"ချီးယား!!"
ဘာဖြစ်လို့ဒီဆိုင်မှဖြစ်ရသနည်း
ညဘက်အချိန်တွင်လမ်းဘေးများအရက်ဆိုင်အများအပြားရှိပါသည်ဘာလို့ဒီဆိုင်မှလဲ
တစ်ချိန်တုန်းကသူပထမဆုံးအရက်သောက်မယ်လို့ပူဆာခဲ့ချိန်တွင် မတားပါပဲနှင့်လိုက်ဖြည့်ဆည်းပေးသူနှင့်အတူဝယ်ချင်ရာတွေဝယ်ပြီးဝင်လာခဲ့ဖူးသည်
လက်အိတ်စွတ်ကာကြက်ခြေထောက်နီနီနှစ်ချောင်းကိုအဖြူရောင်ပန်းကန်ထဲထည့်ပေးချိန်တွင်အပြုံးမမည်သောနူးညံ့သည့်မျက်နှာထားနဲ့သာသူ့ကိုသာစိုက်ကြည့်နေခဲ့သောအပြာရောင်ဆံပင်နှင့်သူတစ်ဦးဖြစ်ပါလျက်နှင့် ဂုဏ်ပုဒ်ဆိုတဲ့နောက်ခံအင်အားခြားနားသွားသည်တိုင်အောင်ဆံပင်ပြာပြာတွေသည်အနက်ရောင်ပြောင်းလို့အေးတိအေးစက်မျက်နှာထားနှင့်ခုံသုံးခုံစီထားတဲ့ထိပ်ဆုံးခုံတွင်အစိမ်းရောင်ပုလင်းထဲကအရည်တွေကိုဖန်ခွက်သေးသေးထဲထည့်၍မော့မော့သောက်နေတာအကြိမ်ကြိမ်
"ဟိုဘက်ဆိုင်မှာဘာရှိသေးလဲသွားထပ်ကြည့်ရင်မကောင်းဘူးလား CEOအသစ်လေးကဒကာခံတာဆိုတော့လေ"
"အင်း ဟုတ်တာပေါ့ သွားကျမယ်လေ"
ကျန်တဲ့အဖွဲ့သားတွေကတော့ဆူညံနေကာနေရာကနေထလို့အငွေ့တထောင်စထောင်းထနေတဲ့အိုးတွေရှိတဲ့ဘေးချင်းကပ်လျက်ဆိုင်ဘက်သွားကြည့်ကျပေမဲ့တိတ်ဆိတ်နေတဲ့Hyunjinနဲ့Felixသာကျန်ခဲ့၏
Felix သူ့ရှေ့ကဖန်ခွက်ကိုကျော်၍ဆိုဂျူပုလင်းကိုလက်လှမ်းလိုက်တဲ့အခါထိုင်ခုံသုံးခုံလောက်ခြားနေပေမဲ့သူ့ဆီရောက်လာတဲ့အကြည့်တစ်ခုကိုခံစားမိပါ၏
"မသောက်နဲ့"
အနည်းငယ်ဝင်နေသောအယ်ကိုဟောအရှိန်နဲ့အတူHyunjin၏အသံသည်လေးလံလျက်
Felix သည်မကြားချင်ယောင်ဆောင်ပြီးအဖုံးဖွင့်ပြီးသောဆိုဂျူပုလင်းကိုသာဆွဲယူနေသည်"မသောက်နဲ့လို့ ငါပြောနေတယ်မလား!"
ခွမ်းကနဲအသံကြောင့်Felixအပါအဝင်ဆိုင်ထဲကသူများပါလန့်ဖြန့်ကုန်ချ၏
Hyunjin သည်Felixလက်ကမ်းထားတဲ့ပုလင်းကိုဆွဲယူ၍စားပွဲခုံနဲ့ရိုက်ချလိုက်ခြင်း