မနေချင်ကြမှာလဲ။ ပိုက်ဆံထပ်တိုးဦးမယ်။
တစ်ခဏချင်း၌ ဖန်သားပြင်က လေလံပွဲဖြစ်သွားပေတော့သည်။ ဘော့စ်ရှင်းခက ယွမ်၅ထောင်မှ ယွမ်၁သောင်းအထိ ပြေးတက်သွားတော့သည်။
ဖူကျို့က သူမ၏ ခြေတံရှည်များကို ချိတ်ကာ ထိုင်နေသည်။ သူမ၏ ငွေရောင်ဆံပင်များက နားကြပ်ဝတ်ထားခြင်းကြောင့် အနည်းငယ် ပွနေသည်။ ဈေးနှုန်း အဆမတန် ပြေးတက်သွားသည်ကို မြင်လိုက်ရသဖြင့် ဖူကျို့က ချင်မော့ကို အရိုးသားဆုံး မက်ဆေ့ချ်လေးတစ်စောင်ပေးပို့လိုက်လေသည်။
"ကြီးမြတ်လှတဲ့သခင်လေးချင် ငါ ဘာလို့ နင်လေးရဲ့ ပထမဆုံးလူပျိုညကို လေလံတင်လိုက်ရတယ်လို့ ခံစားလိုက်ရတာပါလိမ့် ဟားဟားဟား"
"ဖူ..ကျို့"
ဖန်သားပြင်တစ်ခုစီ ခြားနေသော်လည်း ဖူကျို့က ထိုလူ၏ အံကြိတ်နေသည့်ပုံကို ခံစားလို့ရနေပေသည်။
"တကယ်လို့ မင်းပါးစပ်မပိတ်ဘူးဆိုရင် ငါမင်းကို မင်း လက်တော့ပ်နဲ့အတူ ကန်ထုတ်လိုက်တော့မယ်"
ချင်မော့၏ မျက်လုံးများက လေးနက်ပြီး မည်းမှောင်နေပေတော့သည်။ သူ၏ ရှည်လျားသွယ်လျသည့် လက်ချောင်းများက မောက်စ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ချင်မော့က သူ့သည်းခံနိုင်စွမ်းကို မြှင့်တင်ကာ သည်လူငယ်ကို တစ်ခုခုမလုပ်မိစေရန် ထိန်းထားရပေသည်။
အတွင်းရေးမှူးလျန်က အခန်းထဲကို ဝင်လာသည်နှင့် ချက်ချင်း ဤအခြင်းအရာကို မြင်လိုက်ရတာ ဖြစ်သည်။ သူက ချင်မော့ကို တစ်ချက်ကြည့်ပြီး လျင်မြန်စွာ ပြန်လှည့်ထွက်လာခဲ့သည်။