50.1

18.5K 2.6K 22
                                    

Unicode

ရက်နှစ်ဆယ်အကြာတွင်—

ရှီယွင်နန်တစ်ယောက် လေယာဉ်ပေါ်က ဆင်းတာနဲ့ မသမ်းဘဲ မနေနိုင်တော့။

သူက အနားယူဖို့ဆို သတ်မှတ်ချက်မြင့်တွေရှိတယ်(ကြုံရာကျပန်း အနားမယူနိုင်ဘူး)။လေယာဉ်ရဲ့ အင်ဂျင်သံက နားကြပ်နဲ့တောင် ကာဖို့ ခက်ခဲပြီး တစ်ခါတလေ လေစီးကြောင်းလှိုင်းထန်တာမို့ ကောင်းကောင်း အနားယူလို့မရ။

အချိန်ကွာခြားချက်ကြောင့် လူတစ်ကိုယ်လုံးမှာ ပင်ပန်းနွမ်းနယ်နေ၏။

"ပင်ပန်းနေပြီလား?" လော့လင်းရှန်းက သူ့ကို စိုးရိမ်စွာ ကြည့်လာသည်။ "တရုတ်မှာ ကျန်နေခဲ့ဖို့ ကိုယ်ပြောသားပဲ။ ကိုယ်နဲ့ လိုက်လာစရာမလိုပါဘူး။"

ရှီယွင်နန် နှင့် ယွမ်မိသားစုအကြား ရင်းနှီးမြှုပ်နှံသည့်ပူးပေါင်းဆောင်ရွက်မှုမှာ ချောချောမွေ့မွေ့ပြီးသွားပြီး၊ ဒီဇိုင်နာများအား လိုက်ငှါးသည့်အချိန်တွင် ယွမ်ရွေ့ကလည်း သူရဲ့ ဒေါသလေးကို ထိန်းထားနိုင်ခဲ့သည်။

၎င်းတို့ထဲမှ တစ်ယောက်မှာ ကျောက်စိမ်းလည်ဆွဲကို စေ့စေ့စပ်စပ် ဖန်တီးရာတွင် တာဝန်ယူထားပြီး၊ အခြားတစ်ယောက်မှာ တွဲဖက်ဒီဇိုင်းနာများ စုဆောင်းရာတွင် တာဝန်ယူထားသည်။ အခုထိတော့ အားလုံးက အဆင်ပြေနေလေပြီ။

"လူကဖြင့် ဒီရောက်နေပြီ၊ ဒီစကားပြောဖို့ အရမ်းနောက်ကျလွန်းနေပြီမလား မစ္စတာလော့?"

ရှီယွင်နန်က လော့လင်းရှန်းလည်စီးအား သေချာပြန်ပြင်ပေးရန် ကိုယ်လေးကို ကိုင်းလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်သည်။ "လေးငါးရက်လောက်ပဲလေ။ ခင်ဗျားအတွက် ဒီအချိန်တွေကို ဖြုန်းရတာ ကျွန်တော် အရမ်းပျော်ပါတယ်။"

ထိုသို့ပြောပြီးနောက် သူက လော့လင်းရှန်းရဲ့ နှုတ်ခမ်းပါးပါးလေးအား နမ်းလိုက်သည်။

ဖြတ်သွားတဲ့ ခရီးသည်တစ်ဦးမှာ သူတို့နှစ်ယောက်ရဲ့ ရင်းရင်းနှီးနှီးဆက်ဆံရေးကိုမြင်ပြီး ဖော်ရွေစွာ ဂုဏ်ပြုပေးလာသည်။ "ကွန်ဂရက်ကျူလေးရှင်း! မင်းတို့နှစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now