Chapter 43

1.8K 376 14
                                    

လုချောင်ယဲ့သည် အခုအချိန်တွင် အမှန်တကယ်ကို အရှက်မဲ့စွာဖြင့် သတိတရားအား လေထဲသို့ ကန်ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။ သူ၏ မျက်နှာအမူအရာမှာ အတော်လေး ရူးပေါပေါနိုင်လှကာ သူသည် လျှာတစ်လစ်လေး ထုတ်ပြပြီး "ငါက တာ့ဟေးပဲကွ" ဟူ၍ သက်သေပြလို့ နီးပါးပင် ဖြစ်သည်။ မဟူရာ ၏ သူဌေးဖြစ်သူအား ကာကွယ်ပေးရန် အသင့်ပြင်ထားကြသော ပွဲကြည့်ပရိသတ်အပေါင်းမှာပင် ကြောင်တောင်တောင် ဖြစ်သွားရသည်။

ဒီလိုကိစ္စမျိုးက... သူတို့ ကူညီပေးဖို့ မလိုလောက်တော့ဘူး ထင်ပါရဲ့။

တာ့ဟေး သေဆုံးသွားပြီးကတည်းက ကျန်းဟန်မှာ လူတကာ နားလည်ပေးနိုင်စွမ်းရှိသည့် အတိုင်းအတာထက် အဆများစွာ ကျော်လွန်သည့် ကြေကွဲဝမ်းနည်းဖွယ် အချိန်ကာလအား တစ်ကိုယ်တည်း ဖြတ်ကျော်ခဲ့ရသည်။ သူသည် သူ့ခံစားချက်အားလုံးအား သိမ်းဆည်းသိုလှောင်ထားကာ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင်သာ မြှုပ်နှံပစ်ခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်ခံစားချက်များမှာ ရေသေကန်ကဲ့သို့ပင် တည်ငြိမ်ကာ အပြောင်းအလဲ မရှိလှသလို သူသည် ဒေါသလဲထွက်ခဲပေသည်။ အပြင်လူများသည် သူနှင့် ဘာမှ မသက်ဆိုင်လေရာ သူ ဘာကိုများ ပူပန်နေရမလဲ? 

လူတိုင်းလိုလိုပင် သူ့အား EQ မြင့်ကာ စိတ်ရင်းကောင်းပြီး နူ့ညံညင်သာ နွေးထွေးသည့် ကိုယ်ရည်ကိုယ်သွေး ရှိသည်ဟု ဆိုကြသည်။ တကယ်တော့ သူသည် နူးညံ့ညင်သာတတ်သည့် မျက်နှာဖုံးတစ်ခုအား ဝတ်ဆင်ကာ လူတိုင်းအား တန်းတူညီမျှ ဆက်ဆံတတ်သည်ဟု ဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။ လူများအတွက် သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်အတွင်းသို့  အတွင်းကျကျ ဝင်ရောက်နိုင်ရန်မှာ ဖြစ်နိုင်ချေမရှိသလောက် ခဲယဉ်းလှပေသည်။ သူ လူတိုင်းအား ပြသတတ်သည့် နူးညံ့ညင်သာမှုဆိုသည်မှာ တကယ့်တကယ်တွင်တော့ လျစ်လျူရှုခြင်း တစ်မျိုးသာ ဖြစ်ပေသည်။ 

ယနေ့တွင်တော့ ကျန်းဟန်၏ ရေသေကန်ကဲ့သို့ ငြိမ်သက်နေသည့် နှလုံးသားတွင် တခါမှ မကြုံတွေ့ခဲ့ဖူးသည့် လှိုင်းဂယက်တို့က ထန်လာရသည်။ သူသည် လုချောင်ယဲ့အား မနှစ်မြို့သော်လည်း ကျန်းဟန်သည် တခြားသူများအား တခါမှ မပြသဖူးခဲ့သည့် စိတ်ခံစားချက်တို့အား အနှီလူထံ ထုတ်ဖော်ပြသမိလေသည်။ နောက်ပြီး သူ မနှစ်မြို့လှပါသော ထိုသူမှာ အရှက်မဲ့စွာဖြင့် တာ့ဟေး အကြောင်းအား ထပ်ခါထပ်ခါ စကားဦးသန်းနေလေရာ ကျန်းဟန်၏ သံချေးအထပ်ထပ် တက်နေသည့် ခံစားချက်တို့မှာ စတင် ပြေလျော့လာခဲ့သည်။ ၎င်းသည် ဒေါသတရားကြောင့် ဆိုလျှင်တောင်မှ သူ၏ အချိန်အတော်အတန်ကြာ ဖုံးကွယ်ထားခဲ့သည့် ခံစားချက်တို့အား တစ်ပါးသူရှေ့မှောက်တွင်  ထွက်ပေါ်လာစေနိုင်ခဲ့ပြီ ဖြစ်သည်။ 

မျက်မမြင် အကူခွေးလေး ( The Seeing Eye Dog)Where stories live. Discover now