Part 6 Uni/Zawgyi

912 10 0
                                    

ကမ္ဘာမကြေအမုန်း

   အခန်း { ၆ }

" ဝဿန် "

စင်ကာပူထွက်သွားပြီတဲ့လား စျာန် ရယ်နင်ငါ့ကိုထားခဲ့လိုက်တာပေါ့ စျာန် ကျွန်မကိုထားခဲ့ပြီလေကျွန်မဘဝမှာမမျှော်လင့်ထားတဲ့ကြမ္မာဆိုးကျရောက်ခဲ့ပြီလေအန်တီခေါ်သံကြောင့်ကျွန်မမျက်ရည်တွေသုတ်ဖို့အတွက်ကိုတစ်ရှုးထုတ်ရန်စားပွဲရှိအံဆွဲကို
ဖွင့်လိုက်မိသည်

" ဟင် … စာတစ်စောင်ပါလား စျာန် နာမည်နဲ့ပဲ "

ကျွန်မစာကိုဖတ်ရန်စာရွက်ကိုဖြည်လိုက်မိသည်

" ဝဿန် "

" ရှင် အန်တီခေါ်လား "

" အေးကွယ် "

" သမီးကို အန်တီဘုရားတင်ဖို့ပန်းခူးခိုင်းထားတာရောခူးပြီးပြီလား "

" ဟုတ် ပြီးပါပြီ "

" အေး … အေး "

" အန်တီခိုင်းစရာမရှိရင်သမီးကိုသွားခွင့်ပြုပါဦး "

" မရှိဘူး "

ကျွန်မအခန်းထဲပြန်ဝင်လာပြီးစာကိုပြန်ယူ၍
ဖတ်လိုက်မိသည်စာမှာရေးထားတာက _

  သို့

       ဝဿန် နင်စိတ်ဆိုးနေမှာငါသိပါတယ်
      ငါလည်းမသွားမဖြစ်သွားရတာပါနင့်ကို
      ပြောဖို့အချိန်မရတော့လို့နင်းကလည်းဒီ
      ကိုပြန်မလာသေးတော့ငါမပြောဖြစ်တော့
      ဘူးနင့်ကိုလည်းငါအမြဲလွမ်းတယ်နင့်ဆီ
      လည်းအမြန်ဆုံးပြန်ခဲ့မယ်ဒီမှာအခြေ
      အနေတွေကောင်းတာနဲ့ငါအမြန်ဆုံးပြန်
      လာခဲ့ပါ့မယ်နင့်ကိုလည်းထားမသွားဘူး
      အမြဲသတိရနေမယ်အရမ်းချစ်တယ်

                                           နင့်ကိုချစ်တဲ့ စျာန်

" ဒါဆို စျာန် ကငါ့ကိုထားမသွားဘူးပေါ့ "

ကျွန်မအထင်လွဲခဲ့တာပဲ စျာန် ကကျွန်မကိုဘယ်တော့မှထားမသွားဘူး စျာန် ကကျွန်မကိုအရမ်းချစ်တာဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး

" ဝဿန် "

" ရှင် "

" နင်ငါ့ကိုတကယ်ပဲအစ်ကိုအရင်းတစ်ယောက်လိုမျိုးသဘောထားလား "

You'll also like

          

" ထားရုံမဟုတ်ဘူး အစ်ကိုကညီမအစ်ကိုပါ
ပဲ "

" ဒါဆို အစ်ကိုမေးတာဖြေမလား "

" အစ်ကိုကဘာမေးမလို့လဲ "

" မှန်မှန်ဖြေနော် "

" ဘာမို့လို့လဲ "

" ဝဿန် နဲ့ စျာန် ကဘယ်လိုပက်သက်မှုလဲ "

" ရှင် … အစ်ကိုဘာကိုဆိုလိုတာလဲ "

" အစ်ကိုမေးတာ ဝဿန် ကောင်းကောင်းသိပါတယ် "

" အဲ့ဒါက "

" စျာန် နဲ့ချစ်နေကြတာလား "

" အဲ …………… "

ကျွန်မခေါင်းညိတ်ပြလိုက်ရသည်

" မေမေသိရင် ဒုက္ခပဲ "

" အစ်ကိုရယ် ဝဿန် တောင်းပန်ပါတယ်
အန်တီ့ကိုမပြောပါနဲ့နော် "

" ဒီတိုင်းတော့ဘယ်ရမလဲ "

" ……… "

" အဟမ်း ……… "

" ဝဿန် ဘာလုပ်ပေးရမလဲ "

" ဒီလိုမှာပေါ့ ညစားကောင်းကောင်းချက်ကျွေးရမယ် "

" အစ်ကိုကလည်းရတာပေါ့ ရှယ်ချက်ကျွေးမယ် "

" အိုကေ Good "

" လာ "

ကျွန်မတို့နှစ်ယောက်ပြိုင်တူရယ်မောလိုက်ကြသည်ပြီးမှအိမ်ထဲဝင်ခဲ့သည်

အခန်း { ၇ } မျှော်

မနေ့ကမတင်လိုက်လို့
ဒီနေ့ ၂ ပိုင်းတင်ပေးတာပါ
Like & Comment ပေး
ကြဦးနော် သဲတို့

#ခွန်းစစ်ဝဒီ

Zawgyi Version

ကမ္ဘာမကြေအမုန်း

   အခန်း { ၆ }

" ဝဿန် "

စင်ကာပူထွက်သွားပြီတဲ့လား ဈာန် ရယ်နင်ငါ့
ကိုထားခဲ့လိုက်တာပေါ့ ဈာန် ကျွန်မကိုထားခဲ့ပြီ

" ဟင် … စာတစ်စောင်ပါလား ဈာန် နာမည်နဲ့ပဲ "


ကမ္ဘာမကြေအမုန်း (Completed) OCWhere stories live. Discover now