ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(28)

4.6K 137 3
                                    

            ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                           အခန်း   (၂၈)

.

.

.

ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျအောင် ချုပ်ထားပါသော ကြိုးကြိီးချိတ် အဖြူရောင် ရင်ဖုံးဝတ်စုံလေးက... သမီးခန္ဓာကိုယ်ပေါ်မှာ ကွက်တိကျ၍ အချိုးအ စားကျနေသည်။

ခေတ်ဆန်ဆန်လေး ထုံးဖွဲ့ထားတဲ့ ဆံထုံးလေး၏
ဘေးတစ်ဖက် တစ််ချပ်မှာ ပန်ဆင်ထားပါသော
အလယ်ကမရမ်းစေ့ရောင်ဝတ်ဆံနှင့် သစ်ခွအဖြူအပွင့်ကြီးတွေက... မိတ်ကပ်ပါးပါးလေးကို
ရိုးရိုးရှင်းရှင်းလေး လိမ်းခြယ်ထားတဲ့... သမိီး ကို
တည်ငြိမ်အေးချမ်းတဲ့ အလှမျိုးကို ပေးစွမ်းနေသည်။

မြင်တာနဲ့ အရည်အသွေးကောင်းပြီး တန်းဖိုးကြီးမှန်း သိသာစေသည့် စိန်လက်ဝတ်တန်ဆာတွေကလည်း သမီး ကို ထည်ဝါမှုပေး၏။

ပုဝါအဖြူလေးကိုပါ ထပ်ခြုံလိုက်တော့...
သမီးသည် လိုချက်မရှိလေသော အလှပိုင်ရှင်မလေး ဖြစ်သွားလေတော့သည်။

ဒေါ်ဝေဝေ ပြင်ဆင်ပြီးသွားတဲ့ သမီးပုံစံလေး ကို
သေချာ ကြည့်ပြီးနောက်...

" မေမေ့သမီးလေး က သိပ်လှတာပဲကွယ် "

" တကယ်လား... မေမေ "

" တကယ်ပြောနေတာပေါ့ သမီးရဲ့... "

မိတ်ကပ်နှင့် ဆံပင်ပြင်ပြီး၊အဝတ်စားပါ လဲပြီးသွားတဲ့ ပန်ပန်သည် မှန်ရှေ့မှာ ကိုယ့်ပုံစံလေးကို
ခန္ဓာကိုယ် တစ်ပတ်လှည့်၍ ကြည့်လိုက်သည်။

မေမေ ပြောသလိုမျိုး ပန်ပန်သည် မှန်ထဲမှာ တကယ်ကို လှနေ၏။အလှပြင်ထားတဲ့ ပန်ပန့်ပုံစံလေးကို သဘောကျနေမိသည်။

" မေမေ ညီမလေး ပြင်လို့ ပြီးပြီလား။ အိမ်ရှေ့မှာ  ညီမေလး ကို လာခေါ်တဲ့ ကားရောက်နေပြီ "

" ဟင်! အစောကြီးပဲ။အခုမှ မနက်ငါးနာရီခွဲရှိသေးတာကိုး... "

အလှပြင်ဖို့ မိတ်ကပ်ဆရာကို မနက်လေးနာရီလောက်ကြီး အိမ်ကိုလွှတ်လိုက်လို့... ပန်ပန့်မှာ  အစောကြီး ထရ။အခုလည်း အလှပြင်တာ အစောကြီးပြီးလို့... ခုံမှာထိုင်ပြီး တမှေးလောက်လေး မှေးမယ်လို့ တွေးရုံရှိသေးတာကို လာခေါ်တဲ့ ကားက အစောကြီး ရောက်လာပြန်တာမို့... မျက်နှာလေးက စူပုတ်ပုတ်လေး ဖြစ်သွားရသည်။

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedWhere stories live. Discover now