*𝚄𝚗𝚒𝚌𝚘𝚍𝚎*
"မမကျောင်းသွားတော့မို့လား..."
"ဟုတ်တယ်ယောင်းလေးရဲ့...ကျောင်းစစဖွင့်ရက်ဆိုတော့ စောစောသွားမှလေ..."
"ဟုတ်ကဲ့ ဂရုစိုက်သွားပါဗျ...."
"အို ငါတို့ယောင်းလေးက ချစ်စရာလေးကွာ...လာပါအုံး မမအာဘွားပေးပါရစေအုံး..."
၁၆နှစ်အရွယ်ကလေးငယ်ရဲ့ မျက်နှာလေးအားကိုင်ကာ ပါးပြည့်ပြည့်လေးနှစ်ဖက်အား အာဘွားပေးနေသည့် သူမသည် သူမမောင်လေးအား သိပ်ကိုချစ်ပါသည်....
"မမသွားတော့မယ်နော်....ကိုယ့်ကိုကိုယ်ဂရုစိုက်အုံးနော်ယောင်းလေး..."
"ဟုတ်ကဲ့ပါဗျ..."
မမသည်သူ့အား အပြုံးလေးတစ်ချက်ပေးကာ ကျောင်းသို့ထွက်သွားတော့သည်...တစ်ကယ်ဆိုမမနှင့်သူသည် တစ်ကျောင်းတည်းတက်ရမည်ဖြစ်သော်လဲ အရင်ကအပြင်းအထန် နေမကောင်းဖြစ်ထားသောသူ့အဖို့ ကျောင်း၃နှစ်နားလိုက်ရသည်မို့ သူမနဲ့အတန်းချင်းမှာ ကွာလှပေသည်....
သူနှင့်မမသည် အသက်အရွယ်မျှ ၃နှစ်ကွာခြားသည်....ယခုတွင် သူမသည်၁၉နှစ်ထဲ သူသည်၁၆နှစ်ထဲတွင်ရှိသည်....
မမသည် သူ့အားသိပ်ကိုမှချစ်ပါသည်...အလိုလဲလိုက်သလို လိုအပ်သည့် မေတ္တာလဲ အပြည့်အ၀ပေးသည်...အမေ့ဘက်ကအမွေရထားသည့် မမ၏မျက်နှာလှလှလေးကြောင့် ယောက်ျားပျိုများကြားတွင်လဲ နာမည်ကြီးသည်...
မမသည် အချစ်ရေးအားစိတ်မ၀င်စားပါ...သူမဘ၀တွင် အချိန်ပိုင်းအလုပ်ပေါင်းများစွာလုပ်ပြီး မိမိမောင်လေးအား ပျော်ရွှင်အောင်ထားရမည်ဆိုသည့် ရည်ရွယ်ချက်မှအပ တစ်ခြားအရာတွေ ခေါင်းထဲမထည့်ထားပါ...
တစ်နေ့အဲ့နေ့ကစပြီး မမရဲ့ဘ၀တွင် တစ်ခြားလူတစ်ယောက် ၀င်ရောက်လာခဲ့သည်...ကျောင်းတွင်ပညာရေးကို အားစိုက်လုပ်တတ်သော မမသည် ထိုလူရောက်လာသည့်အချိန်မှစ၍ အားစိုက်မှုလျော့ပါးလာခဲ့သည်....
အမြဲလိုလိုထိုလူ့အကြောင်းပြောရင် ပြုံးနေတတ်သည့် မမအားကြည့်ကာ သူသည်လဲ ပျော်ရွှင်ခဲ့ရသည်....မမသိပ်ကိုမြတ်နိုးလွန်းလှသည့်ထိုလူ့အား သူတွေ့ချင်ပါသည်...ထို့ကြောင့် ကျောင်းတစ်ရက်ပြေးကာ မမရှိရာကျောင်းတော်ကြီးစီသို့ တိတ်တိတ်လေးလိုက်လာခဲ့သည်....
YOU ARE READING
꧁🅒︎🅔︎🅞︎ ♡'・ᴗ・'♡ 🅙︎🅔︎🅞︎🅝︎꧂