အခန်း(၁၄)

824 132 65
                                    

Unicode

ကျောင်းဆေးခန်းမှဆရာ၀န်က တိုးဘုန်းဝေကိုသေချာစစ်ဆေးပြီးနောက် မြို့ထဲကဆေးရုံအထိသွားစရာမလိုကြောင်းနှင့် စိတ်ပူစရာမရှိတော့ကြောင်း ရပ်စောင့်နေကြသည့် သိင်္ခမောင်၊မြတ်မုဒ၊သုသျှင်မင်းသန့်နှင့်မြတ်သုခအပါအ၀င် ဆရာများကိုပါအသိပေးလာသည်။ 

လူနာကခဏတာသတိလစ်သွားရုံသာဖြစ်ပြီး ဦးခေါင်းတွင်လည်းထိခိုက်ဒဏ်ရာမရှိပါ။ ကာချလိုက်သည့်ညာဘက်လက်ဖျံတစ်လျှောက်သာ ကွဲသွားတာဖြစ်သည်။ နည်းနည်းတော့ချုပ်ရမည်ဖြစ်ပြီး ကျောင်းဆေးခန်းမှာပင် အကုန်လုပ်ပေးနိုင်သည်ဟု ဆရာ၀န်ကအာမခံလာပါ၏။

"တော်သေးတာပေါ့"

မြတ်မုဒကကုတင်အလွတ်တစ်ခုအပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်တော့သည်။ သူ့စိတ်အားအခုမှလွှတ်ချလိုက်သလိုပင်။ 

သျှင်မင်းကလည်းအနည်းငယ် စိုးရိမ်ပူပန်နေသယောင်ရှိပါသည်။ ပါးစောင်အတွင်းသို့ တမြုံ့မြုံ့ကိုက်၍ လမ်းလျှောက်နေသည်။ 

ဆရာသော်တာဝေ၊ကျောင်းအုပ်နှင့်ဆရာ၀န်က လူနာနှင့်ပတ်သက်၍ စကားစမြည်ပြောနေကြသည်။ဆရာသော်တာဝေ၏အင်္ကျီကမုန့်လက်ဆောင်းဖတ်များကပင် သွေ့ခြောက်စပြုနေပြီး သျှင်မင်းအားပြီးမှ သည်ကိစ္စရှင်းမည်ဟူ၍လည်း ကြိမ်းထားပါ၏။

မြတ်သုခကလူနာဘေးတွင် တစ်ချိန်လုံးရှိနေခဲ့သည်။မုဒတို့ရှိနေသည့် အပြင်ဘက်သို့ပင်ထွက်မလာခဲ့သေးပေ။

တီးတိုးတီးတိုးအသံများဖြင့်သာ မတိုးမကျယ်ရှိနေသည့်ကျောင်းဆေးခန်းထဲသို့ ဘုန်းလက်ရုံးကရေးကြီးသုတ်ပြာဖြင့် ၀င်လာသည်။ သူ့ပုံစံကြည့်ရသည်မှာ မောကြီးပန်းကြီးနိုင်လှ၏။

"လက်ရုံး ?"

ကျောင်းအုပ်ကြီးက သားဖြစ်သူကိုလှည့်ကြည့်လာသည်။ 

"ဆရာကြီး ၊ ဆရာသော်တာ"

ဘုန်းလက်ရုံးကဖခင်ကို ကျောင်းချိန်အတွင်း ကိုယ်ရေးကိုယ်တာပတ်သက်မှုနာမ်စားအား မခေါ်ပါ။ ကျောင်းအုပ်နှင့်ဆရာသော်တာဝေတို့ကို တစ်ချက်နှုတ်ဆက်၍ ခေါင်းညိတ်ပြလာကာ ခပ်ကြောင်ကြောင်ရပ်နေသည့် သျှင်မင်းဆီတန်းရောက်သွားပါသည်။

Our Story(Hiatus)Where stories live. Discover now