Chapter(131)

271 27 0
                                    

နွေဦး၏ကြင်နာယုယသော နေရောင်ခြည်အား မြက်နုများကပြန်ပေးဆပ်နိုင်သည့် နည်းလမ်းမရှိသကဲ့သို့!

ရွယ်လင်ဂျီသည် သူမ၏ နှင်းမုန်တိုင်းနဂါးပေါ်၌ ရပ်နေကာ လေနှင့်နှင်းများက သူမအားလှည့်ပက်နေ၏။ သူမသည် တိုက်ပွဲပြီးဆုံးသည့်အချိန်အားစောင့်ဆိုင်းနေကာ သူမအားမည်သူကမှတားနိုင်တော့မည်မဟုတ်ချေ။ 

“လွယ်လွန်းတယ်။”  သူမ၏ နှုတ်ခမ်းအားကးသပ်လိုက်၏။

ထိုစကားအားပြောပြီးနောက် သူမ၏နောက်ကျောဘက်၌ အပူများကဟပ်လာသည်အားတွေ့လိုက်ရသည်။ ရွယ်လင်ဂျီက လှည့်ကြည့်လိုက်သောအခါ မီးတောက်ချပ်ဝတ်အားဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်အားတွေ့လိုက်ရလေ၏။

ထိုအခါ သူမက လှောင်ရယ်လိုက်သည်။  "နင်ကိုး!"

သူမတို့နှစ်ယောက် ယခင်တွေ့တုန်းက လီတျန်းမင်သည် သူမထံမှလွတ်မြောက်သွားရုံသာမက သူမ၏သားကောင်ကိုပင်ကယ်တင်သွားနိုင်ခဲ့၏။ သို့သော်တစ်ခါအောင်မြင်သော်လည်း နောက်တစ်ခါအောင်မြင်နိုင်သည်ဟုမပြောနိုင်ချေ။ နတ်သုဓ္ဒာအား သုမထံမှလုယုရန် ရဲစွမ်းသတ္တိရှိခြင်းသည် သူမ၏ သတ်ဖြက်ချင်စိတ်အား လှုံ့ဆော်နိုင်ပေ၏။

“နံပါတ်ကိုးဆိုတာ အင်ပါယာတွေအတွက်နံပါတ်ပဲ။ နင့်ကိုသက်ရင် နင်ကငါ့ရဲ့ ကိုးယောက်မြောက်အသက်ခံရသူဖြစ်လာမှာဆိုတော့ မဆိုးပါဘူး။  နင်က ဟင်္သါပြဒါးနိုင်ငံကမဟုတ်လား။ နင့်နာမည်ဘယ်လိုခေါ်လဲ" 

"ငါ့နာမည်လား။ ငါ့နာမည်က ရို့ဒဲဒီပါ" စကားပြောနေစဉ်တွင် သူ၏ ထာဝရငရဲသားရဲကီသည် ပြင်းပြစွာဖြင့် ပူလောင်နေပြီဖြစ်သည်။

"ရို့ဒဲဒီ...ဘာနာမည်ကြီးတုံး။ အင်း...အရေးမကြီးပါဘူးလေ။ နင်ကသေတော့မှာမို့လို့ပဲ"  ရွယ်လင်းဂျီက ပြုံးကာ သူမနှင့် နှင်းမုန်တိုင်းနဂါးတို့သည် လီတျန်းမင်ဆီသို့ပျံဝဲလာကြ၏။

ကြက်ကလေးသည် ကြောက်ရွံ့ခြင်းမရှိဘဲ ၎င်းတို့အား ရင်ဆိုင်လိုက်ရင်း ၄င်း၏မျက်နှာပေါ်တွင် ထပ်တူထပ်မျှ ဆိုးရွားသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now