Chapter - 8

20 3 0
                                    

(Unicode)

" ဒီကနေသွားရင် မြို့တော်ရဲ့ပင်မဈေးကြီးစီ ရောက်တယ်မလား။ အဲ့နေရာကအခုဘေးကင်းရဲ့လား။ "

ခမ်းရေနွေးတည်နေရင်း သူ့ဘေးနား၌ အသီးကင်နေပါသည့်သူအားကြည့်၍မေးလိုက်သည်။ ရိုလန်သည်ခေါင်းညိတ်ပြပြီး
" အင်း။ အန္တရာယ်အများဆုံးထဲ ပင်မဈေးလည်းပါတယ်။ အဲ့နေရာမှာ ကပ်ဘေးမဖြစ်ခင်က အသား၊ငါး ဈေးထဲ  အကောင်ရှင်တွေအများကြီးရှ်ိတာလေ။ နောက်တော့သန္ဓေပြောင်းပြီးအဲ့အကောင်တွေက ဈေးတစ်ခုလုံးနေရာယူလိုက်တော့တာပဲ။ ဉာဏ်ရည်မရှိလို့ အဲ့ကပစ္စည်းတွေမထိခိုက်ပေမယ့် သူတို့ကအကောင်ရေများတော့ ငါတို့တွေပစ္စည်းယူဖို့သွားတဲ့အချိန် အစပ်နားလေးတင်ပဲသွားလို့ရခဲ့တာ။ ကျန်တဲ့သွားတဲ့သူတွေတော့ ပြန်ထွက်မလာကြဘူး။ "

" ဒီနားမှာ အခြားသူတွေရှိသေးတာလား။ "

" ရှိတယ်။ အနီးနားကလူတွေထဲ သန္ဓေပြောင်းသွားတဲ့သူတွေကရှားတယ်။ အများစုက စွမ်းရည်နိုးထလာကြပြီး သူတို့နေရာထဲမှာပဲ များသောအားဖြင့်ပုန်းပြီး လေ့ကျင့်နေကြတာ။ ပုံမှန် အစားအသောက်ပြတ်လပ်ရင်တော့ အုပ်စုဖွဲ့ပြီး ထွက်ရှာကြတာပေါ့။ "

" ယာယီစခန်းတွေရှိတယ်ဆို... ဦးလေးတို့မြို့ထဲ ဘယ်နေရာတွေလိုက်ကြည့်ထားပြီးပြီလည်းဟင်။ ယာယီစခန်းတွေကရော အခြေအနေကောင်းတာလား။ "

ရိုလန် ထိုစေ့စေ့စပ်စပ်မေးနေပါသော ဆယ့်သုံးနှစ်အရွယ်ကောင်လေးအား တစ်ချက်ကြည့်လိုက်ကာ

" အဓိကနေရာတွေလိုက်ကြည့်ပြီးပြီ။ အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ရမယ့်နေရာတွေဆို ပင်မဈေးရယ် မြို့လယ်ကဘုရားကျောင်းရယ် နောက်ပြီး ကလေးကစားကွင်းနဲ့ အိုဗီဟန် အပန်းဖြေတောင်စခန်းပဲ။ မြို့ရဲ့အဓိကကျောင်းကတော့အစက အဲ့အကောင်တွေရှိပေမယ့် နောက်ကြ ကျောင်းသားတစ်စုက အချိန်ခုနှစ်ရက်လုံးလုံးသုံးပြီးအဲ့အကောင်တွေကို ရှင်းပစ်ကြတယ်လေ။ အဲ့ကနေ ကျောင်းထဲ အခြားလူတွေပါပူးပေါင်းပြီး စခန်းလိုဖြစ်သွားတာ။ ဒါပေမယ့်အတွင်းပိုင်း ပဍိပက္ခတွေရှိနေတာမို့ လူအသစ်တွေထပ်မပေါင်းကြဘူး။
စွမ်းရည်နိုးထထားတဲ့သူတွေထဲ ဒီမြို့မှာ လူလေးယောက်ပဲ သူတို့စွမ်းရည်ကိုကောင်းကောင်းအသုံးချနိုင်စွမ်းရှိသေးတယ်။ ကျန်တဲ့သူတွေက အသားမကျသေးဘူး။ အဲ့တာကြောင့် များသောအားဖြင့် စွမ်းရည်ကိုနည်းနည်းထိန်းချုပ်နိုင်ပြီး သန္ဓေပြောင်းကောင်တွေနဲ့ တိုက်ခိုက်နိုင်စွမ်းရှိတဲ့သူတွေကပဲ လိုအပ်တာတွေရှာဖို့အပြင်ထွက်ကြတာ။ ဒါကြောင့်မို့ မြို့ရဲ့ဈေးတွေမှာ ပစ္စည်းတွေအများကြီးရှိသေးတယ်။ ငါတို့ကတော့ လိုတဲ့အစားအသောက်နဲ့ တစ်ကိုယ်ရေသုံးတွေယူတာများတယ်။ မင်းတို့လိုတာရှိလည်းပြောလေ။ အပြင်သွားရင်တစ်ခါတည်းယူလာပေးမယ်။ "

ငါတို့ဂေါ်ဖီထုပ်လေးကို ခွေး‌ချေးလိုကံကြမ္မာရဲ့ရန်ကနေ ကာကွယ်ရမယ်(Ongoing)Where stories live. Discover now